မန္တလေးမြို့ပေါ်ရှိ “အောင်”ရွှေဆိုင် ဓါးပြတိုက်ခံရပြီး ကျပ်သိန်းတစ်သောင်းကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်းများဆုံးရှုံး

 8786

မြူနစ် (NP News) - နိုဝင်ဘာ ၁၇

မန္တလေးမြို့ပေါ်ရှိ “အောင်”ရွှေဆိုင် ဓါးပြတိုက်ခံခဲ့ရပြီး ကျပ်သိန်းတစ်သောင်းကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်းများ ဆုံးရှုံးသွားခဲ့ကြောင်း မန္တလေးတိုင်းအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

ဓါးပြတိုက်မှုဖြစ်စဉ်သည် ယနေ့(နိုဝင်ဘာလ ၁၇ ရက်)၊ နံနက် ၁၁ နာရီဝန်းကျင်အချိန်တွင် မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်၊ ၇၂ လမ်းနှင့် ၇၃ လမ်းကြားရှိ “အောင်” ရွှေဆိုင်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အမျိုးသား(၃)ဦးသည် ကားတစ်စီးဖြင့် ရွှေဆိုင်ရှေ့သို့ ရောက်ရှိလာကာ သေနတ်(၂)ချက်ခန့် ပစ်ဖောက်ခဲ့ပြီးနောက် ဆိုင်အတွင်းရှိ ရွှေကောင်တာအား တူဖြင့်ထုခွဲကာ ဓါးပြတိုက်သွားခြင်းဖြစ်ကြောင်း သိရသည်။

ဓါးပြတိုက်သူများသည် “အောင်”ရွှေဆိုင်အတွင်းမှ စုစုပေါင်းငွေကျပ်သိန်းပေါင်း (၁၁၃၁၀) တန်ဖိုးရှိ ရွှေထည်ပစ္စည်းများကို ယူဆောင်သွားကြောင်း သိရသည်။

ထို့ပြင် အခင်းဖြစ်စဉ်နေရာအနီးမှ NRC 9 MM Luger ကျည်ခွံတစ်ခွံ၊ 380 ပစ္စတိုကျည်ခွံ တစ်ခွံနှင့် အရိုးအသွား (၁၂) လက်မခန့်ရှိ တူတစ်ချောင်းကို သိမ်းဆည်းရရှိခဲ့သည်ဟု ပြောသည်။

လက်ရှိတွင် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဝင်များအနေဖြင့် ဓါးပြတိုက်သူများကို ဖမ်းဆီးရမိရေးအတွက် ပိတ်ဆို့ရှာဖွေမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ တပ်မတော်က နိုင်ငံတော်အာဏာရယူခဲ့ပြီးနောက်ပိုင်းတွင် မန္တလေးနှင့်ရန်ကုန်မြို့၌ ဓါးပြတိုက်ခံရသည့်ဖြစ်စဉ်များသည် မကြာခဏဆိုသကဲ့သို့ ဖြစ်ပွားလျက်ရှိသည်။

zawgyi version
မႏၲေလးၿမိဳ႕ေပၚရွိ “ေအာင္”ေ႐ႊဆိုင္ ဓါးျပတိုက္ခံရၿပီး က်ပ္သိန္းတစ္ေသာင္းေက်ာ္တန္ဖိုးရွိ ေ႐ႊထည္ပစၥည္းမ်ား ဆုံးရႈံး
ျမဴနစ္ (NP News) - ႏိုဝင္ဘာ ၁၇

မႏၲေလးၿမိဳ႕ေပၚရွိ “ေအာင္”ေ႐ႊဆိုင္ ဓါးျပတိုက္ခံခဲ့ရၿပီး က်ပ္သိန္းတစ္ေသာင္းေက်ာ္တန္ဖိုးရွိ ေ႐ႊထည္ပစၥည္းမ်ား ဆုံးရႈံးသြားခဲ့ေၾကာင္း မႏၲေလးတိုင္းအစိုးရအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

ဓါးျပတိုက္မႈျဖစ္စဥ္သည္ ယေန႔(ႏိုဝင္ဘာလ ၁၇ ရက္)၊ နံနက္ ၁၁ နာရီဝန္းက်င္အခ်ိန္တြင္ မႏၲေလးတိုင္း၊ ခ်မ္းေအးသာစံၿမိဳ႕နယ္၊ ၇၂ လမ္းႏွင့္ ၇၃ လမ္းၾကားရွိ “ေအာင္” ေ႐ႊဆိုင္၌ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

အမ်ိဳးသား(၃)ဦးသည္ ကားတစ္စီးျဖင့္ ေ႐ႊဆိုင္ေရွ႕သို႔ ေရာက္ရွိလာကာ ေသနတ္(၂)ခ်က္ခန႔္ ပစ္ေဖာက္ခဲ့ၿပီးေနာက္ ဆိုင္အတြင္းရွိ ေ႐ႊေကာင္တာအား တူျဖင့္ထုခြဲကာ ဓါးျပတိုက္သြားျခင္းျဖစ္ေၾကာင္း သိရသည္။

ဓါးျပတိုက္သူမ်ားသည္ “ေအာင္”ေ႐ႊဆိုင္အတြင္းမွ စုစုေပါင္းေငြက်ပ္သိန္းေပါင္း (၁၁၃၁၀) တန္ဖိုးရွိ ေ႐ႊထည္ပစၥည္းမ်ားကို ယူေဆာင္သြားေၾကာင္း သိရသည္။

ထို႔ျပင္ အခင္းျဖစ္စဥ္ေနရာအနီးမွ NRC 9 MM Luger က်ည္ခြံတစ္ခြံ၊ 380 ပစၥတိုက်ည္ခြံ တစ္ခြံႏွင့္ အ႐ိုးအသြား (၁၂) လက္မခန႔္ရွိ တူတစ္ေခ်ာင္းကို သိမ္းဆည္းရရွိခဲ့သည္ဟု ေျပာသည္။

လက္ရွိတြင္ သက္ဆိုင္ရာလုံၿခဳံေရးအဖြဲ႕ဝင္မ်ားအေနျဖင့္ ဓါးျပတိုက္သူမ်ားကို ဖမ္းဆီးရမိေရးအတြက္ ပိတ္ဆို႔ရွာေဖြမႈမ်ား ျပဳလုပ္လ်က္ရွိေၾကာင္း သိရသည္။

၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလမွစ၍ တပ္မေတာ္က ႏိုင္ငံေတာ္အာဏာရယူခဲ့ၿပီးေနာက္ပိုင္းတြင္ မႏၲေလးႏွင့္ရန္ကုန္ၿမိဳ႕၌ ဓါးျပတိုက္ခံရသည့္ျဖစ္စဥ္မ်ားသည္ မၾကာခဏဆိုသကဲ့သို႔ ျဖစ္ပြားလ်က္ရွိသည္။

Picture

ကိုကျော်ဇင် ကိုကျော်ဇင်

17/11/2023 23:26

မီရင်လက်၂ဖက်စီသုံးမရအောင်လုပ်ကြပါ

Related news

© 2021. All rights reserved.