တတိယကမ္ဘာစစ်က စတင်နေပြီဖြစ်ကြောင်း ရုရှားထိပ်တန်းနိုင်ငံခြားရေးမူဝါဒကျွမ်းကျင်သူတစ်ဦး သုံးသပ်ပြောဆို

 3236

Pika (NP News) - နိုဝင်ဘာ ၁

တတိယကမ္ဘာစစ်မှာ စတင်နေပြီဖြစ်ကြောင်း ရုရှား၏ ထိပ်တန်းနိုင်ငံခြားရေးမူဝါဒကျွမ်းကျင်သူ Fyodor Lukyanov က ပြောကြားခဲ့သည်။

ကမ္ဘာ့အစီအစဉ်သည် ဆိုးရွားမှုများရှိနေမှုနှင့်အတူ စီမံခန့်ခွဲမှုများလည်း စတင်ပြိုကွဲနေပြီဖြစ်ပြီး အစ္စရေး-ပါလက်စတိုင်းပဋိပက္ခ အပါအဝင် အခြားပဋိပက္ခများကို ဖြေရှင်းရန်အတွက် နည်းလမ်းများရှိပုံ မပေါ်ကြောင်း ၎င်းက ပြောဆိုခဲ့သည်။

ပြီးခဲ့သည့်သီတင်းပတ်က ပြုလုပ်ခဲ့သောသတင်းစာရှင်းလင်းပွဲအတွင်း Fyodor Lukyanov က ယခုကဲ့သို့ မှတ်ချက်ပြုပြောဆိုခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ကမ္ဘာကြီးသည် အေးခဲနေသောပဋိပက္ခများကို ပြန်လည် လောင်ကျွမ်းစေခဲ့သည်ကိုလည်း တွေ့မြင်ခဲ့ရကြောင်း Fyodor Lukyanov က ပြောခဲ့သည်။

Nagorno-Karabakh ဒေသ ပဋိပက္ခ၊ ရုရှား-ယူကရိန်းစစ်ပွဲ နှင့် အစ္စရေး-ပါလက်စတိုင်းစစ်ပွဲတို့ကို ၎င်းက ရည်ညွှန်း ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများသည် အကျိုးသက်ရောက်မှုများစွာရှိပြီး (၂ဝ) ရာစုနှစ်အတွင်းက ဖြစ်ပွားခဲ့သော ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်တို့ နှင့် သိသိသာသာကွာခြားသော ကမ္ဘာစစ်အသစ်ဖြစ်ကြောင်း Fyodor Lukyanov က ပြောခဲ့သည်။

၎င်းက "စစ်ပွဲကြီးတစ်ခု ဒါမှမဟုတ် ဒုတိယကမ္ဘာစစ်လိုမျိုး စစ်ပွဲတွေ စတင်တော့မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် ဒီပဋိပက္ခတွေအားလုံး အဆုံးသတ်ပြီးသွားရင်တော့ ဒီလိုစစ်ပွဲမျိုးတွေ ဘယ်တော့မှဖြစ်လာတော့မှာ မဟုတ်ပါဘူး" ဟု ပြောခဲ့သည်။

အရှေ့အလယ်ပိုင်းဒေသတွင်ဖြစ်ပွားနေသော တင်းမာမှုများသည် နောက်ဆုံးဖြစ်ပွားမည့် ပဋိပက္ခများ မဟုတ်ကြောင်း နှင့် မကြာမီအချိန်အတွင်း ကမ္ဘာတစ်ဝန်းတွင် ရန်လိုမုန်းတီးမှုများ ပိုမိုဖြစ်ပွားလာနိုင်ဖွယ်ရှိ ကြောင်း ၎င်းက ပြောခဲ့သည်။ ထို့အပြင် လက်ရှိအချိန်တွင် အဆိုပါပဋိပက္ခများကို မည်သည့်နိုင်ငံကမှ တားဆီးနိုင် မည်မဟုတ်ကြောင်း ၎င်းက သတိပေးပြောခဲ့သည်။

၎င်းက "နိုင်ငံတကာအစီအစဉ်က စတင်ပြိုကွဲနေပါပြီ။ အရှေ့အလယ်ပိုင်းဒေသမှာ ယခင်တည်းက စစ်ပွဲတွေ ဖြစ်ပွားခဲ့ဖူးပေမယ့်လည်း ဆိုဗီယက်ပြည်ထောင်စု USSR နဲ့ အမေရိကန်နိုင်ငံတို့က ဝင်ရောက်စွက်ဖက်ခဲ့ပြီး နောက်တစ်ကြိမ်ပဋိပက္ခတွေ မဖြစ်ပွားနိုင်အောင် လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ ဆက်လက်ဖြစ်ပွားနေတဲ့ပဋိပက္ခတွေကို ဖြေရှင်းနိုင်မယ့်နည်းလမ်းတွေကို ကျွန်တော် မတွေ့မိသေးပါဘူး" ဟု ပြောခဲ့သည်။

Zawgyi Version;
တတိယကမာၻစစ္က စတင္ေနၿပီျဖစ္ေၾကာင္း ႐ုရွားထိပ္တန္းႏိုင္ငံျခားေရးမူဝါဒကြၽမ္းက်င္သူတစ္ဦး သုံးသပ္ေျပာဆို
Pika (NP News) - ႏိုဝင္ဘာ ၁

တတိယကမာၻစစ္မွာ စတင္ေနၿပီျဖစ္ေၾကာင္း ႐ုရွား၏ ထိပ္တန္းႏိုင္ငံျခားေရးမူဝါဒကြၽမ္းက်င္သူ Fyodor Lukyanov က ေျပာၾကားခဲ့သည္။

ကမာၻ႔အစီအစဥ္သည္ ဆိုး႐ြားမႈမ်ားရွိေနမႈႏွင့္အတူ စီမံခန႔္ခြဲမႈမ်ားလည္း စတင္ၿပိဳကြဲေနၿပီျဖစ္ၿပီး အစၥေရး-ပါလက္စတိုင္းပဋိပကၡ အပါအဝင္ အျခားပဋိပကၡမ်ားကို ေျဖရွင္းရန္အတြက္ နည္းလမ္းမ်ားရွိပုံ မေပၚေၾကာင္း ၎က ေျပာဆိုခဲ့သည္။

ၿပီးခဲ့သည့္သီတင္းပတ္က ျပဳလုပ္ခဲ့ေသာသတင္းစာရွင္းလင္းပြဲအတြင္း Fyodor Lukyanov က ယခုကဲ့သို႔ မွတ္ခ်က္ျပဳေျပာဆိုခဲ့ျခင္းျဖစ္သည္။ ထို႔အျပင္ ကမာၻႀကီးသည္ ေအးခဲေနေသာပဋိပကၡမ်ားကို ျပန္လည္ ေလာင္ကြၽမ္းေစခဲ့သည္ကိုလည္း ေတြ႕ျမင္ခဲ့ရေၾကာင္း Fyodor Lukyanov က ေျပာခဲ့သည္။

Nagorno-Karabakh ေဒသ ပဋိပကၡ၊ ႐ုရွား-ယူကရိန္းစစ္ပြဲ ႏွင့္ အစၥေရး-ပါလက္စတိုင္းစစ္ပြဲတို႔ကို ၎က ရည္ၫႊန္း ေျပာဆိုခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ လက္ရွိျဖစ္ပြားေနေသာ ပဋိပကၡမ်ားသည္ အက်ိဳးသက္ေရာက္မႈမ်ားစြာရွိၿပီး (၂ဝ) ရာစုႏွစ္အတြင္းက ျဖစ္ပြားခဲ့ေသာ ပထမကမာၻစစ္၊ ဒုတိယကမာၻစစ္တို႔ ႏွင့္ သိသိသာသာကြာျခားေသာ ကမာၻစစ္အသစ္ျဖစ္ေၾကာင္း Fyodor Lukyanov က ေျပာခဲ့သည္။

၎က "စစ္ပြဲႀကီးတစ္ခု ဒါမွမဟုတ္ ဒုတိယကမာၻစစ္လိုမ်ိဳး စစ္ပြဲေတြ စတင္ေတာ့မယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္။ ဒါေပမယ့္ ဒီပဋိပကၡေတြအားလုံး အဆုံးသတ္ၿပီးသြားရင္ေတာ့ ဒီလိုစစ္ပြဲမ်ိဳးေတြ ဘယ္ေတာ့မွျဖစ္လာေတာ့မွာ မဟုတ္ပါဘူး" ဟု ေျပာခဲ့သည္။

အေရွ႕အလယ္ပိုင္းေဒသတြင္ျဖစ္ပြားေနေသာ တင္းမာမႈမ်ားသည္ ေနာက္ဆုံးျဖစ္ပြားမည့္ ပဋိပကၡမ်ား မဟုတ္ေၾကာင္း ႏွင့္ မၾကာမီအခ်ိန္အတြင္း ကမာၻတစ္ဝန္းတြင္ ရန္လိုမုန္းတီးမႈမ်ား ပိုမိုျဖစ္ပြားလာႏိုင္ဖြယ္ရွိ ေၾကာင္း ၎က ေျပာခဲ့သည္။ ထို႔အျပင္ လက္ရွိအခ်ိန္တြင္ အဆိုပါပဋိပကၡမ်ားကို မည္သည့္ႏိုင္ငံကမွ တားဆီးႏိုင္ မည္မဟုတ္ေၾကာင္း ၎က သတိေပးေျပာခဲ့သည္။

၎က "ႏိုင္ငံတကာအစီအစဥ္က စတင္ၿပိဳကြဲေနပါၿပီ။ အေရွ႕အလယ္ပိုင္းေဒသမွာ ယခင္တည္းက စစ္ပြဲေတြ ျဖစ္ပြားခဲ့ဖူးေပမယ့္လည္း ဆိုဗီယက္ျပည္ေထာင္စု USSR နဲ႔ အေမရိကန္ႏိုင္ငံတို႔က ဝင္ေရာက္စြက္ဖက္ခဲ့ၿပီး ေနာက္တစ္ႀကိမ္ပဋိပကၡေတြ မျဖစ္ပြားႏိုင္ေအာင္ လုပ္ေဆာင္ခဲ့ပါတယ္။ ဒါေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ ဆက္လက္ျဖစ္ပြားေနတဲ့ပဋိပကၡေတြကို ေျဖရွင္းႏိုင္မယ့္နည္းလမ္းေတြကို ကြၽန္ေတာ္ မေတြ႕မိေသးပါဘူး" ဟု ေျပာခဲ့သည္။

Related news

© 2021. All rights reserved.