ရန်ကုန်-မန္တလေးအမြန်လမ်းပေါ် မောင်းနှင်ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်များတွင် Telematics စနစ် တပ်ဆင်အသုံးပြုရန် ပြင်ဆင်နေ

 11226

မျိုးကြီး (NP News) - အောက်တိုဘာ ၂၃

ရန်ကုန်-မန္တလေးအမြန်လမ်းပေါ် မောင်းနှင်ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်များတွင် Telematics စနစ် တပ်ဆင်အသုံးပြုရန် ပြင်ဆင်နေကြောင်း သတင်းရရှိသည်။

လက်ရှိတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့က Telematics စနစ်နှင့်ပတ်သက်၍ အိတ်ဖွင့်တင်ဒါခေါ်ယူလျက်ရှိသည်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် သွားလာလျက်ရှိသော ခရီးသည်တင်မော်တော်ယာဉ်များ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အမြန်လမ်းမကြီးတစ်လျှောက် မော်တော်ယာဉ်များသွားလာနေမှုကို Command Centre မှ ထိန်းချုပ်သည့် Telematics စနစ်ကို အသုံးပြုသွားမည်ဖြစ်ကြောင်း လမ်းဦးစီးဌာနက အသိပေးထားသည်။

ထို့ကြောင့် Telematics စနစ်ကိုအသုံးပြုသွားမည်ဖြစ်သည့်အတွက် စိတ်ပါဝင်စားသည့် မြန်မာနိုင်ငံသားတိုင်းရင်းသားလုပ်ငန်းရှင်ပုဂ္ဂလိကကုမ္ပဏီများအား တင်ဒါတင်သွင်းရန် ဖိတ်ခေါ်ထားသည်။

အိတ်ဖွင့်တင်ဒါတင်သွင်းမည့်ကုမ္ပဏီများအနေဖြင့် နေပြည်တော်၊ အမြန်လမ်းမကြီးထိန်း သိမ်းပြုပြင်ရေး နှင့် ကြီးကြပ်ရေးအဖွဲ့သို့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၆ ရက် နောက်ဆုံးထားကာ တင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။

“ယာဉ်တိုက်မှုတွေ ဖြစ်တာများတယ်ပေါ့နော်။ အဲဒီတော့ ကားတွေကို အရှိန်သတ်မှတ်ပြီးတော့ telematics စနစ်ကို ကျင့်သုံးဖို့ ပြင်ဆင်တာပါ။ ကျွန်တော်တို့ကတော့ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်မှာ ခရီးသွား Express ကားတွေရှိတယ်လေ။ သူတို့က အမြန် လမ်းပေါ် တက်မယ်ဆိုရင် telematics စနစ်ပါမှ တက်ခွင့်ပေးမှာပေါ့။ နောက်ပိုင်း အဲဒီလိုဖြစ်လာမှာပေါ့”ဟု လမ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

အမြန်လမ်းပေါ်တွင် ပြေးဆွဲနေသည့် ခရီးသည်တင်ကားများအား Telematics စနစ် တပ်ဆင်အသုံးပြုရန် နစကမှလည်း ခွင့်ပြုပေးထားကြောင်း သိရသည်။

ယခု ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ အမြန်လမ်းပေါ်၌ ယာဉ်တိုက်မှုပေါင်း (၁၂၆)မှုဖြစ်ပွားခဲ့ရာ (၇၀)ဦး ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။

zawgyi version
ရန္ကုန္-မႏၲေလးအျမန္လမ္းေပၚ ေမာင္းႏွင္ေျပးဆြဲေနသည့္ ခရီးသည္တင္ယာဥ္မ်ားကို Telematics စနစ္ တပ္ဆင္အသုံးျပဳရန္ ျပင္ဆင္ေန
မ်ိဳးႀကီး (NP News) - ေအာက္တိုဘာ ၂၃

ရန္ကုန္-မႏၲေလးအျမန္လမ္းေပၚ ေမာင္းႏွင္ေျပးဆြဲေနသည့္ ခရီးသည္တင္ယာဥ္မ်ားကို Telematics စနစ္ တပ္ဆင္အသုံးျပဳရန္ ျပင္ဆင္ေနေၾကာင္း သတင္းရရွိသည္။

လက္ရွိတြင္ ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ လမ္းဦးစီးဌာန၊ အျမန္လမ္းမႀကီးထိန္းသိမ္းျပဳျပင္ေရးႏွင့္ ႀကီးၾကပ္ေရးအဖြဲ႕က Telematics စနစ္ႏွင့္ပတ္သက္၍ အိတ္ဖြင့္တင္ဒါေခၚယူလ်က္ရွိသည္။

ရန္ကုန္-မႏၲေလးအျမန္လမ္းမႀကီးတြင္ သြားလာလ်က္ရွိေသာ ခရီးသည္တင္ေမာ္ေတာ္ယာဥ္မ်ား ေဘးအႏၲရာယ္ကင္းရွင္းေစေရးအတြက္ အျမန္လမ္းမႀကီးတစ္ေလွ်ာက္ ေမာ္ေတာ္ ယာဥ္မ်ားသြားလာေနမႈကို Command Centre မွ ထိန္းခ်ဳပ္သည့္ Telematics စနစ္ကို အသုံးျပဳသြားမည္ျဖစ္ေၾကာင္း လမ္းဦးစီးဌာနက အသိေပးထားသည္။

ထို႔ေၾကာင့္ Telematics စနစ္ကိုအသုံးျပဳသြားမည္ျဖစ္သည့္အတြက္ စိတ္ပါဝင္စားသည့္ ျမန္မာႏိုင္ငံသားတိုင္းရင္းသားလုပ္ငန္းရွင္ပုဂၢလိကကုမၸဏီမ်ားအား တင္ဒါတင္သြင္းရန္ ဖိတ္ေခၚထားသည္။

အိတ္ဖြင့္တင္ဒါတင္သြင္းမည့္ကုမၸဏီမ်ားအေနျဖင့္ ေနျပည္ေတာ္၊ အျမန္လမ္းမႀကီးထိန္း သိမ္းျပဳျပင္ေရး ႏွင့္ ႀကီးၾကပ္ေရးအဖြဲ႕သို႔ ၂၀၂၃ ခုႏွစ္ ႏိုဝင္ဘာလ ၆ ရက္ ေနာက္ဆုံးထားကာ တင္သြင္းရမည္ျဖစ္ေၾကာင္း သိရသည္။

“ယာဥ္တိုက္မႈေတြ ျဖစ္တာမ်ားတယ္ေပါ့ေနာ္။ အဲဒီေတာ့ ကားေတြကို အရွိန္သတ္မွတ္ၿပီးေတာ့ telematics စနစ္ကို က်င့္သုံးဖို႔ ျပင္ဆင္တာပါ။ ကြၽန္ေတာ္တို႔ကေတာ့ ရန္ကုန္-မႏၲေလးအျမန္လမ္းမႀကီးေပၚမွာ ခရီးသြား Express ကားေတြရွိတယ္ေလ။ သူတို႔က အျမန္ လမ္းေပၚ တက္မယ္ဆိုရင္ telematics စနစ္ပါမွ တက္ခြင့္ေပးမွာေပါ့။ ေနာက္ပိုင္း အဲဒီလိုျဖစ္လာမွာေပါ့”ဟု လမ္းဦးစီးဌာနမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

အျမန္လမ္းေပၚတြင္ ေျပးဆြဲေနသည့္ ခရီးသည္တင္ကားမ်ားအား Telematics စနစ္ တပ္ဆင္အသုံးျပဳရန္ နစကမွလည္း ခြင့္ျပဳေပးထားေၾကာင္း သိရသည္။

ယခု ၂၀၂၃ ခုႏွစ္ ဇန္နဝါရီလမွ စက္တင္ဘာလအထိ အျမန္လမ္းေပၚ၌ ယာဥ္တိုက္မႈေပါင္း (၁၂၆)မႈျဖစ္ပြားခဲ့ရာ (၇၀)ဦး ထိခိုက္ေသဆုံးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.