ဟိုပုံးမြို့၌ ဘုရားဖူးကားတစ်စီး တိမ်းမှောက်ခဲ့ရာ လူ (၂၅)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိ

 1668

စော (NP News) - အောက်တိုဘာ ၂၉

ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်တွင် ဘုရားဖူးကားတစ်စီး တိမ်းမှောက်ခဲ့ရာ လူ (၂၅)ဦး ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (အောက်တိုဘာ ၂၈ ရက်)၊ မွန်းလွဲ (၁၁)နာရီ ၃ဝ မိနစ်ဝန်းကျင်အချိန်တွင် ဟိုပုံးမြို့နယ်၊ တောင်ကြီး- ဟိုပုံးလမ်း၊ ဂျမ်းတုံးကွေ့၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံကြက်ခြေနီအသင်းထံမှ သိရသည်။

အဆိုပါဘုရားဖူးယာဉ်သည် မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ စက်ချုပ်ရွာမှ ဟိုပုံးမြို့နယ်၊ ထမ်းစမ်းဂူသို့ မောင်းနှင် လာစဉ် မျက်နှာချင်းဆိုင်မှ အရှိန်ပြင်းစွာ မောင်းနှင်လာသော ယာဉ်တစ်စီးအား ရှောင်တိမ်းခဲ့ရာမှ တိမ်းမှောက်သွား ကြောင်း သိရသည်။

ထို့သို့တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်ပါ လူ (၂၅)ဦးအနက် အမျိုးသမီး (၁၅)ဦးမှာ ထိခိုက်ဒဏ်ရာများစွာ ရရှိခဲ့ပြီး ကျန်လူ (၁ဝ)ဦးမှာ ထိခိုက်ဒဏ်ရာအနည်းငယ်သာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူများကို ဟိုပုံးပြည်သူဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ၎င်းတို့အနက် လူ (၄)ဦးအား တောင်ကြီး ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းပို့ဆောင်ခဲ့ကြောင်း သိရသည်။

Zawgyi Version;
ဟိုပုံးၿမိဳ႕၌ ဘုရားဖူးကားတစ္စီး တိမ္းေမွာက္ခဲ့ရာ လူ (၂၅)ဦးထက္မနည္း ထိခိုက္ဒဏ္ရာရရွိ
ေစာ (NP News) - ေအာက္တိုဘာ ၂၉

ရွမ္းျပည္နယ္၊ ဟိုပုံးၿမိဳ႕နယ္တြင္ ဘုရားဖူးကားတစ္စီး တိမ္းေမွာက္ခဲ့ရာ လူ (၂၅)ဦး ထက္မနည္း ထိခိုက္ဒဏ္ရာ ရရွိခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔ (ေအာက္တိုဘာ ၂၈ ရက္)၊ မြန္းလြဲ (၁၁)နာရီ ၃ဝ မိနစ္ဝန္းက်င္အခ်ိန္တြင္ ဟိုပုံးၿမိဳ႕နယ္၊ ေတာင္ႀကီး- ဟိုပုံးလမ္း၊ ဂ်မ္းတုံးေကြ႕၌ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ေဒသခံၾကက္ေျခနီအသင္းထံမွ သိရသည္။

အဆိုပါဘုရားဖူးယာဥ္သည္ မေကြးတိုင္း၊ နတ္ေမာက္ၿမိဳ႕နယ္၊ စက္ခ်ဳပ္႐ြာမွ ဟိုပုံးၿမိဳ႕နယ္၊ ထမ္းစမ္းဂူသို႔ ေမာင္းႏွင္ လာစဥ္ မ်က္ႏွာခ်င္းဆိုင္မွ အရွိန္ျပင္းစြာ ေမာင္းႏွင္လာေသာ ယာဥ္တစ္စီးအား ေရွာင္တိမ္းခဲ့ရာမွ တိမ္းေမွာက္သြား ေၾကာင္း သိရသည္။

ထို႔သို႔တိမ္းေမွာက္ခဲ့ရာ ယာဥ္ေပၚပါ လူ (၂၅)ဦးအနက္ အမ်ိဳးသမီး (၁၅)ဦးမွာ ထိခိုက္ဒဏ္ရာမ်ားစြာ ရရွိခဲ့ၿပီး က်န္လူ (၁ဝ)ဦးမွာ ထိခိုက္ဒဏ္ရာအနည္းငယ္သာရရွိခဲ့ေၾကာင္း သိရသည္။

အဆိုပါ ထိခိုက္ဒဏ္ရာရရွိသူမ်ားကို ဟိုပုံးျပည္သူေဆး႐ုံသို႔ပို႔ေဆာင္ခဲ့ၿပီး ၎တို႔အနက္ လူ (၄)ဦးအား ေတာင္ႀကီး ျပည္သူ႔ေဆး႐ုံသို႔ လႊဲေျပာင္းပို႔ေဆာင္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.