ဖားအောက်တောရဆရာတော် ယနေ့၌ စင်ကာပူနိုင်ငံတွင် နှလုံးအထူးကုသမှုခံယူ

1398
ကျော် (NP News) - နိုဝင်ဘာ ၁၅
နှလုံးကျန်းမာရေးမကောင်းသဖြင့် ဆေးကုသမှုခံယူရန် စင်ကာပူနိုင်ငံသို့ရောက်ရှိနေသည့် ဖားအောက်တောရဆရာတော်ကြီးသည် ယနေ့ (နိုဝင်ဘာလ ၁၅ ရက်) နေ့လည် ၁၂ နာရီ၌ နှလုံးအထူးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
ဖားအောက်တောရဆရာတော်ကြီးသည် ဆေးကုသမှုခံယူရန် စင်ကာပူနိုင်ငံသို့ နိုဝင်ဘာလ ၉ ရက်ကကြွရောက်သီတင်းသုံးတော်မူခဲ့ခြင်းဖြစ်သည်။
ထိုသို့ သီတင်းသုံးတော်မူရာမှ ယနေ့တွင် နှလုံးအထူးကုသမှုခံယူသွားမည်ဖြစ်၍ နံနက် ၁၁ နာရီ ၄၅ မိနစ်မှစတင်ကာ ဖားအောက်တောရစာသင်တိုက်အသီးသီးမှ ဆရာတော်၊ သံဃာတော်များက ဖားအောက်တောရဆရာတော်ကြီးအတွက် ဆုတောင်းမေတ္တာပို့သခြင်းများပြုလုပ်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ပြုလုပ်ရာ၌ ဆရာတော်၊ သံဃာတော်များစုပေါင်း၍ ဖားအောက်တောရဆရာတော်ကြီးအတွက် ဆုတောင်းမေတ္တာပို့သခြင်း၊ ဆရာတော်ကြီးဘွဲ့အမည်ပါသည့် ဗောဇ္စျင်သုတ်တရားတော်ဖြင့်ပူဇော်ခြင်းတို့ကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။
zawgyi version
ဖားေအာက္ေတာရဆရာေတာ္ ယေန႔၌ စင္ကာပူႏိုင္ငံတြင္ ႏွလုံးအထူးကုသမႈခံယူ
ေက်ာ္ (NP News) - ႏိုဝင္ဘာ ၁၅
ႏွလုံးက်န္းမာေရးမေကာင္းသျဖင့္ ေဆးကုသမႈခံယူရန္ စင္ကာပူႏိုင္ငံသို႔ေရာက္ရွိေနသည့္ ဖားေအာက္ေတာရဆရာေတာ္ႀကီးသည္ ယေန႔ (ႏိုဝင္ဘာလ ၁၅ ရက္) ေန႔လည္ ၁၂ နာရီ၌ ႏွလုံးအထူးကုသမႈခံယူလ်က္ရွိေၾကာင္း သိရသည္။
ဖားေအာက္ေတာရဆရာေတာ္ႀကီးသည္ ေဆးကုသမႈခံယူရန္ စင္ကာပူႏိုင္ငံသို႔ ႏိုဝင္ဘာလ ၉ ရက္ကႂကြေရာက္သီတင္းသုံးေတာ္မူခဲ့ျခင္းျဖစ္သည္။
ထိုသို႔ သီတင္းသုံးေတာ္မူရာမွ ယေန႔တြင္ ႏွလုံးအထူးကုသမႈခံယူသြားမည္ျဖစ္၍ နံနက္ ၁၁ နာရီ ၄၅ မိနစ္မွစတင္ကာ ဖားေအာက္ေတာရစာသင္တိုက္အသီးသီးမွ ဆရာေတာ္၊ သံဃာေတာ္မ်ားက ဖားေအာက္ေတာရဆရာေတာ္ႀကီးအတြက္ ဆုေတာင္းေမတၱာပို႔သျခင္းမ်ားျပဳလုပ္လ်က္ရွိေၾကာင္း သိရသည္။
ထိုသို႔ ျပဳလုပ္ရာ၌ ဆရာေတာ္၊ သံဃာေတာ္မ်ားစုေပါင္း၍ ဖားေအာက္ေတာရဆရာေတာ္ႀကီးအတြက္ ဆုေတာင္းေမတၱာပို႔သျခင္း၊ ဆရာေတာ္ႀကီးဘြဲ႕အမည္ပါသည့္ ေဗာဇၥ်င္သုတ္တရားေတာ္ျဖင့္ပူေဇာ္ျခင္းတို႔ကို ျပဳလုပ္လ်က္ရွိေၾကာင္း သိရသည္။