ယမန်နေ့က ကျိုးကျသွားခဲ့သော ဦးပိန်တံတား ပြန်လည်ပြုပြင်မှုပြီးစီး၍ လည်ပတ်သူများပြား

 3307

NP News - အောက်တိုဘာ ၃၀

ယမန်နေ့ (အောက်တိုဘာလ ၂၉ ရက်) တနင်္ဂနွေနေ့က ကျိုးကျခဲ့သော ဦးပိန်တံတားအား အောက်တိုဘာလ ၃၀ ရက်၊ မွန်းလွဲပိုင်း၌ ပြန်လည်ပြင်ဆင်ပြီးစီးပြီဖြစ်ကြောင်း မန္တလေးမြို့ခံများမှတဆင့် သိရသည်။

အောက်တိုဘာလ ၂၉ ရက်၊ တနင်္ဂနွေနေ့၊ သီတင်းကျွတ်လပြည့်နေ့၌ အပန်းဖြေလာရောက်သူ များပြားခဲ့ရာမှတဆင့် နေ့လည် ၂ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ တောင်သမန်ကျေးရွာရှိ ဦးပိန်တံတားသည် အလေးချိန်မခံနိုင်ခြင်းကြောင့် အကန့်နှစ်ခုစာ ကျိုးကျသွားခြင်းဖြစ်သည်။

တံတားကျိုးကျချိန်၌ လာရောက်လည်ပတ်သော ခရီးသွားများအနက် အမျိုးသား ၁၅ ဦး၊ အမျိုးသမီး ၈ ဦး၊ စုစုပေါင်း ၂၃ ဦး ရေထဲပြုတ်ကျခဲ့သော်လည်း မစိုးရိမ်ရသော ပွန်းပဲ့ဒဏ်ရာများသာ ရရှိခဲ့ကြောင်း သိရသည်။

တောင်သမန်ကျေးရွာဘက်မှ ပေ ၅၀၀ ကျော်ခန့် အကွာအဝေးရှိ သုံးခုမြောက်ဇရပ်၏ အရှေ့ဘက်မှ တိုင်အမှတ် ၃၃၉/၃၄၀ ရှိ ကြမ်းခင်းတံတား အောက်ခံဆင့်တန်းသည် ၁၅ ပေခန့် ကျိုးကျပျက်စီးမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တံတားကို ပြန်လည်ပြင်ဆင်မှုပြီးစီးချိန်တွင် အပန်းဖြေလာရောက်လည်ပတ်ကြသူများဖြင့် ချက်ချင်းပြန်လည်စည်ကားနေကြောင်း သိရသည်။

ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးနှင့် ဘေးကင်းလုံခြုံစိတ်ချရမှု တိကျသေချာရန်အတွက် ဦးပိန်တံတားကို ပြင်ဆင်မှုပြီးပြီးချင်း အလည်အပတ်ခရီးသွားများကို ပြန်လည်လာရောက်လည်ပတ်ခွင့်မပြုသင့်ကြောင်း လူမှုကွန်ရက်မှ ဝေဖန်ရေးသားမှုများရှိနေသည်။

zawgyi version
ယမန္ေန႔က က်ိဳးက်သြားခဲ့ေသာ ဦးပိန္တံတား ျပန္လည္ျပဳျပင္မႈၿပီးစီး၍ လည္ပတ္သူမ်ားျပား
NP News - ေအာက္တိုဘာ ၃၀

ယမန္ေန႔ (ေအာက္တိုဘာလ ၂၉ ရက္) တနဂၤေႏြေန႔က က်ိဳးက်ခဲ့ေသာ ဦးပိန္တံတားအား ေအာက္တိုဘာလ ၃၀ ရက္၊ မြန္းလြဲပိုင္း၌ ျပန္လည္ျပင္ဆင္ၿပီးစီးၿပီျဖစ္ေၾကာင္း မႏၲေလးၿမိဳ႕ခံမ်ားမွတဆင့္ သိရသည္။

ေအာက္တိုဘာလ ၂၉ ရက္၊ တနဂၤေႏြေန႔၊ သီတင္းကြၽတ္လျပည့္ေန႔၌ အပန္းေျဖလာေရာက္သူ မ်ားျပားခဲ့ရာမွတဆင့္ ေန႔လည္ ၂ နာရီ ၄၅ မိနစ္အခ်ိန္ခန႔္တြင္ မႏၲေလးတိုင္းေဒသႀကီး၊ အမရပူရၿမိဳ႕နယ္၊ ေတာင္သမန္ေက်း႐ြာရွိ ဦးပိန္တံတားသည္ အေလးခ်ိန္မခံႏိုင္ျခင္းေၾကာင့္ အကန႔္ႏွစ္ခုစာ က်ိဳးက်သြားျခင္းျဖစ္သည္။

တံတားက်ိဳးက်ခ်ိန္၌ လာေရာက္လည္ပတ္ေသာ ခရီးသြားမ်ားအနက္ အမ်ိဳးသား ၁၅ ဦး၊ အမ်ိဳးသမီး ၈ ဦး၊ စုစုေပါင္း ၂၃ ဦး ေရထဲျပဳတ္က်ခဲ့ေသာ္လည္း မစိုးရိမ္ရေသာ ပြန္းပဲ့ဒဏ္ရာမ်ားသာ ရရွိခဲ့ေၾကာင္း သိရသည္။

ေတာင္သမန္ေက်း႐ြာဘက္မွ ေပ ၅၀၀ ေက်ာ္ခန႔္ အကြာအေဝးရွိ သုံးခုေျမာက္ဇရပ္၏ အေရွ႕ဘက္မွ တိုင္အမွတ္ ၃၃၉/၃၄၀ ရွိ ၾကမ္းခင္းတံတား ေအာက္ခံဆင့္တန္းသည္ ၁၅ ေပခန႔္ က်ိဳးက်ပ်က္စီးမႈ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

တံတားကို ျပန္လည္ျပင္ဆင္မႈၿပီးစီးခ်ိန္တြင္ အပန္းေျဖလာေရာက္လည္ပတ္ၾကသူမ်ားျဖင့္ ခ်က္ခ်င္းျပန္လည္စည္ကားေနေၾကာင္း သိရသည္။

ယဥ္ေက်းမႈအေမြအႏွစ္ ထိန္းသိမ္းေရးႏွင့္ ေဘးကင္းလုံၿခဳံစိတ္ခ်ရမႈ တိက်ေသခ်ာရန္အတြက္ ဦးပိန္တံတားကို ျပင္ဆင္မႈၿပီးၿပီးခ်င္း အလည္အပတ္ခရီးသြားမ်ားကို ျပန္လည္လာေရာက္လည္ပတ္ခြင့္မျပဳသင့္ေၾကာင္း လူမႈကြန္ရက္မွ ေဝဖန္ေရးသားမႈမ်ားရွိေနသည္။

Related news

© 2021. All rights reserved.