အယ်လ်ဘေးနီးယားနိုင်ငံအတွင်း ရွှေ့ပြောင်းအခြေချသူ လက်ခံထိန်းသိမ်းရေးစခန်းများတည်ဆောက်မည့်အစီအစဉ် အီတလီလုပ် ဂွမ်တာနာမို အကျဉ်းစခန်းအဖြစ်ဝေဖန်ခံရ

 646

Htay Oung (NP News) - နိုဝင်ဘာ ၈

ရွှေ့ပြောင်းအခြေချသူများကို လက်ခံထားဖို့အတွက် အယ်လ်ဘေးနီးယားနိုင်ငံအတွင်း တစ်နှစ်လျှင် စခန်း ၂ ခုစီကျ တည်ဆောက်သွားမယ်လို့ အီတလီက ဆိုပါတယ်။ ပင်လယ်ပြင်မှ ဝင်ရောက်လာသူများကို ထားရှိဖို့အတွက် ဒေသတွင်း အိမ်နီးချင်း ဥရောပနိုင်ငံမှာ အဲ့ဒီလို စခန်းမျိုးဖွင့်လှစ်နိုင်ခြင်းဟာ တကယ့်သမိုင်းဝင်အစီအစဉ်ပဲ ဖြစ်တယ်လို့ အီတလီက ချီးကျူးပြောဆိုပါတယ်။ ဒါပေမယ့် အဲ့ဒီကိစ္စဟာ ဋ္ဌာနဆိုင်ရာ အဖွဲ့အစည်းများ သလောက် အလုပ်မဖြစ်တဲ့ ဗျူရိုကရေစီလုပ်ထုံးလုပ်နည်းအဓိပ္ပါယ်ဆောင်နေပြီး လူ့အခွင့်အရေးဆိုင်ရာ အတားအဆီးများနဲ့ ရင်ဆိုင်ရနိုင်ကြောင်း ကျမ်းကျင်သူများနဲ့ အတိုက်အခံနိုင်ငံရေးသမားတို့က သတိပေးလိုက်တယ်လို့ ရိုက်တာသတင်းအေဂျင်စီက ယမန်နေ့(နိုဝင်ဘာလ ၇ ရက်) တွင် ရေးသားပါတယ်။

အရှေ့အလယ်ပိုင်းနဲ့ အာဖရိကဒေသမှာ စစ်ရေးနဲ့ နယ်မြေချဲ့လာတဲ့ အိုင်အက်စ်တို့လို ဘာသာရေးအစွန်းရောက်များရဲ့ နှိပ်စက်သတ်ဖြတ်မှု၊ လက်နက်ကိုင်ပဋိပက္ခတို့ ထူပြောလာတဲ့အတွက် ထွက်ပြေးလာသူများဟာ ဥရောပတိုင်းပြည်များအတွင်း အလုံးအရင်းနဲ့ လှိမ့်ဝင်နေကြပါတယ်။ ဈေးနှုန်းသက်သာတဲ့ သယ်ယူပို့ဆောင်ရေးနဲ့ ပိုမိုအဆင့်မြင့်လာတဲ့ နည်းပညာတွေကြောင့် ရွေ့ပြောင်းအခြေချ ခိုလှုံခွင့်တောင်းခံသူ ဦးရေတိုးပွားလာခြင်းဟာ အီးယူနိုင်ငံများအတွက် အကျပ်အတည်းတစ်ခုဖြစ်လာနေပေမယ့် အဲဒီကိစ္စအပေါ် ထားရှိတဲ့ အမြင်သဘောထားနဲ့ ကိုင်တွယ်ဆောင်ရွက်ပုံတွေကတော့ ဥရောပတိုင်း ပြည်များမှာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ မတူညီကြပါဘူး။

အီတလီနဲ့ အယ်လ်ဘေးနီးယားတို့ရဲ့ သဘောတူညီချက်ဟာ ပုံမှန်မဟုတ်တဲ့ လူဝင်ရောက်မှုကို တားဆီးဖို့အတွက် ဥရောပသမဂ္ဂက ကျယ်ပြန့်စွာ ကိုင်တွယ်ဆောင်ရွက်နေတဲ့ အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ ခိုလှုံခွင့်စည်းမျဉ်းများကို ပြန်လည်ပြင်ဆင်ရန်နဲ့ ရောက်ရှိလာသူ အရေအတွက်ကို လျှော့ချနိုင်ဖို့အတွက် ဥရောပသမဂ္ဂအတွင်း ဆွေးနွေးညှိနှိုင်းနေကြခိုက် ဂျာမနီအပါအဝင် အခြားနိုင်ငံတွေကတော့ သူတို့ရဲ့မူဝါဒများကို တင်းတင်းကြပ်ကြပ်လုပ်ဆောင်နေပါတယ်။

အီတလီအနေနဲ့ အယ်လ်ဘေးနီးယားမြေပေါ်တွင် တစ်နှစ်လျှင် ရွှေ့ပြောင်းနေထိုင်သူ ၃၆,၀၀၀ ကို လက်ခံထားရှိဖို့အတွက် စင်တာနှစ်ခု တည်ဆောက်မှာဖြစ်ကြောင်း နှစ်နိုင်ငံဝန်ကြီးချုပ်တို့က တနင်္လာနေ့မှာ ကြေညာပါတယ်။

ရွှေပြောင်း အခြေချသူများ ဖြတ်သန်းလာလေ့ရှိတဲ့ မြေထဲပင်လယ်နဲ့ ထိစပ်နေတဲ့ နိုင်ငံချင်းအတူတူ အီတလီဟာ အယ်လ်ဘေးနီးယားထက် ၁၀ ဆ ပိုမိုကျယ်ဝန်းပါတယ်။ ဒါပေမယ့် လူဦးရေ ၅၉-သန်းရှိတဲ့ အီတလီဟာ နှစ်စဉ် ကမ္ဘာလှည့် ခရီးသွားဦးရေ သန်း ၅၀ ခန့် လာရောက်ရာ တိုင်းပြည်ဖြစ်နေပါတယ်။

ခိုလှုံခွင့်တောင်းခံလာသူများကို စိစစ်နေစဉ်အတွင်း လက်ခံထားရှိဖို့အတွက် အယ်လ်ဘေးနီးယားနိုင်ငံရဲ့ ကမ်း ရိုးတန်းနဲ့ ကုန်းတွင်းပိုင်းမှာ စခန်းတစ်ခုစီ တည်ဆောက်မယ့် ယခုအစီအစဉ်အတွက် ကုန်ကျစရိတ်အရပ်ရပ်ကို မိမိနိုင်ငံက အပြည့်အ၀ ပေးချေမှာဖြစ်ကြောင်း၊ မိမိနိုင်ငံရဲ့တရားစီရင်ပိုင်ခွင့်အောက်မှာ လည်ပတ်ဆောင်ရွက်စေမှာဖြစ်တဲ့အတွက် ဥရောပသမဂ္ဂရဲ့ ခိုလှုံခွင့်စည်းမျဉ်းများနဲ့ အကျုံးဝင်တယ်လို့ အသက် ၄၆-နှစ်အရွယ် အီတလီအမျိုးသမီး ဝန်ကြီးချုပ် ဂျော်ဂျီယာ မီလိုနီက ပြောပါတယ်။

အယ်လ်ဘေးနီးယားနိုင်ငံအတွင်း ထိန်းသိမ်းထားပြီး အီတလီနိုင်ငံရဲ့ တရားစီရင်ပိုင်ခွင့်အာဏာအောက်မှာ ထားရှိမယ်လို့ ဆိုခြင်းဟာ ဥရောပ မဟုတ်တဲ့ နယ်မြေများမှ ရွှေပြောင်းနေထိုင်သူတွေရဲ့ ခိုလှုံခွင့်အပါအဝင် သူတို့ရဲ့ အခြေခံအခွင့်အရေးများအပေါ် ဘယ်လိုကျင့်သုံးမယ်ဆိုတာ ကြီးမားတဲ့ မေးခွန်းတစ်ခုဖြစ်နေပြီး ရှင်းရှင်းလင်းလင်း မရှိသေးကြောင်း နိုင်ငံတကာ ကယ်ဆယ်ရေးကော်မတီ IRC ရဲ့ အီတလီဆိုင်ရာဋ္ဌာန အကြီးအကဲက ပြောပါတယ်။

အီတလီဝန်ကြီးချုပ်ရုံး သတင်းရင်းမြစ်ကတော့ အယ်လ်ဘေးနီးယားနဲ့ ယခုသဘောတူညီချက်ဟာ အာဖရိကမြောက်ပိုင်းမှ ထွက်ခွာလာပြီး မြေထဲပင်လယ်ကမ်းခြေနိုင်ငံအတွင်း ရောက်ရှိလာတဲ့ ခိုလှုံခွင့် တောင်းခံသူများ အနေနဲ့ ဥရောပသမဂ္ဂနိုင်ငံများအတွင်း ဆက်လက်ဝင်ရောက်ခွင့် မရှိအောင် တားဆီးဖို့ ရည်ရွယ်တယ်လို့ ပြောပါတယ်။

ဒီကိစ္စဟာ သမိုင်းဝင် အောင်မြင်မှုတစ်ခုဖြစ်ကြောင်း၊ အတောမသတ် တရားမဝင် ရောက်ရှိလာသူတွေကို ကိုင် တွယ်ရာမှာ အဖွဲ့အဝင်အဖြစ် လျှောက်ထားဆဲ တိုင်းပြည်က ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံကို ပထမဆုံး အကြိမ် ကူညီပေးခြင်း ဖြစ်နေတယ်လို့ အီတလီဝန်ကြီးချုပ်ရဲ့ လက်ထောက်တစ်ဦးက ဆိုပါတယ်။

အီတလီတရားရုံးများအနေနဲ့ ခိုလှုံခွင့်တောင်းခံမှုများ သို့မဟုတ် အခြားနိုင်ငံတစ်ခုခုက လက်ခံထားသူ လူအများအပေါ် ချုပ်နှောင်ထားခွင့် အမိန့်များကို မြန်မြန်ထက်ထက် လုပ်ဆောင်ရာမှာ အခက်တွေ့နိုင်တယ်လို့ ကျွမ်းကျင်သူများက သတိပေးပါတယ်။ ရှည်လျား ပေများတဲ့ လုပ်ထုံးလုပ်နည်တွေဟာ ရွှေ့ပြောင်းနေထိုင်သူများအတွက် တရားမျှတမှုကင်းပြီး ဝန်ထုပ်ဝန်ပိုးဖြစ်လာလိမ့်မယ်လို့ မှတ်ချက်ပေးပါတယ်။

အဲဒီလူတွေရဲ့ အခွင့်အရေးကို လေးစားလိုက်နာရမယ်ဆိုရင်တော့ ဒီ (အစီအစဉ်) ဟာ အလွန်ရှုပ်ထွေးပြီး မျှမျှတတ ကျိုးနွံတဲ့ ရလဒ်တွေထွက်လာဖို့ ဟန့် တားချက်များ ရှိနေကြောင်း၊ လုပ်ထုံးလုပ်နည်းများ ချောမွေ့ စေရန် ဆောင်ရွက်နိုင်သည့်တိုင် အီတလီရဲ့ ခိုလှုံခွင့်တောင်းခံမှုတွေဟာ ကြိုးနီစနစ်ဖြင့် ဖုံးလွှမ်းနေကြောင်း၊ ခိုလှုံခွင့် ပယ်ချခံရတဲ့ ရွှေ့ပြောင်းအခြေချသူများကို ပြန်လက်ခံဖို့ မူလနေရပ်နိုင်ငံများနဲ့ သဘောတူညီချက်များ မရှိခြင်းကြောင့် နေရပ်ပြန်ပို့ရန် အခက်အခဲရှိနိုင်ကြောင်း၊ မူလ နိုင်ငံတွေကလည်း သူတို့ကို ပြန်လည်ဒေါ်ယူဖို့ စိတ်အားထက်သန်မှု မရှိကြောင်း ကျွမ်းကျင်သူတစ်ဦးက ဝေဖန်ပါတယ်။

ယခုနှစ် အီတလီနိုင်ငံရဲ့ ကမ်းခြေများကို ပင်လယ်ခရီးဖြင့် ဝင်ရောက်လာသူ ၁၄၅,၀၀၀ ကျော်ရှိပြီး နေရပ်ပြန်ပို့နိုင်တဲ့ ရွှေ့ပြောင်းနေထိုင်သူ အရေအတွက်ဟာ လေးထောင်အောက်သာ ရှိကြောင်း၊ အယ်လ်ဘေးနီးယားနိုင်ငံက တိုက်ရိုက်နေရပ် ပြန်မပို့နိုင်တဲ့ ရွှေ့ပြောင်းအခြေချသူတွေဟာ အီတလီကိုပဲ ရွှေ့ပြောင်း ပေးရမှာ ဖြစ်တယ်လို့ ထောက်ပြပါတယ်။

အဲဒီလို ရွှေ့ပြောင်းပေးရတာမျိုး ဖြစ်မလာဘူး လို့ မိမိတို့က ငြင်းပယ်နေခြင်း မဟုတ်ကြောင်း၊ အယ်လ်ဘေးနီးယားရဲ့ အစီအစဉ်ဟာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ သဘောတူညီချက်ကို အပြည့်အဝ လေးစားလိုက်နပြီး အီတလီမှာ ခိုလှုံခွင့်ပေးရမယ့် တာဝန်များကို အယ်လ်ဘေးနီးယားထံ လွှဲပြောင်းပေးခြင်း မပြုသရွေ့ လက်ခံနိုင်ဖွယ်ရှိတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ (UNHCR) အီတလီဋ္ဌာနခွဲ အကြီးအကဲက ပြောပါတယ်။

အီတလီရဲ့ အစီအစဉ်ဟာ ဥရောပကော်မရှင်ရဲ့ တရားဥပဒေများနဲ့ ကိုက်ညီခြင်း ရှိ-မရှိ ကောက်မရှင် ပြောရေဆိုခွင့်ရှိသူက မှတ်ချက်မပေးပါဘူး။ ဒါပေမယ့် အီတလီရဲ့ လုပ်ရပ်ဟာ သူ့နိုင်ငံတရားရုံးများက ခိုလှုံခွင့်ပေးထားတဲ့ ရွှေပြောင်း အခြေချသူ ထောင်ပေါင်းများစွာတို့ကို ရဝမ်ဒါနိုင်ငံထံ ပို့ပစ်မယ့် ဗြိတိန်ရဲ့ လုပ်ရပ်မျိုးနဲ့တော့ ကွဲပြားခြားနားပုံရတယ်လို့ ဆိုပါတယ်။

ရဝမ်ဒါလောက် မဆိုးတာက အယ်လ်ဘေးနီးယားရောက်ရှိနေသူများအပေါ် လူ့အခွင့်အရေးဆိုင်ရာ ဥရောပ ကွန်ဗင်းရှင်းက အကာအကွယ်ပေးထားတယ်လို့ ရောမမြို့ လု့စ်တက္ကသိုလ် ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ ဥပဒေပညာရှင်တစ်ဦးက မှတ်ချက်ပေးပါတယ်။

ရွှေ့ပြောင်းအခြေချသူတွေကို အီတလီမြေပေါ်မှာ ခြေချခွင့် မပေးပဲ အယ်လ်ဘေးနီးယားကို တိုက်ရိုက်ခေါ် ဆောင်သွားမှာဖြစ်ပြီး ဗြိတိန်ရဲ့ အစီအစဉ်ကတော့ သူ့ပြည်တွင်းရောက်ရှိနေသူတွေကို အာဖရိက နိုင်ငံထံ ပို့ပစ်ခြင်းလောက်တော့ ကွာခြားတယ်လို့ ပြောပါတယ်။

အီတလီ အတိုက်အခံတွေကတော့ မီလိုနီအစိုးရဲ့ အစီအစဉ်ကို ကန့်ကွက်နေပါတယ်။ အကြမ်းဖက်သမားလို့ သံသယရှိသူများကို သူ့နိုင်ငံမြေပေါ်မှာ မထားပဲ ကျူးဘားကို ပို့ပစ်ပြီး နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဂွမ်တာနာမို အကျဉ်းစခန်းမှာ ဥပဒေမဲ့ ချုပ်နှောင်ထားသလိုမျိုး ဥပဒေကို လက်တလုံးခြားလုပ်တဲ့ အပြုအမူပဲလို့ ရှုတ်ချနေကြပါတယ်။

(Reuters., 7 November 2023,” Italy's migrant deal with Albania faces rights hurdles and red tape” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

zawgyi version
အယ္လ္ေဘးနီးယားႏိုင္ငံအတြင္း ေ႐ႊ႕ေျပာင္းအေျခခ်သူ လက္ခံထိန္းသိမ္းေရးစခန္းမ်ားတည္ေဆာက္မည့္အစီအစဥ္ အီတလီလုပ္ ဂြမ္တာနာမို အက်ဥ္းစခန္းအျဖစ္ေဝဖန္ခံရ
Htay Oung (NP News) - ႏိုဝင္ဘာ ၈

ေ႐ႊ႕ေျပာင္းအေျခခ်သူမ်ားကို လက္ခံထားဖို႔အတြက္ အယ္လ္ေဘးနီးယားႏိုင္ငံအတြင္း တစ္ႏွစ္လွ်င္ စခန္း ၂ ခုစီက် တည္ေဆာက္သြားမယ္လို႔ အီတလီက ဆိုပါတယ္။ ပင္လယ္ျပင္မွ ဝင္ေရာက္လာသူမ်ားကို ထားရွိဖို႔အတြက္ ေဒသတြင္း အိမ္နီးခ်င္း ဥေရာပႏိုင္ငံမွာ အဲ့ဒီလို စခန္းမ်ိဳးဖြင့္လွစ္ႏိုင္ျခင္းဟာ တကယ့္သမိုင္းဝင္အစီအစဥ္ပဲ ျဖစ္တယ္လို႔ အီတလီက ခ်ီးက်ဴးေျပာဆိုပါတယ္။ ဒါေပမယ့္ အဲ့ဒီကိစၥဟာ ႒ာနဆိုင္ရာ အဖြဲ႕အစည္းမ်ား သေလာက္ အလုပ္မျဖစ္တဲ့ ဗ်ဴ႐ိုကေရစီလုပ္ထုံးလုပ္နည္းအဓိပၸါယ္ေဆာင္ေနၿပီး လူ႔အခြင့္အေရးဆိုင္ရာ အတားအဆီးမ်ားနဲ႔ ရင္ဆိုင္ရႏိုင္ေၾကာင္း က်မ္းက်င္သူမ်ားနဲ႔ အတိုက္အခံႏိုင္ငံေရးသမားတို႔က သတိေပးလိုက္တယ္လို႔ ႐ိုက္တာသတင္းေအဂ်င္စီက ယမန္ေန႔(ႏိုဝင္ဘာလ ၇ ရက္) တြင္ ေရးသားပါတယ္။

အေရွ႕အလယ္ပိုင္းနဲ႔ အာဖရိကေဒသမွာ စစ္ေရးနဲ႔ နယ္ေျမခ်ဲ႕လာတဲ့ အိုင္အက္စ္တို႔လို ဘာသာေရးအစြန္းေရာက္မ်ားရဲ႕ ႏွိပ္စက္သတ္ျဖတ္မႈ၊ လက္နက္ကိုင္ပဋိပကၡတို႔ ထူေျပာလာတဲ့အတြက္ ထြက္ေျပးလာသူမ်ားဟာ ဥေရာပတိုင္းျပည္မ်ားအတြင္း အလုံးအရင္းနဲ႔ လွိမ့္ဝင္ေနၾကပါတယ္။ ေဈးႏႈန္းသက္သာတဲ့ သယ္ယူပို႔ေဆာင္ေရးနဲ႔ ပိုမိုအဆင့္ျမင့္လာတဲ့ နည္းပညာေတြေၾကာင့္ ေ႐ြ႕ေျပာင္းအေျခခ် ခိုလႈံခြင့္ေတာင္းခံသူ ဦးေရတိုးပြားလာျခင္းဟာ အီးယူႏိုင္ငံမ်ားအတြက္ အက်ပ္အတည္းတစ္ခုျဖစ္လာေနေပမယ့္ အဲဒီကိစၥအေပၚ ထားရွိတဲ့ အျမင္သေဘာထားနဲ႔ ကိုင္တြယ္ေဆာင္႐ြက္ပုံေတြကေတာ့ ဥေရာပတိုင္း ျပည္မ်ားမွာ တစ္ႏိုင္ငံနဲ႔တစ္ႏိုင္ငံ မတူညီၾကပါဘူး။

အီတလီနဲ႔ အယ္လ္ေဘးနီးယားတို႔ရဲ႕ သေဘာတူညီခ်က္ဟာ ပုံမွန္မဟုတ္တဲ့ လူဝင္ေရာက္မႈကို တားဆီးဖို႔အတြက္ ဥေရာပသမဂၢက က်ယ္ျပန႔္စြာ ကိုင္တြယ္ေဆာင္႐ြက္ေနတဲ့ အစီအစဥ္ရဲ႕ တစ္စိတ္တစ္ပိုင္းျဖစ္ပါတယ္။ ခိုလႈံခြင့္စည္းမ်ဥ္းမ်ားကို ျပန္လည္ျပင္ဆင္ရန္နဲ႔ ေရာက္ရွိလာသူ အေရအတြက္ကို ေလွ်ာ့ခ်ႏိုင္ဖို႔အတြက္ ဥေရာပသမဂၢအတြင္း ေဆြးေႏြးညႇိႏႈိင္းေနၾကခိုက္ ဂ်ာမနီအပါအဝင္ အျခားႏိုင္ငံေတြကေတာ့ သူတို႔ရဲ႕မူဝါဒမ်ားကို တင္းတင္းၾကပ္ၾကပ္လုပ္ေဆာင္ေနပါတယ္။

အီတလီအေနနဲ႔ အယ္လ္ေဘးနီးယားေျမေပၚတြင္ တစ္ႏွစ္လွ်င္ ေ႐ႊ႕ေျပာင္းေနထိုင္သူ ၃၆,၀၀၀ ကို လက္ခံထားရွိဖို႔အတြက္ စင္တာႏွစ္ခု တည္ေဆာက္မွာျဖစ္ေၾကာင္း ႏွစ္ႏိုင္ငံဝန္ႀကီးခ်ဳပ္တို႔က တနလၤာေန႔မွာ ေၾကညာပါတယ္။

ေ႐ႊေျပာင္း အေျခခ်သူမ်ား ျဖတ္သန္းလာေလ့ရွိတဲ့ ေျမထဲပင္လယ္နဲ႔ ထိစပ္ေနတဲ့ ႏိုင္ငံခ်င္းအတူတူ အီတလီဟာ အယ္လ္ေဘးနီးယားထက္ ၁၀ ဆ ပိုမိုက်ယ္ဝန္းပါတယ္။ ဒါေပမယ့္ လူဦးေရ ၅၉-သန္းရွိတဲ့ အီတလီဟာ ႏွစ္စဥ္ ကမာၻလွည့္ ခရီးသြားဦးေရ သန္း ၅၀ ခန႔္ လာေရာက္ရာ တိုင္းျပည္ျဖစ္ေနပါတယ္။

ခိုလႈံခြင့္ေတာင္းခံလာသူမ်ားကို စိစစ္ေနစဥ္အတြင္း လက္ခံထားရွိဖို႔အတြက္ အယ္လ္ေဘးနီးယားႏိုင္ငံရဲ႕ ကမ္း ႐ိုးတန္းနဲ႔ ကုန္းတြင္းပိုင္းမွာ စခန္းတစ္ခုစီ တည္ေဆာက္မယ့္ ယခုအစီအစဥ္အတြက္ ကုန္က်စရိတ္အရပ္ရပ္ကို မိမိႏိုင္ငံက အျပည့္အ၀ ေပးေခ်မွာျဖစ္ေၾကာင္း၊ မိမိႏိုင္ငံရဲ႕တရားစီရင္ပိုင္ခြင့္ေအာက္မွာ လည္ပတ္ေဆာင္႐ြက္ေစမွာျဖစ္တဲ့အတြက္ ဥေရာပသမဂၢရဲ႕ ခိုလႈံခြင့္စည္းမ်ဥ္းမ်ားနဲ႔ အက်ဳံးဝင္တယ္လို႔ အသက္ ၄၆-ႏွစ္အ႐ြယ္ အီတလီအမ်ိဳးသမီး ဝန္ႀကီးခ်ဳပ္ ေဂ်ာ္ဂ်ီယာ မီလိုနီက ေျပာပါတယ္။

အယ္လ္ေဘးနီးယားႏိုင္ငံအတြင္း ထိန္းသိမ္းထားၿပီး အီတလီႏိုင္ငံရဲ႕ တရားစီရင္ပိုင္ခြင့္အာဏာေအာက္မွာ ထားရွိမယ္လို႔ ဆိုျခင္းဟာ ဥေရာပ မဟုတ္တဲ့ နယ္ေျမမ်ားမွ ေ႐ႊေျပာင္းေနထိုင္သူေတြရဲ႕ ခိုလႈံခြင့္အပါအဝင္ သူတို႔ရဲ႕ အေျခခံအခြင့္အေရးမ်ားအေပၚ ဘယ္လိုက်င့္သုံးမယ္ဆိုတာ ႀကီးမားတဲ့ ေမးခြန္းတစ္ခုျဖစ္ေနၿပီး ရွင္းရွင္းလင္းလင္း မရွိေသးေၾကာင္း ႏိုင္ငံတကာ ကယ္ဆယ္ေရးေကာ္မတီ IRC ရဲ႕ အီတလီဆိုင္ရာ႒ာန အႀကီးအကဲက ေျပာပါတယ္။

အီတလီဝန္ႀကီးခ်ဳပ္႐ုံး သတင္းရင္းျမစ္ကေတာ့ အယ္လ္ေဘးနီးယားနဲ႔ ယခုသေဘာတူညီခ်က္ဟာ အာဖရိကေျမာက္ပိုင္းမွ ထြက္ခြာလာၿပီး ေျမထဲပင္လယ္ကမ္းေျခႏိုင္ငံအတြင္း ေရာက္ရွိလာတဲ့ ခိုလႈံခြင့္ ေတာင္းခံသူမ်ား အေနနဲ႔ ဥေရာပသမဂၢႏိုင္ငံမ်ားအတြင္း ဆက္လက္ဝင္ေရာက္ခြင့္ မရွိေအာင္ တားဆီးဖို႔ ရည္႐ြယ္တယ္လို႔ ေျပာပါတယ္။

ဒီကိစၥဟာ သမိုင္းဝင္ ေအာင္ျမင္မႈတစ္ခုျဖစ္ေၾကာင္း၊ အေတာမသတ္ တရားမဝင္ ေရာက္ရွိလာသူေတြကို ကိုင္ တြယ္ရာမွာ အဖြဲ႕အဝင္အျဖစ္ ေလွ်ာက္ထားဆဲ တိုင္းျပည္က ဥေရာပသမဂၢအဖြဲ႕ဝင္ႏိုင္ငံကို ပထမဆုံး အႀကိမ္ ကူညီေပးျခင္း ျဖစ္ေနတယ္လို႔ အီတလီဝန္ႀကီးခ်ဳပ္ရဲ႕ လက္ေထာက္တစ္ဦးက ဆိုပါတယ္။

အီတလီတရား႐ုံးမ်ားအေနနဲ႔ ခိုလႈံခြင့္ေတာင္းခံမႈမ်ား သို႔မဟုတ္ အျခားႏိုင္ငံတစ္ခုခုက လက္ခံထားသူ လူအမ်ားအေပၚ ခ်ဳပ္ေႏွာင္ထားခြင့္ အမိန႔္မ်ားကို ျမန္ျမန္ထက္ထက္ လုပ္ေဆာင္ရာမွာ အခက္ေတြ႕ႏိုင္တယ္လို႔ ကြၽမ္းက်င္သူမ်ားက သတိေပးပါတယ္။ ရွည္လ်ား ေပမ်ားတဲ့ လုပ္ထုံးလုပ္နည္ေတြဟာ ေ႐ႊ႕ေျပာင္းေနထိုင္သူမ်ားအတြက္ တရားမွ်တမႈကင္းၿပီး ဝန္ထုပ္ဝန္ပိုးျဖစ္လာလိမ့္မယ္လို႔ မွတ္ခ်က္ေပးပါတယ္။

အဲဒီလူေတြရဲ႕ အခြင့္အေရးကို ေလးစားလိုက္နာရမယ္ဆိုရင္ေတာ့ ဒီ (အစီအစဥ္) ဟာ အလြန္ရႈပ္ေထြးၿပီး မွ်မွ်တတ က်ိဳးႏြံတဲ့ ရလဒ္ေတြထြက္လာဖို႔ ဟန႔္ တားခ်က္မ်ား ရွိေနေၾကာင္း၊ လုပ္ထုံးလုပ္နည္းမ်ား ေခ်ာေမြ႕ ေစရန္ ေဆာင္႐ြက္ႏိုင္သည့္တိုင္ အီတလီရဲ႕ ခိုလႈံခြင့္ေတာင္းခံမႈေတြဟာ ႀကိဳးနီစနစ္ျဖင့္ ဖုံးလႊမ္းေနေၾကာင္း၊ ခိုလႈံခြင့္ ပယ္ခ်ခံရတဲ့ ေ႐ႊ႕ေျပာင္းအေျခခ်သူမ်ားကို ျပန္လက္ခံဖို႔ မူလေနရပ္ႏိုင္ငံမ်ားနဲ႔ သေဘာတူညီခ်က္မ်ား မရွိျခင္းေၾကာင့္ ေနရပ္ျပန္ပို႔ရန္ အခက္အခဲရွိႏိုင္ေၾကာင္း၊ မူလ ႏိုင္ငံေတြကလည္း သူတို႔ကို ျပန္လည္ေဒၚယူဖို႔ စိတ္အားထက္သန္မႈ မရွိေၾကာင္း ကြၽမ္းက်င္သူတစ္ဦးက ေဝဖန္ပါတယ္။

ယခုႏွစ္ အီတလီႏိုင္ငံရဲ႕ ကမ္းေျခမ်ားကို ပင္လယ္ခရီးျဖင့္ ဝင္ေရာက္လာသူ ၁၄၅,၀၀၀ ေက်ာ္ရွိၿပီး ေနရပ္ျပန္ပို႔ႏိုင္တဲ့ ေ႐ႊ႕ေျပာင္းေနထိုင္သူ အေရအတြက္ဟာ ေလးေထာင္ေအာက္သာ ရွိေၾကာင္း၊ အယ္လ္ေဘးနီးယားႏိုင္ငံက တိုက္႐ိုက္ေနရပ္ ျပန္မပို႔ႏိုင္တဲ့ ေ႐ႊ႕ေျပာင္းအေျခခ်သူေတြဟာ အီတလီကိုပဲ ေ႐ႊ႕ေျပာင္း ေပးရမွာ ျဖစ္တယ္လို႔ ေထာက္ျပပါတယ္။

အဲဒီလို ေ႐ႊ႕ေျပာင္းေပးရတာမ်ိဳး ျဖစ္မလာဘူး လို႔ မိမိတို႔က ျငင္းပယ္ေနျခင္း မဟုတ္ေၾကာင္း၊ အယ္လ္ေဘးနီးယားရဲ႕ အစီအစဥ္ဟာ ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ သေဘာတူညီခ်က္ကို အျပည့္အဝ ေလးစားလိုက္နၿပီး အီတလီမွာ ခိုလႈံခြင့္ေပးရမယ့္ တာဝန္မ်ားကို အယ္လ္ေဘးနီးယားထံ လႊဲေျပာင္းေပးျခင္း မျပဳသေ႐ြ႕ လက္ခံႏိုင္ဖြယ္ရွိတယ္လို႔ ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ (UNHCR) အီတလီ႒ာနခြဲ အႀကီးအကဲက ေျပာပါတယ္။

အီတလီရဲ႕ အစီအစဥ္ဟာ ဥေရာပေကာ္မရွင္ရဲ႕ တရားဥပေဒမ်ားနဲ႔ ကိုက္ညီျခင္း ရွိ-မရွိ ေကာက္မရွင္ ေျပာေရဆိုခြင့္ရွိသူက မွတ္ခ်က္မေပးပါဘူး။ ဒါေပမယ့္ အီတလီရဲ႕ လုပ္ရပ္ဟာ သူ႔ႏိုင္ငံတရား႐ုံးမ်ားက ခိုလႈံခြင့္ေပးထားတဲ့ ေ႐ႊေျပာင္း အေျခခ်သူ ေထာင္ေပါင္းမ်ားစြာတို႔ကို ရဝမ္ဒါႏိုင္ငံထံ ပို႔ပစ္မယ့္ ၿဗိတိန္ရဲ႕ လုပ္ရပ္မ်ိဳးနဲ႔ေတာ့ ကြဲျပားျခားနားပုံရတယ္လို႔ ဆိုပါတယ္။

ရဝမ္ဒါေလာက္ မဆိုးတာက အယ္လ္ေဘးနီးယားေရာက္ရွိေနသူမ်ားအေပၚ လူ႔အခြင့္အေရးဆိုင္ရာ ဥေရာပ ကြန္ဗင္းရွင္းက အကာအကြယ္ေပးထားတယ္လို႔ ေရာမၿမိဳ႕ လု႔စ္တကၠသိုလ္ ေ႐ႊ႕ေျပာင္းေနထိုင္မႈဆိုင္ရာ ဥပေဒပညာရွင္တစ္ဦးက မွတ္ခ်က္ေပးပါတယ္။

ေ႐ႊ႕ေျပာင္းအေျခခ်သူေတြကို အီတလီေျမေပၚမွာ ေျခခ်ခြင့္ မေပးပဲ အယ္လ္ေဘးနီးယားကို တိုက္႐ိုက္ေခၚ ေဆာင္သြားမွာျဖစ္ၿပီး ၿဗိတိန္ရဲ႕ အစီအစဥ္ကေတာ့ သူ႔ျပည္တြင္းေရာက္ရွိေနသူေတြကို အာဖရိက ႏိုင္ငံထံ ပို႔ပစ္ျခင္းေလာက္ေတာ့ ကြာျခားတယ္လို႔ ေျပာပါတယ္။

အီတလီ အတိုက္အခံေတြကေတာ့ မီလိုနီအစိုးရဲ႕ အစီအစဥ္ကို ကန႔္ကြက္ေနပါတယ္။ အၾကမ္းဖက္သမားလို႔ သံသယရွိသူမ်ားကို သူ႔ႏိုင္ငံေျမေပၚမွာ မထားပဲ က်ဴးဘားကို ပို႔ပစ္ၿပီး နာမည္ဆိုးနဲ႔ ေက်ာ္ၾကားတဲ့ ဂြမ္တာနာမို အက်ဥ္းစခန္းမွာ ဥပေဒမဲ့ ခ်ဳပ္ေႏွာင္ထားသလိုမ်ိဳး ဥပေဒကို လက္တလုံးျခားလုပ္တဲ့ အျပဳအမူပဲလို႔ ရႈတ္ခ်ေနၾကပါတယ္။

(Reuters., 7 November 2023,” Italy's migrant deal with Albania faces rights hurdles and red tape” ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.