အင်ဒိုနီးရှားနိုင်ငံတွင် ရထားတစ်စင်း နှင့် မီနီဘတ်စ်ကားတစ်စင်းတို့ တိုက်မိခဲ့ပြီး အနည်းဆုံးလူ(၁၁)ဦး သေဆုံး
                        
                            
                             
 909
 
                             
                            
                            
                         
                        
Pika (NP News) - နိုဝင်ဘာ ၂ဝ 
အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းအရှေ့ပိုင်းတွင် နိုဝင်ဘာလ(၁၉)ရက်က ရထားတစ်စင်း နှင့် မီနီဘတ်စ်ကားတစ်စီးတို့ တိုက်မိခဲ့ရာ အနည်းဆုံးလူ(၁၁)ဦးသေဆုံးခဲ့ပြီး အခြားလူအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူ များက ပြောကြားခဲ့သည်။
Surabaya မြို့သို့ ဦးတည်သွားနေသောရထားသည် အရှေ့ဂျာဗားပြည်နယ် Lumajang မြို့ရှိ လမ်းဖြတ်ကူးသည့် နေရာတွင် ခရီးသည်ဒါဇင်ချီတင်ဆောင်လာသော မီနီဘတ်စ်ကားကို နိုဝင်ဘာလ(၁၉)ရက် ည(၈)နာရီအချိန်တွင် ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
Lumajang မြို့ယာယီအကြီးအကဲ Indah Wahyuni က "လူ(၁ဝ)ဦးက အခင်းဖြစ်ပွားရာနေရာမှာ သေဆုံးခဲ့ပြီး အခြားလူတစ်ဦးဟာ ဆေးကုသမှုတွေခံယူပြီးနောက် ဆေးရုံမှာ သေဆုံးသွားခဲ့တာပါ" ဟု ပြောခဲ့သည်။
အဆိုပါ မတော်တဆမှုဖြစ်ပွားပြီးနောက် ကလေးငယ်တစ်ဦးအပါအဝင် လူလေးဦးကို ဒေသတွင်းဆေးရုံတွင် ဆေးကုသမှုများ လုပ်ဆောင်ပေးနေကြောင်း ၎င်းက ပြောကြားခဲ့သည်။ Kompas သတင်းဌာန ရုပ်သံသတင်း ထောက်တစ်ဦးက "အဲဒီအချိန်မှာ ရထားလမ်းဖြတ်မကူးဖို့ တားတဲ့တန်းက ရှိမနေတဲ့အတွက် မီနီဘတ်စ်ကား ယာဉ်မောင်းဟာ လမ်းကူးတဲ့နေရာကို ဖြတ်မောင်းတဲ့အချိန်မှာ ယခုလိုဖြစ်ပွားခဲ့တာပါ" ဟု ပြောခဲ့သည်။
ဆိုရှယ်မီဒီယာများပေါ်တွင် တင်ထားသောဓါတ်ပုံများတွင် တိမ်းမှောက်နေသော အပြာရောင်မီနီဘတ်စ်ကားပေါ်မှ သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရရှိသူများကို သယ်ဆောင်သွားသည်ကိုလည်း တွေ့မြင်ခဲ့ရသည်။ ဘတ်စ်ကား၊ ရထားများ နှင့် လေယာဉ်အဟောင်းများကို ဆက်လက်ထိန်းသိမ်းထားသော အင်ဒိုနီးရှားနိုင်ငံတွင် သယ်ယူပို့ဆောင် ရေးမတော်တဆမှုများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း သိရသည်။
၂ဝ၁၅ ခုနှစ်က ဂျာကာတာမြို့တွင် ရထားလမ်းဖြတ်ကူးနေသည့် မီနီဘတ်စ်ကားတစ်စီး နှင့် ရထားတစ်စင်းတို့ တိုက်မိခဲ့ပြီး လူ(၁၆)ဦး သေဆုံးခဲ့ကြောင်း သိရသည်။
                     
                        
                                                                    
Zawgyi Version; 
အင္ဒိုနီးရွားႏိုင္ငံတြင္ ရထားတစ္စင္း ႏွင့္ မီနီဘတ္စ္ကားတစ္စင္းတို႔ တိုက္မိခဲ့ၿပီး အနည္းဆုံးလူ(၁၁)ဦး ေသဆုံး
Pika (NP News) - ႏိုဝင္ဘာ ၂ဝ 
အင္ဒိုနီးရွားႏိုင္ငံ ဂ်ာဗားကြၽန္းအေရွ႕ပိုင္းတြင္ ႏိုဝင္ဘာလ(၁၉)ရက္က ရထားတစ္စင္း ႏွင့္ မီနီဘတ္စ္ကားတစ္စီးတို႔ တိုက္မိခဲ့ရာ အနည္းဆုံးလူ(၁၁)ဦးေသဆုံးခဲ့ၿပီး အျခားလူအမ်ားအျပား ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း တာဝန္ရွိသူ မ်ားက ေျပာၾကားခဲ့သည္။
Surabaya ၿမိဳ႕သို႔ ဦးတည္သြားေနေသာရထားသည္ အေရွ႕ဂ်ာဗားျပည္နယ္ Lumajang ၿမိဳ႕ရွိ လမ္းျဖတ္ကူးသည့္ ေနရာတြင္ ခရီးသည္ဒါဇင္ခ်ီတင္ေဆာင္လာေသာ မီနီဘတ္စ္ကားကို ႏိုဝင္ဘာလ(၁၉)ရက္ ည(၈)နာရီအခ်ိန္တြင္ ဝင္တိုက္မိခဲ့ျခင္းျဖစ္ေၾကာင္း အာဏာပိုင္မ်ားက ေျပာၾကားခဲ့သည္။
Lumajang ၿမိဳ႕ယာယီအႀကီးအကဲ Indah Wahyuni က "လူ(၁ဝ)ဦးက အခင္းျဖစ္ပြားရာေနရာမွာ ေသဆုံးခဲ့ၿပီး အျခားလူတစ္ဦးဟာ ေဆးကုသမႈေတြခံယူၿပီးေနာက္ ေဆး႐ုံမွာ ေသဆုံးသြားခဲ့တာပါ" ဟု ေျပာခဲ့သည္။
အဆိုပါ မေတာ္တဆမႈျဖစ္ပြားၿပီးေနာက္ ကေလးငယ္တစ္ဦးအပါအဝင္ လူေလးဦးကို ေဒသတြင္းေဆး႐ုံတြင္ ေဆးကုသမႈမ်ား လုပ္ေဆာင္ေပးေနေၾကာင္း ၎က ေျပာၾကားခဲ့သည္။ Kompas သတင္းဌာန ႐ုပ္သံသတင္း ေထာက္တစ္ဦးက "အဲဒီအခ်ိန္မွာ ရထားလမ္းျဖတ္မကူးဖို႔ တားတဲ့တန္းက ရွိမေနတဲ့အတြက္ မီနီဘတ္စ္ကား ယာဥ္ေမာင္းဟာ လမ္းကူးတဲ့ေနရာကို ျဖတ္ေမာင္းတဲ့အခ်ိန္မွာ ယခုလိုျဖစ္ပြားခဲ့တာပါ" ဟု ေျပာခဲ့သည္။
ဆိုရွယ္မီဒီယာမ်ားေပၚတြင္ တင္ထားေသာဓါတ္ပုံမ်ားတြင္ တိမ္းေမွာက္ေနေသာ အျပာေရာင္မီနီဘတ္စ္ကားေပၚမွ ေသဆုံးသူမ်ားႏွင့္ ထိခိုက္ဒဏ္ရာရရွိသူမ်ားကို သယ္ေဆာင္သြားသည္ကိုလည္း ေတြ႕ျမင္ခဲ့ရသည္။ ဘတ္စ္ကား၊ ရထားမ်ား ႏွင့္ ေလယာဥ္အေဟာင္းမ်ားကို ဆက္လက္ထိန္းသိမ္းထားေသာ အင္ဒိုနီးရွားႏိုင္ငံတြင္ သယ္ယူပို႔ေဆာင္ ေရးမေတာ္တဆမႈမ်ား မၾကာခဏျဖစ္ပြားေလ့ရွိေၾကာင္း သိရသည္။
၂ဝ၁၅ ခုႏွစ္က ဂ်ာကာတာၿမိဳ႕တြင္ ရထားလမ္းျဖတ္ကူးေနသည့္ မီနီဘတ္စ္ကားတစ္စီး ႏွင့္ ရထားတစ္စင္းတို႔ တိုက္မိခဲ့ၿပီး လူ(၁၆)ဦး ေသဆုံးခဲ့ေၾကာင္း သိရသည္။