ကျောက်မဲမြို့၌ စက်သုံးဆီ အရောင်းဆိုင်အချို့ပိတ်ထား

 1374

ကျော် (NP News) - နိုဝင်ဘာ ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၌ လက်ရှိဖြစ်ပွားလျက်ရှိသော တိုက်ပွဲအခြေအနေများကြောင့် စက်သုံးဆီအရောင်းဆိုင်အချို့ပိတ်ထားကြောင်း ကျောက်မဲဒေသခံများထံမှ သိရသည်။

"ဆီဆိုင်တစ်ချို့ ပိတ်ထားတာတော့ရှိတယ် တစိချို့ဆိုင်တွေကတော့ ဖွင့်ထားတယ်။ ဒါပေမယ့် အရင်ကလို လိုသလောက်ဝယ်လို့ မရဘူး။ ကားတစ်စီးကို ၅ သောင်းဖိုးလောက်ပဲ ရောင်းပေးတယ်" ဟု ကျောက်မဲမြို့နယ် အခြေစိုက်လူမှုကူညီရေးအသင်းတစ်သင်း၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖွင့်လှစ်ထားသည့် စက်သုံးဆီအရောင်းဆိုင်အချို့၌ လာရောက်ဝယ်ယူသူများအနေဖြင့် တန်းစီဝယ်ယူရခြင်းများ လည်းရှိကာ အချို့ဆိုင်များမှာ တန်းစီဝယ်ယူရခြင်းမရှိသေးကြောင်း သိရသည်။
"ဆီစျေးကတော့ တက်တယ် ကျွန်တော်တို့လို လူမှုကူညီရေးအသင်းကားတွေကိုတော့ ဆိုင်တွေက ပုံမှန်စျေးနှုန်းနဲ့ ပဲ ရောင်းပေးပါတယ်" ဟု ကျောက်မဲမြို့နယ်အခြေစိုက်လူမှုကူညီရေးအသင်းတစ်သင်း၏ တာဝန်ရှိသူတစ်ဦး က ပြောသည်။

လက်ရှိအချိန်တွင် ကျောက်မဲမြို့၌ စက်သုံးဆီပြတ်လပ်မှုမရှိသေးသော်လည်း တိုက်ပွဲဖြစ်ပွားမှုရက် ကြာရှည်လာပါ က စက်သုံးဆီပြတ်လပ်နိုင်သည့်အခြေအနေမျိုးတွင် ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် အောက်တိုဘာ ၂၇ ရက်မှ စတင်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တိုင်းရင်းသား လက်နက်ကိုင် ၃ ဖွဲ့တို့ကြား၌ တိုက်ပွဲများဖြစ်ပေါ်ခဲ့ပြီး နေ့စဥ် လက်နက်ကြီးပစ်ခတ်မှုများ၊ လက်နက်ပစ်ခတ်မှုများ ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

Zawgyi Version;
ေက်ာက္မဲၿမိဳ႕၌ စက္သုံးဆီ အေရာင္းဆိုင္အခ်ိဳ႕ပိတ္ထား
ေက်ာ္ (NP News) - ႏိုဝင္ဘာ ၄

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ ေက်ာက္မဲၿမိဳ႕၌ လက္ရွိျဖစ္ပြားလ်က္ရွိေသာ တိုက္ပြဲအေျခအေနမ်ားေၾကာင့္ စက္သုံးဆီအေရာင္းဆိုင္အခ်ိဳ႕ပိတ္ထားေၾကာင္း ေက်ာက္မဲေဒသခံမ်ားထံမွ သိရသည္။

"ဆီဆိုင္တစ္ခ်ိဳ႕ ပိတ္ထားတာေတာ့ရွိတယ္ တစိခ်ိဳ႕ဆိုင္ေတြကေတာ့ ဖြင့္ထားတယ္။ ဒါေပမယ့္ အရင္ကလို လိုသေလာက္ဝယ္လို႔ မရဘူး။ ကားတစ္စီးကို ၅ ေသာင္းဖိုးေလာက္ပဲ ေရာင္းေပးတယ္" ဟု ေက်ာက္မဲၿမိဳ႕နယ္ အေျခစိုက္လူမႈကူညီေရးအသင္းတစ္သင္း၏ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

ဖြင့္လွစ္ထားသည့္ စက္သုံးဆီအေရာင္းဆိုင္အခ်ိဳ႕၌ လာေရာက္ဝယ္ယူသူမ်ားအေနျဖင့္ တန္းစီဝယ္ယူရျခင္းမ်ား လည္းရွိကာ အခ်ိဳ႕ဆိုင္မ်ားမွာ တန္းစီဝယ္ယူရျခင္းမရွိေသးေၾကာင္း သိရသည္။
"ဆီေစ်းကေတာ့ တက္တယ္ ကြၽန္ေတာ္တို႔လို လူမႈကူညီေရးအသင္းကားေတြကိုေတာ့ ဆိုင္ေတြက ပုံမွန္ေစ်းႏႈန္းနဲ႔ ပဲ ေရာင္းေပးပါတယ္" ဟု ေက်ာက္မဲၿမိဳ႕နယ္အေျခစိုက္လူမႈကူညီေရးအသင္းတစ္သင္း၏ တာဝန္ရွိသူတစ္ဦး က ေျပာသည္။

လက္ရွိအခ်ိန္တြင္ ေက်ာက္မဲၿမိဳ႕၌ စက္သုံးဆီျပတ္လပ္မႈမရွိေသးေသာ္လည္း တိုက္ပြဲျဖစ္ပြားမႈရက္ ၾကာရွည္လာပါ က စက္သုံးဆီျပတ္လပ္ႏိုင္သည့္အေျခအေနမ်ိဳးတြင္ ရွိေနေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)တြင္ ေအာက္တိုဘာ ၂၇ ရက္မွ စတင္၍ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားႏွင့္ တိုင္းရင္းသား လက္နက္ကိုင္ ၃ ဖြဲ႕တို႔ၾကား၌ တိုက္ပြဲမ်ားျဖစ္ေပၚခဲ့ၿပီး ေန႔စဥ္ လက္နက္ႀကီးပစ္ခတ္မႈမ်ား၊ လက္နက္ပစ္ခတ္မႈမ်ား ရွိေနေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

Related news

© 2021. All rights reserved.