အုတ်ဖိုမြို့နယ်၌ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်သတ်ကာ ဆိုင်ကယ် နှင့် ဖုန်းလုယက်ယူဆောင်

 892

NP News - နိုဝင်ဘာ ၁

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်သတ်ကာ ဆိုင်ကယ်တစ်စီးနှင့် ဖုန်းတစ်လုံးကို လုယက်ယူဆောင်သွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သော အောက်တိုဘာလ ၂၉ ရက်၊ နံနက် ၁၀နာရီ ၅၀မိနစ်အချိန်တွင် အုတ်ဖိုမြို့နယ်၊ ချောင်းဂွ(ကေ)ကျေးရွာ နှင့် ကျွဲတဲကုန်းကျေးရွာကြား ရွာချင်းဆက်လမ်းပေါ်တွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

သရက်နှစ်ဖျားလိန်ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးမြင့်ကျော်(၅၈)နှစ်သည် ဇနီးဖြစ်သူ ဒေါ်ခင်စန်းဝင်း(၅၇)နှစ်နှင့်အတူ နေအိမ်မှ ကျောက်ပုံကျေးရွာရှိ ဘုန်းကြီးကျောင်းသို့ ဆိုင်ကယ်ဖြင့် ထွက်ခွါလာစဉ် အထက်ပါနေရာအရောက်၌ PDF တပ်ဖွဲ့ဝင်(၅)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။

ထို့ပြင် ၎င်းတို့လင်မယား(၂)ဦးစီးလာသည့် Honda Dream 125 ဆိုင်ကယ်နှင့် ဖုန်းတစ်လုံးတို့အား PDF အဖွဲ့မှ လုယက်ယူဆောင်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ထိုသို့ သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ဦးမြင့်ကျော်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

အလားတူ အောက်တိုဘာလ ၃၀ ရက်၊ နံနက် ၉နာရီအချိန်တွင် မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ထန်းတပင်ကျေးရွာတွင် အမျိုးသား(၂)ဦး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရကြောင်း ရဲတပ်ဖွဲ့က ဆက်လက်ထုတ်ပြန်ထားသည်။

အဆိုပါကျေးရွာတွင်နေထိုင်သည့် ဦးဌေးအောင်(၇၀)နှစ် နှင့် ဦးတိုးမြင့်(၄၇)နှစ်တို့သည် ၎င်းတို့နေအိမ်အသီးသီး၌ရှိနေစဉ် PDF အဖွဲ့ဝင်(၆)ဦးက ဆိုင်ကယ်(၃)စီးဖြင့် ရောက်ရှိလာကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။

ထိုသို့ သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ဦးဌေးအောင် နှင့် ဦးတိုးမြင့်တို့(၂)ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

အထက်ပါလုပ်ကြံသတ်ဖြတ်မှုများတွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ် ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

zawgyi version
အုတ္ဖိုၿမိဳ႕နယ္၌ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးတစ္ဦးကို PDF အဖြဲ႕က ေသနတ္ျဖင့္ ပစ္သတ္ကာ ဆိုင္ကယ္ ႏွင့္ ဖုန္းလုယက္ယူေဆာင္
NP News - ႏိုဝင္ဘာ ၁

ပဲခူးတိုင္း၊ အုတ္ဖိုၿမိဳ႕နယ္တြင္ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးတစ္ဦးကို PDF အဖြဲ႕က ေသနတ္ျဖင့္ ပစ္သတ္ကာ ဆိုင္ကယ္တစ္စီးႏွင့္ ဖုန္းတစ္လုံးကို လုယက္ယူေဆာင္သြားခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ၿပီးခဲ့ေသာ ေအာက္တိုဘာလ ၂၉ ရက္၊ နံနက္ ၁၀နာရီ ၅၀မိနစ္အခ်ိန္တြင္ အုတ္ဖိုၿမိဳ႕နယ္၊ ေခ်ာင္းဂြ(ေက)ေက်း႐ြာ ႏွင့္ ကြၽဲတဲကုန္းေက်း႐ြာၾကား ႐ြာခ်င္းဆက္လမ္းေပၚတြင္ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က ထုတ္ျပန္ထားသည္။

သရက္ႏွစ္ဖ်ားလိန္ေက်း႐ြာမွ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးျဖစ္သူ ဦးျမင့္ေက်ာ္(၅၈)ႏွစ္သည္ ဇနီးျဖစ္သူ ေဒၚခင္စန္းဝင္း(၅၇)ႏွစ္ႏွင့္အတူ ေနအိမ္မွ ေက်ာက္ပုံေက်း႐ြာရွိ ဘုန္းႀကီးေက်ာင္းသို႔ ဆိုင္ကယ္ျဖင့္ ထြက္ခြါလာစဥ္ အထက္ပါေနရာအေရာက္၌ PDF တပ္ဖြဲ႕ဝင္(၅)ဦးက ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္သြားခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ၎တို႔လင္မယား(၂)ဦးစီးလာသည့္ Honda Dream 125 ဆိုင္ကယ္ႏွင့္ ဖုန္းတစ္လုံးတို႔အား PDF အဖြဲ႕မွ လုယက္ယူေဆာင္သြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က ထုတ္ျပန္ထားသည္။

ထိုသို႔ ေသနတ္ျဖင့္ပစ္ခတ္ခံရမႈေၾကာင့္ ဦးျမင့္ေက်ာ္တြင္ က်ည္ထိမွန္ဒဏ္ရာမ်ားရရွိကာ အခင္းျဖစ္ပြားရာေနရာ၌ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

အလားတူ ေအာက္တိုဘာလ ၃၀ ရက္၊ နံနက္ ၉နာရီအခ်ိန္တြင္ မႏၲေလးတိုင္း၊ ငါန္းဇြန္ၿမိဳ႕နယ္၊ ထန္းတပင္ေက်း႐ြာတြင္ အမ်ိဳးသား(၂)ဦး ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္ခံခဲ့ရေၾကာင္း ရဲတပ္ဖြဲ႕က ဆက္လက္ထုတ္ျပန္ထားသည္။

အဆိုပါေက်း႐ြာတြင္ေနထိုင္သည့္ ဦးေဌးေအာင္(၇၀)ႏွစ္ ႏွင့္ ဦးတိုးျမင့္(၄၇)ႏွစ္တို႔သည္ ၎တို႔ေနအိမ္အသီးသီး၌ရွိေနစဥ္ PDF အဖြဲ႕ဝင္(၆)ဦးက ဆိုင္ကယ္(၃)စီးျဖင့္ ေရာက္ရွိလာကာ ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္သြားခဲ့ေၾကာင္း သိရသည္။

ထိုသို႔ ေသနတ္ျဖင့္ပစ္ခတ္ခံရမႈေၾကာင့္ ဦးေဌးေအာင္ ႏွင့္ ဦးတိုးျမင့္တို႔(၂)ဦးတြင္ က်ည္ထိမွန္ဒဏ္ရာမ်ားရရွိကာ အခင္းျဖစ္ပြားရာေနရာ၌ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

အထက္ပါလုပ္ႀကံသတ္ျဖတ္မႈမ်ားတြင္ ပါဝင္ပတ္သက္သူမ်ားအား ေဖာ္ထုတ္ဖမ္းဆီး၍ ဥပေဒႏွင့္အညီ အျပစ္ေပးအေရးယူႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဆက္လက္လုပ္ ေဆာင္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.