ရန်ကုန်မြို့မှ မြဝတီမြို့သို့ မောင်းနှင်လာသည့် Express ကားတစ်စီး အာရှလမ်းပေါ်၌ မီးလောင်မှုဖြစ်ပွား

 6509

စော (NP News) - နိုဝင်ဘာ ၇

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အာရှလမ်းပေါ်၌ ရန်ကုန်မြို့မှ မြဝတီမြို့သို့ မောင်းနှင်လာသည့် Express ကားတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့(နိုဝင်ဘာလ ၇ ရက်)၊ နံနက် (၁၀)နာရီဝန်းကျင်အချိန်တွင် ကော့ကရိတ်မြို့နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်း(တောင်ပေါ်လမ်းသစ်)၊ ရင်ကွဲတောင်အဆင်း၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သင်္ဃန်းညီနောင်မြို့သစ်လူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

အဆိုပါ Express ကားသည် အောင်ကျော်‌ဇော်ခရီးသည်တင်ယာဉ်လိုင်းဖြစ်ပြီး ရန်ကုန်မြို့မှ မြဝတီမြို့သို့ မောင်းနှင်လာစဉ် ရင်ကွဲတောင်အဆင်းအရောက်၌ မီးစလောင်ခြင်းဖြစ်ကြောင်း သိရသည်။

“ကားက ခေါင်းခန်းကစလောင်တာဆိုတော့ ဝါယာလိုင်းဖြစ်မယ် ထင်တယ်။ ကျွန်တော်တို့ရောက်တော့ ကားကအလယ်တစ်ဝက်လောက် လောင်နေပြီ။ ထိခိုက်ဒဏ်ရာရရှိတဲ့လူမရှိပါဘူး"ဟု သင်္ဃန်းညီနောင်မြို့သစ်လူမှုကယ်ဆယ်ရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

၎င်းခရီးသည်တင်ကားပေါ်တွင် လူ(၁၀)ဦး လိုက်ပါစီးနင်းလာပြီး မီးလောင်မှုဖြစ်စဉ်ကြောင့် ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရသည်။

zawgyi version
ရန္ကုန္ၿမိဳ႕မွ ျမဝတီၿမိဳ႕သို႔ ေမာင္းႏွင္လာသည့္ Express ကားတစ္စီး အာရွလမ္းေပၚ၌ မီးေလာင္မႈျဖစ္ပြား
ေစာ (NP News) - ႏိုဝင္ဘာ ၇

ကရင္ျပည္နယ္၊ ေကာ့ကရိတ္ၿမိဳ႕၊ အာရွလမ္းေပၚ၌ ရန္ကုန္ၿမိဳ႕မွ ျမဝတီၿမိဳ႕သို႔ ေမာင္းႏွင္လာသည့္ Express ကားတစ္စီး မီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔(ႏိုဝင္ဘာလ ၇ ရက္)၊ နံနက္ (၁၀)နာရီဝန္းက်င္အခ်ိန္တြင္ ေကာ့ကရိတ္ၿမိဳ႕နယ္၊ ျမဝတီ-ေကာ့ကရိတ္ အာရွလမ္း(ေတာင္ေပၚလမ္းသစ္)၊ ရင္ကြဲေတာင္အဆင္း၌ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သဃၤန္းညီေနာင္ၿမိဳ႕သစ္လူမႈကယ္ဆယ္ေရးအဖြဲ႕ထံမွ သိရသည္။

အဆိုပါ Express ကားသည္ ေအာင္ေက်ာ္‌ေဇာ္ခရီးသည္တင္ယာဥ္လိုင္းျဖစ္ၿပီး ရန္ကုန္ၿမိဳ႕မွ ျမဝတီၿမိဳ႕သို႔ ေမာင္းႏွင္လာစဥ္ ရင္ကြဲေတာင္အဆင္းအေရာက္၌ မီးစေလာင္ျခင္းျဖစ္ေၾကာင္း သိရသည္။

“ကားက ေခါင္းခန္းကစေလာင္တာဆိုေတာ့ ဝါယာလိုင္းျဖစ္မယ္ ထင္တယ္။ ကြၽန္ေတာ္တို႔ေရာက္ေတာ့ ကားကအလယ္တစ္ဝက္ေလာက္ ေလာင္ေနၿပီ။ ထိခိုက္ဒဏ္ရာရရွိတဲ့လူမရွိပါဘူး"ဟု သဃၤန္းညီေနာင္ၿမိဳ႕သစ္လူမႈကယ္ဆယ္ေရးအဖြဲ႕မွတာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

၎ခရီးသည္တင္ကားေပၚတြင္ လူ(၁၀)ဦး လိုက္ပါစီးနင္းလာၿပီး မီးေလာင္မႈျဖစ္စဥ္ေၾကာင့္ ခရီးသည္မ်ား ထိခိုက္ဒဏ္ရာရရွိမႈမရွိခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.