ကွမ်းလုံမြို့၌တိုက်ပွဲများ ဆက်လက်ပြင်းထန်၊ နှစ်ပေါင်း(၆၀)နီးပါးသက်တမ်းရှိ ကွမ်းလုံကြိုးတံတား ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်

 4459

မြူနစ် (NP News) - နိုဝင်ဘာ ၁၂

ရှမ်းပြည်နယ်၊ ကွမ်းလုံမြို့၌ တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိပြီး နှစ်ပေါင်း (၆၀)နီးပါးသက်တမ်းရှိ ကွမ်းလုံကြိုးတံတား ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း သတင်းရရှိသည်။

ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA ဦးဆောင်သော ပူးပေါင်းအဖွဲ့များနှင့် တပ်မတော်တို့ကြားတွင် ယနေ့(နိုဝင်ဘာလ ၁၂ ရက်)တွင်လည်း ကွမ်းလုံမြို့၌တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း သိရသည်။

MNDAA ဦးဆောင်သော ပူးပေါင်းအဖွဲ့များသည် ကွမ်းလုံမြို့ကို ထိန်းချုပ်သိမ်းပိုက်နိုင်ရန်အတွက် အင်အားအလုံးအရင်းနှင့်အတူ Drop ဗုံးများစွာကို အသုံးပြုကာ ဝင်ရောက်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုများအတွင်း Drop ဗုံးများ ကျရောက်ပေါက်ကွဲမှုကြောင့် နှစ်ပေါင်း(၆၀)နီးပါးသက်တမ်းရှိ သမိုင်းဝင်ကွမ်းလုံကြိုးတံတားသည် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ကွမ်းလုံဒေသခံအချို့က NP News ကို ပြောသည်။

“တိုက်ပွဲတွေက ဆက်ဖြစ်နေတုန်းပါပဲ။ ကွမ်းလုံကြိုးတံတား ထိခိုက်ပျက်စီးခဲ့တာက မှန်ပါတယ်။ စိတ်မကောင်းလည်း ဖြစ်ရပါတယ်။ တိုက်ပွဲတွေ အမြန်ရပ်စေချင်ပြီ”ဟု ကွမ်းလုံမြို့ခံတစ်ဦးက ပြောသည်။

ကွမ်းလုံကြိုးတံတားသည် ကွမ်းလုံမြို့အနီး၌ သံလွင်မြစ်ကို ဖြတ်ကျော်ကာ ၁၉၆၄ ခုနှစ်တွင် တည် ဆောက်ခဲ့သော တံတားတစ်စင်းဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွင် အရေးပါသော တံတားတစ်စင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ကွမ်းလုံကြိုးတံတား၏ သက်တမ်းသည် နှစ်ပေါင်း (၅၉)နှစ်ခန့်ရှိနေပြီဖြစ်ကြောင်း သိရသည်။

အလားတူ ယနေ့ နံနက်ပိုင်းတွင်လည်း ရှမ်းပြည်နယ်၊ သီပေါမြို့နယ်၊ ကျင်သီတံတားအနီးရှိ လုံခြုံရေးစခန်းကို MNDAA ၏ မဟာမိတ် တအာင်းလက်နက်ကိုင်အဖွဲ့ TNLA က ဝင်ရောက်တိုက်ခိုက်ပြီးနောက် ကျင်သီတံတားကို မိုင်းခွဲဖျက်ဆီးသွားခဲ့သည်။

“ဒီတံတားဟာ မန္တလေး-မူဆယ်ပြည်ထောင်လမ်းမကြီးပေါ်မှာရှိတဲ့ တံတားဖြစ်တယ်။ အကြမ်းဖက်သောင်းကျန်းသူများအနေနဲ့ ပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်၊ ပြည်သူ့လူထုရဲ့ လမ်းပန်းဆက် သွယ်ရေးလမ်းကြောင်းကို အဓိကထားပြီးတော့ ဖောက်ခွဲဖျက်ဆီး တိုက်ခိုက်နေတာဖြစ်ပါတယ်။ ဒီဟာတွေသည် အစိုးရကို တိုက်ခိုက်တာမဟုတ်ပါဘူး။ ပြည်သူကို တိုက်ရိုက်စော်ကား တိုက်ခိုက်တာဖြစ်ပါတယ်”ဟု နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက တုံ့ပြန်ထားသည်။

MNDAA ဦးဆောင်သော ပူးပေါင်းအဖွဲ့များသည် ကွမ်းလုံမြို့ကို တိုက်ခိုက်နေသည်မှာ တစ်ပတ်ခန့်ကြာမြင့်နေပြီဖြစ်ကာ နှစ်ဖက်ကြားတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း သိရသည်။

ယနေ့ ညနေပိုင်းအချိန်တွင် ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA က ကွမ်းလုံမြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်ထားသည်ကိုလည်း တွေ့ရှိရသည်။

သို့သော် ကွမ်းလုံမြို့ သိမ်းပိုက်ခံရမှုသတင်းနှင့်ပတ်သက်၍ NP News အနေဖြင့် နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့ထံ ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

zawgyi version
ကြမ္းလုံၿမိဳ႕၌တိုက္ပြဲမ်ား ဆက္လက္ျပင္းထန္၊ ႏွစ္ေပါင္း(၆၀)နီးပါးသက္တမ္းရွိ ကြမ္းလုံႀကိဳးတံတား ထိခိုက္ပ်က္စီးမႈမ်ားျဖစ္ေပၚ
ျမဴနစ္ (NP News) - ႏိုဝင္ဘာ ၁၂

ရွမ္းျပည္နယ္၊ ကြမ္းလုံၿမိဳ႕၌ တိုက္ပြဲမ်ား ဆက္လက္ျပင္းထန္လ်က္ရွိၿပီး ႏွစ္ေပါင္း (၆၀)နီးပါးသက္တမ္းရွိ ကြမ္းလုံႀကိဳးတံတား ထိခိုက္ပ်က္စီးမႈမ်ားရွိခဲ့ေၾကာင္း သတင္းရရွိသည္။

ကိုးကန႔္လက္နက္ကိုင္အဖြဲ႕ MNDAA ဦးေဆာင္ေသာ ပူးေပါင္းအဖြဲ႕မ်ားႏွင့္ တပ္မေတာ္တို႔ၾကားတြင္ ယေန႔(ႏိုဝင္ဘာလ ၁၂ ရက္)တြင္လည္း ကြမ္းလုံၿမိဳ႕၌တိုက္ပြဲမ်ား ဆက္လက္ျပင္းထန္ေနေၾကာင္း သိရသည္။

MNDAA ဦးေဆာင္ေသာ ပူးေပါင္းအဖြဲ႕မ်ားသည္ ကြမ္းလုံၿမိဳ႕ကို ထိန္းခ်ဳပ္သိမ္းပိုက္ႏိုင္ရန္အတြက္ အင္အားအလုံးအရင္းႏွင့္အတူ Drop ဗုံးမ်ားစြာကို အသုံးျပဳကာ ဝင္ေရာက္တိုက္ခိုက္လ်က္ရွိေၾကာင္း သိရသည္။

ထိုသို႔ တိုက္ခိုက္မႈမ်ားအတြင္း Drop ဗုံးမ်ား က်ေရာက္ေပါက္ကြဲမႈေၾကာင့္ ႏွစ္ေပါင္း(၆၀)နီးပါးသက္တမ္းရွိ သမိုင္းဝင္ကြမ္းလုံႀကိဳးတံတားသည္ ထိခိုက္ပ်က္စီးမႈမ်ား ျဖစ္ေပၚခဲ့ေၾကာင္း ကြမ္းလုံေဒသခံအခ်ိဳ႕က NP News ကို ေျပာသည္။

“တိုက္ပြဲေတြက ဆက္ျဖစ္ေနတုန္းပါပဲ။ ကြမ္းလုံႀကိဳးတံတား ထိခိုက္ပ်က္စီးခဲ့တာက မွန္ပါတယ္။ စိတ္မေကာင္းလည္း ျဖစ္ရပါတယ္။ တိုက္ပြဲေတြ အျမန္ရပ္ေစခ်င္ၿပီ”ဟု ကြမ္းလုံၿမိဳ႕ခံတစ္ဦးက ေျပာသည္။

ကြမ္းလုံႀကိဳးတံတားသည္ ကြမ္းလုံၿမိဳ႕အနီး၌ သံလြင္ျမစ္ကို ျဖတ္ေက်ာ္ကာ ၁၉၆၄ ခုႏွစ္တြင္ တည္ ေဆာက္ခဲ့ေသာ တံတားတစ္စင္းျဖစ္ၿပီး နယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္းတြင္ အေရးပါေသာ တံတားတစ္စင္းျဖစ္ေၾကာင္း သိရသည္။

လက္ရွိတြင္ ကြမ္းလုံႀကိဳးတံတား၏ သက္တမ္းသည္ ႏွစ္ေပါင္း (၅၉)ႏွစ္ခန႔္ရွိေနၿပီျဖစ္ေၾကာင္း သိရသည္။

အလားတူ ယေန႔ နံနက္ပိုင္းတြင္လည္း ရွမ္းျပည္နယ္၊ သီေပါၿမိဳ႕နယ္၊ က်င္သီတံတားအနီးရွိ လုံၿခဳံေရးစခန္းကို MNDAA ၏ မဟာမိတ္ တအာင္းလက္နက္ကိုင္အဖြဲ႕ TNLA က ဝင္ေရာက္တိုက္ခိုက္ၿပီးေနာက္ က်င္သီတံတားကို မိုင္းခြဲဖ်က္ဆီးသြားခဲ့သည္။

“ဒီတံတားဟာ မႏၲေလး-မူဆယ္ျပည္ေထာင္လမ္းမႀကီးေပၚမွာရွိတဲ့ တံတားျဖစ္တယ္။ အၾကမ္းဖက္ေသာင္းက်န္းသူမ်ားအေနနဲ႔ ျပည္သူလူထုရဲ႕အသက္အိုးအိမ္စည္းစိမ္၊ ျပည္သူ႔လူထုရဲ႕ လမ္းပန္းဆက္ သြယ္ေရးလမ္းေၾကာင္းကို အဓိကထားၿပီးေတာ့ ေဖာက္ခြဲဖ်က္ဆီး တိုက္ခိုက္ေနတာျဖစ္ပါတယ္။ ဒီဟာေတြသည္ အစိုးရကို တိုက္ခိုက္တာမဟုတ္ပါဘူး။ ျပည္သူကို တိုက္႐ိုက္ေစာ္ကား တိုက္ခိုက္တာျဖစ္ပါတယ္”ဟု နစကေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက တုံ႔ျပန္ထားသည္။

MNDAA ဦးေဆာင္ေသာ ပူးေပါင္းအဖြဲ႕မ်ားသည္ ကြမ္းလုံၿမိဳ႕ကို တိုက္ခိုက္ေနသည္မွာ တစ္ပတ္ခန႔္ၾကာျမင့္ေနၿပီျဖစ္ကာ ႏွစ္ဖက္ၾကားတြင္ တိုက္ပြဲမ်ား ဆက္လက္ျပင္းထန္ေနေၾကာင္း သိရသည္။

ယေန႔ ညေနပိုင္းအခ်ိန္တြင္ ကိုးကန႔္လက္နက္ကိုင္အဖြဲ႕ MNDAA က ကြမ္းလုံၿမိဳ႕ကို အၿပီးသတ္ သိမ္းပိုက္ႏိုင္ခဲ့ၿပီျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္ကိုလည္း ေတြ႕ရွိရသည္။

သို႔ေသာ္ ကြမ္းလုံၿမိဳ႕ သိမ္းပိုက္ခံရမႈသတင္းႏွင့္ပတ္သက္၍ NP News အေနျဖင့္ နစက၏ သတင္းထုတ္ျပန္ေရးအဖြဲ႕ထံ ဆက္သြယ္ခဲ့ေသာ္လည္း အဆက္အသြယ္မရရွိခဲ့ေပ။

Related news

© 2021. All rights reserved.