ရန်ပွဲတွင် သားဖြစ်သူပါသည်ဟုကြားသိ၍ လိုက်သွားရာမှ သားအဖ(၂)ဦးစလုံး ဓားခုတ်ခံရမှု မြစ်ကြီးနားမြို့၌ဖြစ်ပွား

1339
စော(NP News) - နိုဝင်ဘာ ၃
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ရန်ပွဲတွင် သားဖြစ်သူပါသည်ဟု ကြားသိ၍ လိုက်သွားရာမှ သားအဖ (၂)ဦးစလုံး ဓားခုတ်ခံရကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့(နိုဝင်ဘာလ ၂ ရက်)၊ ည (၈)နာရီခွဲဝန်းကျင်အချိန်တွင် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်၊ ဂျပန်လမ်းထိပ်တွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ကချင်ပြည်နယ်)ထံမှ သိရသည်။
“ရန်ဖြစ်နေတဲ့ထဲမှာ သားဖြစ်သူပါတယ်ဆိုတာ သတင်းကြားလို့ ဖခင်ဖြစ်သူက အိမ်ကနေ ရန်ဖြစ်တဲ့နေရာကို လိုက်သွားတာ သားရော၊ ဖခင်ရော အခုတ်ခံရတယ်ကြားတာပဲ။ ဘာကြောင့် ရန်ဖြစ်ကြတယ်ဆိုတာတော့ မသိလိုက်ရဘူး။ ဖခင်ဖြစ်သူက ဦးခေါင်း၊ လည်ပင်း၊ လက်တို့ ခြေထောက်တို့ ပြတ်ရှဒဏ်ရာရသွားတယ်။ သားကို အခြားအသင်းက ခေါ်သွားတော့ သူနဲ့ပတ်သတ်ပြီး မသိလိုက်ရဘူး”ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ကချင်ပြည်နယ်)မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
ဖခင်ဖြစ်သူသည် ဦးအေးဆွေ (၄၅)နှစ်ဖြစ်ပြီး မြစ်ကြီးနားမြို့၊ ရာဒါကောင်းရပ်ကွက်တွင် နေထိုင်သူတစ်ဦး ဖြစ်ကြောင်းသိရသည်။
ဓားခုတ်ခံရသည့် သားအဖနှစ်ဦးကို မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

zawgyi version
ျမစ္ႀကီးနားၿမိဳ႕၌ ရန္ပြဲတြင္ သားျဖစ္သူပါသည္ဟုၾကားသိ၍ လိုက္သြားရာမွ သားအဖ(၂)ဦးစလုံး ဓားခုတ္ခံရ
ေစာ(NP News) - ႏိုဝင္ဘာ ၃
ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕၌ ရန္ပြဲတြင္ သားျဖစ္သူပါသည္ဟု ၾကားသိ၍ လိုက္သြားရာမွ သားအဖ (၂)ဦးစလုံး ဓားခုတ္ခံရေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယမန္ေန႔(ႏိုဝင္ဘာလ ၂ ရက္)၊ ည (၈)နာရီခြဲဝန္းက်င္အခ်ိန္တြင္ ျမစ္ႀကီးနားၿမိဳ႕၊ တပ္ကုန္းရပ္ကြက္၊ ဂ်ပန္လမ္းထိပ္တြင္ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕ (ကခ်င္ျပည္နယ္)ထံမွ သိရသည္။
“ရန္ျဖစ္ေနတဲ့ထဲမွာ သားျဖစ္သူပါတယ္ဆိုတာ သတင္းၾကားလို႔ ဖခင္ျဖစ္သူက အိမ္ကေန ရန္ျဖစ္တဲ့ေနရာကို လိုက္သြားတာ သားေရာ၊ ဖခင္ေရာ အခုတ္ခံရတယ္ၾကားတာပဲ။ ဘာေၾကာင့္ ရန္ျဖစ္ၾကတယ္ဆိုတာေတာ့ မသိလိုက္ရဘူး။ ဖခင္ျဖစ္သူက ဦးေခါင္း၊ လည္ပင္း၊ လက္တို႔ ေျခေထာက္တို႔ ျပတ္ရွဒဏ္ရာရသြားတယ္။ သားကို အျခားအသင္းက ေခၚသြားေတာ့ သူနဲ႔ပတ္သတ္ၿပီး မသိလိုက္ရဘူး”ဟု ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕ (ကခ်င္ျပည္နယ္)မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
ဖခင္ျဖစ္သူသည္ ဦးေအးေဆြ (၄၅)ႏွစ္ျဖစ္ၿပီး ျမစ္ႀကီးနားၿမိဳ႕၊ ရာဒါေကာင္းရပ္ကြက္တြင္ ေနထိုင္သူတစ္ဦး ျဖစ္ေၾကာင္းသိရသည္။
ဓားခုတ္ခံရသည့္ သားအဖႏွစ္ဦးကို ျမစ္ႀကီးနား ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ထားေၾကာင္း သိရသည္။