လူမှုဖူလုံရေးဆေးခန်းများတွင် လက်ထောက်ဆရာဝန်ရာထူး (၃၀)ကျော် လိုအပ်နေကြောင်း အလုပ်သမားဝန်ကြီးဌာနထုတ်ပြန်

796
စော (NP News) - နိုဝင်ဘာ ၁
အလုပ်သမားဝန်ကြီးဌာနအနေဖြင့် လူမှုဖူလုံရေးဆေးခန်းများအတွက် လက်ထောက်ဆရာဝန်ရာထူး (၃၀)ကျော်ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့က ယနေ့(နိုဝင်ဘာလ ၁ ရက်)တွင် အထက်ပါကဲ့သို့ထုတ်ပြန်ထားခြင်းဖြစ်သည်။
လူမှုဖူလုံရေးအဖွဲ့လက်အောက်ရှိ တိုင်း/ပြည်နယ်များတွင် တာဝန်ထမ်းဆောင်ရန် လက်ထောက်ဆရာဝန် (M.B.,B.S) (၃၄) နေရာကို ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
လက်ထောက်ဆရာဝန် (၃၄)နေရာ အနက် ရန်ကုန်တိုင်းတွင် (၁)နေရာ အပါအဝင် မန္တလေး တိုင်းတွင် (၂)နေရာ၊ မကွေးတိုင်းတွင် (၂)နေရာ နှင့် ဧရာဝတီတိုင်းတွင် (၈)နေရာတို့ ခေါ်ယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
ထို့ပြင် ပဲခူးတိုင်းတွင် (၆)နေရာ၊ စစ်ကိုင်းတိုင်းတွင် (၆)နေရာ၊ ရှမ်းပြည်နယ်တွင် (၄)နေရာ၊ မွန်ပြည်နယ်တွင် (၃)နေရာ ၊ ကရင်ပြည်နယ်တွင် (၁)နေရာနှင့် ကယားပြည်နယ်တွင် (၁)နေရာတို့ကို ထပ်မံခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
လျှောက်ထားသူများသည် မြန်မာနိုင်ငံဆေးကောင်စီမှ အသိအမှတ်ပြုခြင်းခံထားရသည့် သက်တမ်းမကုန်သေးသော ဆေးကုသခွင့် လိုင်စင်ရှိသူဖြစ်ရမည်ဖြစ်ပြီး လက်ရှိတာဝန်ထမ်းဆောင်နေဆဲ နိုင်ငံ့ဝန်ထမ်းများကို လျှောက်ထားခွင့်မပြုကြောင်းသိရသည်။
လျှောက်လွှာများကို နေပြည်တော်၊ ဆေးဌာန၊ လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်)၊အလုပ်သမားဝန်ကြီးဌာနအပြင် ရန်ကုန်တိုင်း၊ အလုပ်သမားဆေးရုံကြီး (ထန်းထပင်၊ ရန်ကုန်)နှင့် မန္တလေးတိုင်း၊ အလုပ်သမားဆေးရုံကြီး (မန္တလေး)တို့တွင် အခမဲ့လျှောက်ထားနိုင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် ချင်းပြည်နယ်အတွက်ကို စစ်ကိုင်းတိုင်း၊ လူမှုဖူလုံရေးရုံးတွင် အခမဲ့လျှောက်ထားနိုင်ကြောင်း သိရသည်။

zawgyi version
လူမႈဖူလုံေရးေဆးခန္းမ်ားတြင္ လက္ေထာက္ဆရာဝန္ရာထူး (၃၀)ေက်ာ္ လိုအပ္ေနေၾကာင္း အလုပ္သမားဝန္ႀကီးဌာနထုတ္ျပန္
ေစာ (NP News) - ႏိုဝင္ဘာ ၁
အလုပ္သမားဝန္ႀကီးဌာနအေနျဖင့္ လူမႈဖူလုံေရးေဆးခန္းမ်ားအတြက္ လက္ေထာက္ဆရာဝန္ရာထူး (၃၀)ေက်ာ္ေခၚယူသြားမည္ျဖစ္ေၾကာင္း သိရသည္။
အလုပ္သမားဝန္ႀကီးဌာန၊ လူမႈဖူလုံေရးအဖြဲ႕က ယေန႔(ႏိုဝင္ဘာလ ၁ ရက္)တြင္ အထက္ပါကဲ့သို႔ထုတ္ျပန္ထားျခင္းျဖစ္သည္။
လူမႈဖူလုံေရးအဖြဲ႕လက္ေအာက္ရွိ တိုင္း/ျပည္နယ္မ်ားတြင္ တာဝန္ထမ္းေဆာင္ရန္ လက္ေထာက္ဆရာဝန္ (M.B.,B.S) (၃၄) ေနရာကို ေခၚယူသြားမည္ျဖစ္ေၾကာင္း သိရသည္။
လက္ေထာက္ဆရာဝန္ (၃၄)ေနရာ အနက္ ရန္ကုန္တိုင္းတြင္ (၁)ေနရာ အပါအဝင္ မႏၲေလး တိုင္းတြင္ (၂)ေနရာ၊ မေကြးတိုင္းတြင္ (၂)ေနရာ ႏွင့္ ဧရာဝတီတိုင္းတြင္ (၈)ေနရာတို႔ ေခၚယူသြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရသိရသည္။
ထို႔ျပင္ ပဲခူးတိုင္းတြင္ (၆)ေနရာ၊ စစ္ကိုင္းတိုင္းတြင္ (၆)ေနရာ၊ ရွမ္းျပည္နယ္တြင္ (၄)ေနရာ၊ မြန္ျပည္နယ္တြင္ (၃)ေနရာ ၊ ကရင္ျပည္နယ္တြင္ (၁)ေနရာႏွင့္ ကယားျပည္နယ္တြင္ (၁)ေနရာတို႔ကို ထပ္မံေခၚယူသြားမည္ျဖစ္ေၾကာင္း သိရသည္။
ေလွ်ာက္ထားသူမ်ားသည္ ျမန္မာႏိုင္ငံေဆးေကာင္စီမွ အသိအမွတ္ျပဳျခင္းခံထားရသည့္ သက္တမ္းမကုန္ေသးေသာ ေဆးကုသခြင့္ လိုင္စင္ရွိသူျဖစ္ရမည္ျဖစ္ၿပီး လက္ရွိတာဝန္ထမ္းေဆာင္ေနဆဲ ႏိုင္ငံ့ဝန္ထမ္းမ်ားကို ေလွ်ာက္ထားခြင့္မျပဳေၾကာင္းသိရသည္။
ေလွ်ာက္လႊာမ်ားကို ေနျပည္ေတာ္၊ ေဆးဌာန၊ လူမႈဖူလုံေရးအဖြဲ႕(႐ုံးခ်ဳပ္)၊အလုပ္သမားဝန္ႀကီးဌာနအျပင္ ရန္ကုန္တိုင္း၊ အလုပ္သမားေဆး႐ုံႀကီး (ထန္းထပင္၊ ရန္ကုန္)ႏွင့္ မႏၲေလးတိုင္း၊ အလုပ္သမားေဆး႐ုံႀကီး (မႏၲေလး)တို႔တြင္ အခမဲ့ေလွ်ာက္ထားႏိုင္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ထို႔ျပင္ ခ်င္းျပည္နယ္အတြက္ကို စစ္ကိုင္းတိုင္း၊ လူမႈဖူလုံေရး႐ုံးတြင္ အခမဲ့ေလွ်ာက္ထားႏိုင္ေၾကာင္း သိရသည္။