အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Oct-22 / 6:00 PM)

 3867

ဂျန်ဇက် (NP News) - အောက်တိုဘာ ၂၂

အစ္စရေးစစ်တပ်က ၎င်းတို့တင့်ကားတစ်စီးဟာ လက်ဘနွန်နိုင်ငံအတွင်းမှ တင့်ကားဖျက်ဒုံးကျည်နဲ့ ပစ်ခတ် တိုက်ခိုက်ခြင်းကိုခံခဲ့ရကြောင်း၊ ဒါပေမယ့် ထိခိုက်ပျက်စီးမှုနဲ့ အစ္စရေးစစ်သားများ သေဆုံးခြင်းမျိုးမရှိကြောင်း ပြောပါတယ်။
လက်ဘနွန်လက်နက်ကိုင်အဖွဲ့ ဟစ်ဘိုလာဟာဟားမက်စ် နဲ့ အစ္စရေးတို့စစ်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အစ္စရေးပိုင် နက်တွေကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အစ္စရေးနဲ့ အမေရိကန်တို့က ဟစ်ဘိုလာကို စစ်ပွဲထဲတိုက်ရိုက်မပါဖို့ သတိပေး ထားပါတယ်။

အစ္စရေးစစ်တပ်ဟာ ဟားမက်စ်လက်နက်ကိုင်အဖွဲ့နဲ့ဆက်နွယ်တဲ့ အနောက်ဘက်ကမ်းခြေရှိ ဂျနင်မြို့ ဗလီကို အောက်တိုဘာ ၂၂ ရက် နံနက်ပိုင်းက လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါဗလီ အတွင်းထဲမှာ ဟားမက်စ်အဖွဲ့အသုံးပြုနေတဲ့ မြေအောက်ဥမင်လိုဏ်ခေါင်းတွေရဲ့ ဝင်ပေါက်၊ ထွက်ပေါက်တွေရှိနေ ကြောင်း အစ္စရေးစစ်တပ်က ပြောပါတယ်။

ဂါဇာဒေသခံတွေကို နေရပ်စွန့်ခွာဖို့ အစ္စရေးနိုင်ငံက ဖိအားပေးနေတဲ့ကြိုးပမ်းမှုတွေကို လုံးဝလက်မခံနိုင်ကြောင်း ဆော်ဒီအာရေဗျနိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အစ္စရေးဟာ ဟားမက်စ်အဖွဲ့တွေကို မြေပြင်ထိုးစစ်ဆင်နွှဲဖို့ စီစဉ်နေတဲ့အတွက် ပါလက်စတိုင်းပြည်သူတွေကို ဂါဇာ ဒေသမြောက်ပိုင်းက တောင်ပိုင်းကိုပြောင်းရွှေ့ဖို့ သတိပေးချက်များ ထပ်မံထုတ်ပြန်ထားကြောင်း သိရပါတယ်။

ဆီးရီးယားနိုင်ငံပိုင်သတင်းဌာနက အစ္စရေးဟာ ဆီးရီးယားနိုင်ငံ အလက်ပိုမြို့ နဲ့ ဒမ္မစကက်မြို့တို့ရှိ လေဆိပ်တွေကို အောက်တိုဘာ ၂၁ ရက်က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားပါတယ်။ အစ္စရေးရဲ့လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် ဒမ္မစကက်မြို့မှာ အရပ်သားတွေသေဆုံးခဲ့ပြီး ဒဏ်ရာရတာမျိုးတွေလည်းရှိနေခဲ့ကြောင်း SANA သတင်းဌာနက ဖော်ပြထားပါတယ်။

ဟားမက်စ် နဲ့ အစ္စရေးကြားစစ်ပွဲစတင်ခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာပဲ အစ္စရေးဟာ ဆီးရီးယားအစိုးရ ထိန်းချုပ် ထားတဲ့မြို့တွေက လေဆိပ်တွေကို တိုက်ခိုက်ခဲ့ဖူးကြောင်း သိရပါတယ်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ပါလက်စတိုင်းလိုလားတဲ့ဆန္ဒပြပွဲများ အောက်တိုဘာ ၂၂ ရက်က စတင်လုပ် ဆောင်ခဲ့ပြီး ပါလက်စတိုင်းလွတ်မြောက်ရေးအတွက် ကြွေးကြော်ခဲ့ကြောင်း သိရပါတယ်။ ဆန္ဒပြသူတွေက အမေရိကန်နိုင်ငံအနေနဲ့ ဂါဇာဒေသမှာဖြစ်ပွားနေတဲ့ လူမျိုးသုန်းသတ်ဖြတ်နေခြင်းတွေကို ငွေကြေးထောက်ပံ့ ပေးနေတာတွေရပ်တန့်ရမှာဖြစ်ကြောင်း ဗီနိုင်းပိုစတာများ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြောင်း သိရပါတယ်။

Zawgyi Version;
အစၥေရး - ပါလက္စတိုင္း ေနာက္ဆုံးရသတင္း updated (Oct-22 / 6:00 PM)
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၂၂

အစၥေရးစစ္တပ္က ၎တို႔တင့္ကားတစ္စီးဟာ လက္ဘႏြန္ႏိုင္ငံအတြင္းမွ တင့္ကားဖ်က္ဒုံးက်ည္နဲ႔ ပစ္ခတ္ တိုက္ခိုက္ျခင္းကိုခံခဲ့ရေၾကာင္း၊ ဒါေပမယ့္ ထိခိုက္ပ်က္စီးမႈနဲ႔ အစၥေရးစစ္သားမ်ား ေသဆုံးျခင္းမ်ိဳးမရွိေၾကာင္း ေျပာပါတယ္။
လက္ဘႏြန္လက္နက္ကိုင္အဖြဲ႕ ဟစ္ဘိုလာဟာဟားမက္စ္ နဲ႔ အစၥေရးတို႔စစ္ပြဲျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း အစၥေရးပိုင္ နက္ေတြကို ပစ္ခတ္တိုက္ခိုက္ခဲ့ရာ အစၥေရးနဲ႔ အေမရိကန္တို႔က ဟစ္ဘိုလာကို စစ္ပြဲထဲတိုက္႐ိုက္မပါဖို႔ သတိေပး ထားပါတယ္။

အစၥေရးစစ္တပ္ဟာ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕နဲ႔ဆက္ႏြယ္တဲ့ အေနာက္ဘက္ကမ္းေျခရွိ ဂ်နင္ၿမိဳ႕ ဗလီကို ေအာက္တိုဘာ ၂၂ ရက္ နံနက္ပိုင္းက ေလေၾကာင္းက ဗုံးႀကဲတိုက္ခိုက္ခဲ့ေၾကာင္း သိရပါတယ္။ အဆိုပါဗလီ အတြင္းထဲမွာ ဟားမက္စ္အဖြဲ႕အသုံးျပဳေနတဲ့ ေျမေအာက္ဥမင္လိုဏ္ေခါင္းေတြရဲ႕ ဝင္ေပါက္၊ ထြက္ေပါက္ေတြရွိေန ေၾကာင္း အစၥေရးစစ္တပ္က ေျပာပါတယ္။

ဂါဇာေဒသခံေတြကို ေနရပ္စြန႔္ခြာဖို႔ အစၥေရးႏိုင္ငံက ဖိအားေပးေနတဲ့ႀကိဳးပမ္းမႈေတြကို လုံးဝလက္မခံႏိုင္ေၾကာင္း ေဆာ္ဒီအာေရဗ်ႏိုင္ငံျခားေရးဝန္ႀကီးက ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

အစၥေရးဟာ ဟားမက္စ္အဖြဲ႕ေတြကို ေျမျပင္ထိုးစစ္ဆင္ႏႊဲဖို႔ စီစဥ္ေနတဲ့အတြက္ ပါလက္စတိုင္းျပည္သူေတြကို ဂါဇာ ေဒသေျမာက္ပိုင္းက ေတာင္ပိုင္းကိုေျပာင္းေ႐ႊ႕ဖို႔ သတိေပးခ်က္မ်ား ထပ္မံထုတ္ျပန္ထားေၾကာင္း သိရပါတယ္။

ဆီးရီးယားႏိုင္ငံပိုင္သတင္းဌာနက အစၥေရးဟာ ဆီးရီးယားႏိုင္ငံ အလက္ပိုၿမိဳ႕ နဲ႔ ဒမၼစကက္ၿမိဳ႕တို႔ရွိ ေလဆိပ္ေတြကို ေအာက္တိုဘာ ၂၁ ရက္က ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း ေဖာ္ျပထားပါတယ္။ အစၥေရးရဲ႕ေလေၾကာင္းကေန တိုက္ခိုက္မႈေၾကာင့္ ဒမၼစကက္ၿမိဳ႕မွာ အရပ္သားေတြေသဆုံးခဲ့ၿပီး ဒဏ္ရာရတာမ်ိဳးေတြလည္းရွိေနခဲ့ေၾကာင္း SANA သတင္းဌာနက ေဖာ္ျပထားပါတယ္။

ဟားမက္စ္ နဲ႔ အစၥေရးၾကားစစ္ပြဲစတင္ခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာပဲ အစၥေရးဟာ ဆီးရီးယားအစိုးရ ထိန္းခ်ဳပ္ ထားတဲ့ၿမိဳ႕ေတြက ေလဆိပ္ေတြကို တိုက္ခိုက္ခဲ့ဖူးေၾကာင္း သိရပါတယ္။

မေလးရွားႏိုင္ငံ ကြာလာလမ္ပူၿမိဳ႕မွာ ပါလက္စတိုင္းလိုလားတဲ့ဆႏၵျပပြဲမ်ား ေအာက္တိုဘာ ၂၂ ရက္က စတင္လုပ္ ေဆာင္ခဲ့ၿပီး ပါလက္စတိုင္းလြတ္ေျမာက္ေရးအတြက္ ေႂကြးေၾကာ္ခဲ့ေၾကာင္း သိရပါတယ္။ ဆႏၵျပသူေတြက အေမရိကန္ႏိုင္ငံအေနနဲ႔ ဂါဇာေဒသမွာျဖစ္ပြားေနတဲ့ လူမ်ိဳးသုန္းသတ္ျဖတ္ေနျခင္းေတြကို ေငြေၾကးေထာက္ပံ့ ေပးေနတာေတြရပ္တန႔္ရမွာျဖစ္ေၾကာင္း ဗီႏိုင္းပိုစတာမ်ား ကိုင္ေဆာင္ကာ ဆႏၵျပခဲ့ေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.