ဝန်ကြီးဌာန (၂)ခုက ပထမနှစ် နေ့သင်တန်း ဝင်ခွင့်ရသူများစာရင်းကို မနက်ဖြန်တွင် ကြေညာမည်

2711

စော (NP News) - နိုဝင်ဘာ ၆
ပညာရေးဝန်ကြီးဌာန နှင့် သိပ္ပံနှင့်ဝန်ကြီးဌာနတို့မှ ပထမနှစ် နေ့သင်တန်း ဝင်ခွင့်ရသူများစာရင်းကို မနက်ဖြန် နိုဝင်ဘာ (၇)ရက်တွင် ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။
(၂ဝ၂၃-၂၂၄) ပညာသင်နှစ်၏ ပထမနှစ် နေ့သင်တန်းဝင်ခွင့်ရစာရင်းများကို မနက်ဖြန် (နိုဝင်ဘာ ၇ ရက်) မှ စတင်၍ သက်ဆိုင်ရာ တက္ကသိုလ်နှင့် ဒီဂရိကောလိပ်အသီးသီးတွင် ကြေညာထားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါနေ့သင်တန်းဝင်ခွင့်ရစာရင်းများကို ပညာရေးဝန်ကြီးဌာန၏ website www.moe.gov.com နှင့် အဆင့်မြင့်ပညာဦးစီးဌာန၏ website www.dhe.gov.com တို့တွင်လည်း ကြေညာပေးထားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အစိုးရနည်းပညာကောလိပ်၏ သင်တန်းဝင်ခွင့်ရစာရင်းများကိုလည်း သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန website www.most.gov.com , နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၏ www.dtvet.edu.mm , www.dtvet.gov.mm နှင့် အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၏ www.dast.edu.mm , www.dast.gov.mm တို့တွင် ကြေညာထားမည်ဖြစ်ကြောင်း သိရသည်။
နေ့သင်တန်းများကို လာမည့် (နိုဝင်ဘာ ၂၃ ရက်) တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းအပ်လက်ခံခြင်းကို နိုဝင်ဘာ (၁၆)ရက်မှစ၍ ပိတ်ရက်မရှိ လက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
ဝန္ႀကီးဌာန (၂)ခုက ပထမႏွစ္ ေန႔သင္တန္း ဝင္ခြင့္ရသူမ်ားစာရင္းကို မနက္ျဖန္တြင္ ေၾကညာမည္
ေစာ (NP News) - ႏိုဝင္ဘာ ၆
ပညာေရးဝန္ႀကီးဌာန ႏွင့္ သိပၸံႏွင့္ဝန္ႀကီးဌာနတို႔မွ ပထမႏွစ္ ေန႔သင္တန္း ဝင္ခြင့္ရသူမ်ားစာရင္းကို မနက္ျဖန္ ႏိုဝင္ဘာ (၇)ရက္တြင္ ေၾကညာေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
(၂ဝ၂၃-၂၂၄) ပညာသင္ႏွစ္၏ ပထမႏွစ္ ေန႔သင္တန္းဝင္ခြင့္ရစာရင္းမ်ားကို မနက္ျဖန္ (ႏိုဝင္ဘာ ၇ ရက္) မွ စတင္၍ သက္ဆိုင္ရာ တကၠသိုလ္ႏွင့္ ဒီဂရိေကာလိပ္အသီးသီးတြင္ ေၾကညာထားမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါေန႔သင္တန္းဝင္ခြင့္ရစာရင္းမ်ားကို ပညာေရးဝန္ႀကီးဌာန၏ website www.moe.gov.com ႏွင့္ အဆင့္ျမင့္ပညာဦးစီးဌာန၏ website www.dhe.gov.com တို႔တြင္လည္း ေၾကညာေပးထားမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ အစိုးရနည္းပညာေကာလိပ္၏ သင္တန္းဝင္ခြင့္ရစာရင္းမ်ားကိုလည္း သိပၸံႏွင့္ နည္းပညာဝန္ႀကီးဌာန website www.most.gov.com , နည္းပညာ၊ သက္ေမြးပညာႏွင့္ ေလ့က်င့္ေရးဦးစီးဌာန၏ www.dtvet.edu.mm , www.dtvet.gov.mm ႏွင့္ အဆင့္ျမင့္သိပၸံႏွင့္နည္းပညာဦးစီးဌာန၏ www.dast.edu.mm , www.dast.gov.mm တို႔တြင္ ေၾကညာထားမည္ျဖစ္ေၾကာင္း သိရသည္။
ေန႔သင္တန္းမ်ားကို လာမည့္ (ႏိုဝင္ဘာ ၂၃ ရက္) တြင္ စတင္ဖြင့္လွစ္မည္ျဖစ္ၿပီး ေက်ာင္းအပ္လက္ခံျခင္းကို ႏိုဝင္ဘာ (၁၆)ရက္မွစ၍ ပိတ္ရက္မရွိ လက္ခံေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။