စမွတ်ပရာကန်ခရိုင်တွင် ကိုယ်ဝန်(၇)လရှိ မြန်မာနိုင်ငံသူကားတိုက်ခံရ ညာဘက်ခြေထောက်ဖြတ်ရနိုင်ချေရှိ

 690

ကျော်(NP News)- နိုဝင်ဘာ ၈

ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ခရိုင်တွင် ယမန်နေ့ (နိုဝင်ဘာလ ၇ ရက်)၊ ညနေပိုင်းက ကိုယ်ဝန် (၇)လရှိ မြန်မာနိုင်ငံသူအား ပစ်ကပ်ကားတစ်စီးမှ အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိခဲ့ကြောင်း သိရသည်။

ယမန်နေ့ ညနေပိုင်းက ပစ်ကပ်ကားတစ်စီးသည် စမွတ်ပရာကန်ခရိုင်၊ ဘန်င်ဘောမြို့ရှိ ကားလမ်းဘေးတွင် လမ်းလျှောက်လာသည့် ကိုယ်ဝန် ၇ လရှိ မြန်မာအမျိုးသမီးတစ်ဦးအား အရှိန်မထိန်းနိုင်ဘဲအနောက်မှ ဝင်တိုက်မိခဲ့ကြောင်း သိရသည်။

"ကိုယ်ဝန်သည်အမျိုးသမီးက လမ်းလျှောက်လာချိန်မှာ အရှိန်နဲ့ဝင်တိုက်မိတာ ညဘက်ခြေထောက်ပြတ်လုနီးပါးဖြစ်သွားတယ်။ ဆေးရုံကပြောပုံအရဆိုရင် ခြေထောက်အရိုးကျိုးသွားတယ်။ ခြေထောက်ကဖြတ်လိုက်ရနိုင်တဲ့အခြေအနေမှာရှိတယ်။ ကိုယ်ဝန်ထိခိုက်မိတာမရှိပါဘူး"ဟု ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအားကူညီပေးနေသည့် ကိုကျော်နိုင်ထွန်းကပြောသည်။

ဖြစ်စဥ်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် မြန်မာအမျိုးသမီးအား စမွတ်ပရာကန်အခြေစိုက်လူမှုကူညီရေးအသင်းဝင်များက အခင်းဖြစ်နေရာတွင်ပြုစုကုသမှုများပြုလုပ်ပေးပြီး စမွတ်ပရာကန်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

zawgyi version
စမြတ္ပရာကန္ခ႐ိုင္တြင္ ကိုယ္ဝန္(၇)လရွိ ျမန္မာႏိုင္ငံသူကားတိုက္ခံရ ညာဘက္ေျခေထာက္ျဖတ္ရႏိုင္ေခ်ရွိ
ေက်ာ္(NP News)- ႏိုဝင္ဘာ ၈

ထိုင္းႏိုင္ငံ၊ စမြတ္ပရာကန္ခ႐ိုင္တြင္ ယမန္ေန႔ (ႏိုဝင္ဘာလ ၇ ရက္)၊ ညေနပိုင္းက ကိုယ္ဝန္ (၇)လရွိ ျမန္မာႏိုင္ငံသူအား ပစ္ကပ္ကားတစ္စီးမွ အရွိန္မထိန္းႏိုင္ဘဲ ဝင္တိုက္မိခဲ့ေၾကာင္း သိရသည္။

ယမန္ေန႔ ညေနပိုင္းက ပစ္ကပ္ကားတစ္စီးသည္ စမြတ္ပရာကန္ခ႐ိုင္၊ ဘန္င္ေဘာၿမိဳ႕ရွိ ကားလမ္းေဘးတြင္ လမ္းေလွ်ာက္လာသည့္ ကိုယ္ဝန္ ၇ လရွိ ျမန္မာအမ်ိဳးသမီးတစ္ဦးအား အရွိန္မထိန္းႏိုင္ဘဲအေနာက္မွ ဝင္တိုက္မိခဲ့ေၾကာင္း သိရသည္။

"ကိုယ္ဝန္သည္အမ်ိဳးသမီးက လမ္းေလွ်ာက္လာခ်ိန္မွာ အရွိန္နဲ႔ဝင္တိုက္မိတာ ညဘက္ေျခေထာက္ျပတ္လုနီးပါးျဖစ္သြားတယ္။ ေဆး႐ုံကေျပာပုံအရဆိုရင္ ေျခေထာက္အ႐ိုးက်ိဳးသြားတယ္။ ေျခေထာက္ကျဖတ္လိုက္ရႏိုင္တဲ့အေျခအေနမွာရွိတယ္။ ကိုယ္ဝန္ထိခိုက္မိတာမရွိပါဘူး"ဟု ထိုင္းႏိုင္ငံေရာက္ ျမန္မာႏိုင္ငံသားမ်ားအားကူညီေပးေနသည့္ ကိုေက်ာ္ႏိုင္ထြန္းကေျပာသည္။

ျဖစ္စဥ္တြင္ ထိခိုက္ဒဏ္ရာရရွိခဲ့သည့္ ျမန္မာအမ်ိဳးသမီးအား စမြတ္ပရာကန္အေျခစိုက္လူမႈကူညီေရးအသင္းဝင္မ်ားက အခင္းျဖစ္ေနရာတြင္ျပဳစုကုသမႈမ်ားျပဳလုပ္ေပးၿပီး စမြတ္ပရာကန္ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ၾကေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.