ကျောက်မဲမြို့နယ်၌ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နောင်ပိန်ရှိနေရာ (၂)ခုတွင် တိုက်ပွဲရှောင်ပြည်သူ (၄၀၀)ကျော်ခိုလှုံနေရ

 1558

ကျော် (NP News) - နိုဝင်ဘာ ၃

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၌ အောက်တိုဘာလ ၂၅ ရက်မှစတင်ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် လက်နက်ကိုင်အဖွဲ့များကြား ထိတွေ့တိုက်ပွဲများဖြစ်ပေါ်လျက်ရှိသဖြင့် ဒေသခံပြည်သူများမှ စစ်ဘေးနှင့်လွတ်ကင်းသည့် နောင်ပိန်သို့တိမ်းရှောင်ရောက်ရှိနေကြောင်း သိရသည်။

ထိုသို့ တိမ်းရှောင်ရောက်ရှိလာသည့် တိုက်ပွဲရှောင်ပြည်သူများအား နောင်ပိန်အခြေစိုက်လူမှုကူညီရေးအသင်းများ နှင့် အလှူရှင်များက ကူညီစောင့်ရှောက်မှုများပြုလုပ်ပေးလျက်ရှိရာလက်ရှိအချိန်အထိ တိုက်ပွဲရှောင်ပြည်သူ ၄၀၀ ကျော်ခိုလှုံရောက်ရှိနေကြောင်း သိရသည်။

"နောင်ပိန်က အောင်ဓမ္မာရုံ၊ ရှမ်းစာပေနှင့်ယဥ်ကျေးမှုကျောင်း(နောင်ပိန်) အဲဒီ ၂ နေရာမှာ စစ်ဘေးရှောင် ၄၀၀ ကျော်ရောက်ရှိခိုလှုံနေပါတယ်။ ထပ်ရောက်လာဖို့လည်း ရှိနိုင်တယ်။ အများစုက ပန်မလွတ်ကျေးရွာ၊ ခဲလုံကျေးရွာ၊ နောင်ပစ်ကျေးရွာတွေကဒေသခံတွေများတယ်။ တခြားရွာတွေကလည်းလာပြီး ခိုလှုံ‌နေကြတာတွေရှိတယ်"ဟု စစ်ဘေးရှောင်များအား ကူညီပေးနေသူတစ်ဦးက ပြောသည်။

ထိတွေ့တိုက်ပွဲများစတင်ဖြစ်ပွားသည့်အချိန်မှစ၍ ကျေးရွာများအတွင်းပိတ်မိနေသည့် ဒေသခံများအား နောင်ပိန်အခြေစိုက် ကမ်းလင့်လက်များလူမှုကူညီရေးအသင်းမှ တိုက်ပွဲနှင့်လွတ်ကင်းသည့် နောင်ပိန်သို့ရွှေ့ပြောင်းပေးမှုများပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။

"လတ်တလော စစ်ဘေးရှောင်တွေ စားသောက်ရေးအတွက်ကို ကမ်းလင့်လက်များလူမှုကူညီရေးအသင်းက အနီးကပ်တာဝန်ယူပြီးဆောင်ရွက်ပေးနေတယ်။ အလှူရှင်တွေကလည်း လာပြီးလှူဒါန်းကြတာတွေရှိပါတယ်"ဟု စစ်ဘေးရှောင်များအား ကူညီပေးနေသူတစ်ဦးက ပြောသည်။

ထို့ပြင် ယမန်နေ့ (နိုဝင်ဘာလ ၂ ရက်)ကလည်း နိုင်ငံတကာကူညီကယ်ဆယ်ရေးကော်မတီ (IRC)မှ စစ်ဘေးရှောင်များအတွက် အခြေခံပစ္စည်း ၆ မျိုးဖြစ်သည့် ခြင်ထောင်၊ စောင်၊ဓာတ်မီးအကြီး၊ ပိုက်ဖျာ၊ ရေပုံး၊ သောက်ရေပုံးတို့အား ပေးပို့လှူဒါန်းရာ စစ်ဘေးရှောင်မိသားစုဝင်များကို ကျေးရွာတာဝန်ရှိသူများနှင့်ကမ်းလင့်လက်များလူမှုကူညီရေးအသင်း (နောင်ပိန်)တို့မှ လွှဲပြောင်းလှူဒါန်းပေးခဲ့ကြောင်း သိရသည်။

zawgyi version
ေက်ာက္မဲၿမိဳ႕နယ္၌ျဖစ္ပြားေနသည့္ တိုက္ပြဲမ်ားေၾကာင့္ ေနာင္ပိန္ရွိေနရာ (၂)ခုတြင္ တိုက္ပြဲေရွာင္ျပည္သူ (၄၀၀)ေက်ာ္ခိုလႈံေနရ
ေက်ာ္ (NP News) - ႏိုဝင္ဘာ ၃

ရွမ္းျပည္နယ္၊ ေက်ာက္မဲၿမိဳ႕နယ္၌ ေအာက္တိုဘာလ ၂၅ ရက္မွစတင္ကာ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားႏွင့္ လက္နက္ကိုင္အဖြဲ႕မ်ားၾကား ထိေတြ႕တိုက္ပြဲမ်ားျဖစ္ေပၚလ်က္ရွိသျဖင့္ ေဒသခံျပည္သူမ်ားမွ စစ္ေဘးႏွင့္လြတ္ကင္းသည့္ ေနာင္ပိန္သို႔တိမ္းေရွာင္ေရာက္ရွိေနေၾကာင္း သိရသည္။

ထိုသို႔ တိမ္းေရွာင္ေရာက္ရွိလာသည့္ တိုက္ပြဲေရွာင္ျပည္သူမ်ားအား ေနာင္ပိန္အေျခစိုက္လူမႈကူညီေရးအသင္းမ်ား ႏွင့္ အလႉရွင္မ်ားက ကူညီေစာင့္ေရွာက္မႈမ်ားျပဳလုပ္ေပးလ်က္ရွိရာလက္ရွိအခ်ိန္အထိ တိုက္ပြဲေရွာင္ျပည္သူ ၄၀၀ ေက်ာ္ခိုလႈံေရာက္ရွိေနေၾကာင္း သိရသည္။

"ေနာင္ပိန္က ေအာင္ဓမၼာ႐ုံ၊ ရွမ္းစာေပႏွင့္ယဥ္ေက်းမႈေက်ာင္း(ေနာင္ပိန္) အဲဒီ ၂ ေနရာမွာ စစ္ေဘးေရွာင္ ၄၀၀ ေက်ာ္ေရာက္ရွိခိုလႈံေနပါတယ္။ ထပ္ေရာက္လာဖို႔လည္း ရွိႏိုင္တယ္။ အမ်ားစုက ပန္မလြတ္ေက်း႐ြာ၊ ခဲလုံေက်း႐ြာ၊ ေနာင္ပစ္ေက်း႐ြာေတြကေဒသခံေတြမ်ားတယ္။ တျခား႐ြာေတြကလည္းလာၿပီး ခိုလႈံ‌ေနၾကတာေတြရွိတယ္"ဟု စစ္ေဘးေရွာင္မ်ားအား ကူညီေပးေနသူတစ္ဦးက ေျပာသည္။

ထိေတြ႕တိုက္ပြဲမ်ားစတင္ျဖစ္ပြားသည့္အခ်ိန္မွစ၍ ေက်း႐ြာမ်ားအတြင္းပိတ္မိေနသည့္ ေဒသခံမ်ားအား ေနာင္ပိန္အေျခစိုက္ ကမ္းလင့္လက္မ်ားလူမႈကူညီေရးအသင္းမွ တိုက္ပြဲႏွင့္လြတ္ကင္းသည့္ ေနာင္ပိန္သို႔ေ႐ႊ႕ေျပာင္းေပးမႈမ်ားျပဳလုပ္ေပးခဲ့ၾကေၾကာင္း သိရသည္။

"လတ္တေလာ စစ္ေဘးေရွာင္ေတြ စားေသာက္ေရးအတြက္ကို ကမ္းလင့္လက္မ်ားလူမႈကူညီေရးအသင္းက အနီးကပ္တာဝန္ယူၿပီးေဆာင္႐ြက္ေပးေနတယ္။ အလႉရွင္ေတြကလည္း လာၿပီးလႉဒါန္းၾကတာေတြရွိပါတယ္"ဟု စစ္ေဘးေရွာင္မ်ားအား ကူညီေပးေနသူတစ္ဦးက ေျပာသည္။

ထို႔ျပင္ ယမန္ေန႔ (ႏိုဝင္ဘာလ ၂ ရက္)ကလည္း ႏိုင္ငံတကာကူညီကယ္ဆယ္ေရးေကာ္မတီ (IRC)မွ စစ္ေဘးေရွာင္မ်ားအတြက္ အေျခခံပစၥည္း ၆ မ်ိဳးျဖစ္သည့္ ျခင္ေထာင္၊ ေစာင္၊ဓာတ္မီးအႀကီး၊ ပိုက္ဖ်ာ၊ ေရပုံး၊ ေသာက္ေရပုံးတို႔အား ေပးပို႔လႉဒါန္းရာ စစ္ေဘးေရွာင္မိသားစုဝင္မ်ားကို ေက်း႐ြာတာဝန္ရွိသူမ်ားႏွင့္ကမ္းလင့္လက္မ်ားလူမႈကူညီေရးအသင္း (ေနာင္ပိန္)တို႔မွ လႊဲေျပာင္းလႉဒါန္းေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.