မောင်တော၊ ဘူးသီးတောင် နှင့် ပလက်ဝမြို့နယ်တို့ရှိ နိုင်ငံ့ဝန်ထမ်းများအား မူရင်းလစာ၏ (၂)ဆကို ဆက်လက်ခံစားခွင့်ပေးမည်

3149
သန့်ဇင် (NP News) - နိုဝင်ဘာ ၁၆
ရခိုင်ပြည်နယ်ရှိ မောင်တောမြို့နယ် နှင့် ဘူးသီးတောင်မြို့နယ်၊ ချင်းပြည်နယ်ရှိ ပလက်ဝမြို့နယ်တို့ရှိ နိုင်ငံ့ဝန်ထမ်းများအား မူရင်းလစာ၏ (၂)ဆကို ဆက်လက်ခံစားခွင့်ပေးမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
အဆိုပါဒေသတို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းများအား အဆိုပါဒေသ၏ လက်ရှိ အခြေအနေအရ ၂ဝ၂၃ ခုနှစ် အောက်တိုဘာလ၊ နိုဝင်ဘာလ နှင့် ဒီဇင်ဘာလများအတွက် မူရင်းလစာ၏ (၂)ဆကို အထူးကိစ္စရပ်အနေဖြင့် ဆက်လက်ခံစားခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မောင်တောမြို့နယ် နှင့် ဘူးသီးတောင်မြို့နယ်တို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် နေ့စားအလုပ်သမားများအား တစ်ရပ်လုပ်အားခ ၆၅၀၀ ကျပ်နှုန်းကို အထူးကိစ္စတစ်ရပ်အနေဖြင့် ဆက်လက်ခံစားခွင့်ပြုမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း၌ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခြင်းကြောင့် ရေကြောင်း၊ ကုန်းကြောင်းလမ်းပိုင်းများ ရပ်တန့်ပိတ်ဆို့လျက်ရှိရာ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကိုလည်း ပြည်သူ့လူထု အနေဖြင့် ခံစားရလျက်ရှိကြောင်း သိရသည်။
ထို့ပြင် ပြီးခဲ့သော (နိုဝင်ဘာလ ၁၄ ရက်)ကလည်း ချင်းပြည်နယ် ပလက်ဝမြို့မြောက်ဘက်တွင် တပ်မတော်နှင့် AAတို့ ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

zawgyi version
ေမာင္ေတာ၊ ဘူးသီးေတာင္ ႏွင့္ ပလက္ဝၿမိဳ႕နယ္တို႔ရွိ ႏိုင္ငံ့ဝန္ထမ္းမ်ားအား မူရင္းလစာ၏ (၂)ဆကို ဆက္လက္ခံစားခြင့္ေပးမည္
သန႔္ဇင္ (NP News) - ႏိုဝင္ဘာ ၁၆
ရခိုင္ျပည္နယ္ရွိ ေမာင္ေတာၿမိဳ႕နယ္ ႏွင့္ ဘူးသီးေတာင္ၿမိဳ႕နယ္၊ ခ်င္းျပည္နယ္ရွိ ပလက္ဝၿမိဳ႕နယ္တို႔ရွိ ႏိုင္ငံ့ဝန္ထမ္းမ်ားအား မူရင္းလစာ၏ (၂)ဆကို ဆက္လက္ခံစားခြင့္ေပးမည္ျဖစ္ေၾကာင္း စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာနမွ သတင္းရရွိသည္။
အဆိုပါေဒသတို႔တြင္ တာဝန္ထမ္းေဆာင္လ်က္ရွိသည့္ ႏိုင္ငံ့ဝန္ထမ္းမ်ားအား အဆိုပါေဒသ၏ လက္ရွိ အေျခအေနအရ ၂ဝ၂၃ ခုႏွစ္ ေအာက္တိုဘာလ၊ ႏိုဝင္ဘာလ ႏွင့္ ဒီဇင္ဘာလမ်ားအတြက္ မူရင္းလစာ၏ (၂)ဆကို အထူးကိစၥရပ္အေနျဖင့္ ဆက္လက္ခံစားခြင့္ျပဳသြားမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ေမာင္ေတာၿမိဳ႕နယ္ ႏွင့္ ဘူးသီးေတာင္ၿမိဳ႕နယ္တို႔တြင္ တာဝန္ထမ္းေဆာင္လ်က္ရွိသည့္ ေန႔စားအလုပ္သမားမ်ားအား တစ္ရပ္လုပ္အားခ ၆၅၀၀ က်ပ္ႏႈန္းကို အထူးကိစၥတစ္ရပ္အေနျဖင့္ ဆက္လက္ခံစားခြင့္ျပဳမည္ျဖစ္ေၾကာင္း စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာနမွ သတင္းရရွိသည္။
လက္ရွိတြင္ ရခိုင္ျပည္နယ္အတြင္း၌ တိုက္ပြဲမ်ား ျပန္လည္ျဖစ္ပြားလာျခင္းေၾကာင့္ ေရေၾကာင္း၊ ကုန္းေၾကာင္းလမ္းပိုင္းမ်ား ရပ္တန႔္ပိတ္ဆို႔လ်က္ရွိရာ ကုန္ေဈးႏႈန္းႀကီးျမင့္မႈဒဏ္ကိုလည္း ျပည္သူ႔လူထု အေနျဖင့္ ခံစားရလ်က္ရွိေၾကာင္း သိရသည္။
ထို႔ျပင္ ၿပီးခဲ့ေသာ (ႏိုဝင္ဘာလ ၁၄ ရက္)ကလည္း ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕ေျမာက္ဘက္တြင္ တပ္မေတာ္ႏွင့္ AAတို႔ ၾကား တိုက္ပြဲမ်ား ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။