အမေရိကန်တွင် မက်မွန်သီး၊ ဇီးသီး စသည့်အသီးအနှံများမှာ Listeria ဘတ်စ်တီးရီးယားရောဂါကူးစက်မှုများ တွေ့ရှိလာ

 1082

ရောင်နီ (NP News) - နိုဝင်ဘာ ၂၂

အမေရိကန်နိုင်ငံတွင် မက်မွန်သီး၊ ဇီးသီး စသည့် သီးနှံများနှင့်ဆက်နွယ်ပြီး Listeria ဘတ်စ်တီးရီးယားရောဂါ ကူးစက်မှု ၁၁ ခုထိ ဖြစ်ပွားခဲ့ကြောင်း အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးဗဟိုဌာနက တနင်္လာနေ့ (နိုဝင်ဘာ ၂ဝ ရက်) က ပြောကြားခဲ့သည်။

ကူးစက်ခံရသူများထဲမှ လူတစ်ဦးသေဆုံးပြီး ကိုယ်ဝန်သည်တစ်ဦးသည် ကိုယ်ဝန်စော မွေးဖွားခဲ့ကြောင်း သိရသည်။ ကယ်လီဖိုးနီးယားနှင့် ဖလော်ရီဒါမှာ ရောဂါဖြစ်ပွားမှု (၃) ခု တွေ့ရှိခဲ့ရပြီး ကော်လိုရာဒို၊ ကန်စပ်၊ အီလီနွိုက်၊ မစ်ရှီဂန် နှင့် အိုဟိုင်းယိုးပြည်နယ်တွေမှာလည်း ကူးစက်မှုများရှိခဲ့ကြောင်းလည်း သိရသည်။ Listeria ရောဂါပိုး ကူးစက်ခံရသူဟာ ဆေးကုသစရာမလိုဘဲ ပြန်ကာင်းလာနိုင်တာကြောင့် ရောဂါဖြစ်ပွားမှုအရေအတွက် ပိုများနိုင် ကြောင်း CDC မှ ပြောကြားခဲ့သည်။

စမ်းသပ်ချက်များအရ HMC Farms မှ မက်မွန်သီးတွေမှာ Listeria ဘတ်တီးရီးယားစနစ်များနှင့် ဆက်နွယ်မှု ရှိနေကြောင်း သိရသည်။ ဒါကြောင့် HMC Farms ဟာ ယခုနှစ် မေလ ၁ ရက်မှ နိုဝင်ဘာ ၁၅ ရက်အကြား စတိုး ဆိုင်များမှ ရောင်းချခဲ့သော မက်မွန်သီး၊ ဇီးသီးများ ပြန်လည်သိမ်းဆည်းခဲ့သည်။ ဒါပေမယ့် Listeria ဘတ်တီးရီးယားဟာ အသီးများ ထားရှိသည့်နေရာမှာ ရှင်သန်နေနိုင်သည့်အတွက် အသီးအနှံများကို စွန့်ပစ်ကြရန် နှင့် ရေခဲသေတ္တာအတွင်း အပါအဝင် အသီးအနှံများနှင့် ထိမိနိုင်သည့် မျက်နှာပြင်များ၊ ကွန်တိန်နာများကို သန့်ရှင်းရေးလုပ်ရန် CDC မှ အကြံပြုထားသည်။

Listeria ကူးစက်မှုဟာ ကိုယ်ဝန်ဆောင်များ၊ ကိုယ်ခံအားစနစ်အားနည်းသော အသက် ၆၅ နှစ်နှင့်အထက်ရှိသူတွေ မှာ ပြင်းပြင်းထန်ထန် ကူးစက်နိုင်ချေများပါသည်။ Listeria ပိုးဝင်ခြင်း၏ လက္ခဏာများသည် ဖျားနာခြင်း၊ ကြွက်သားကိုက်ခဲခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ပင်းတောင့်တင်းခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ တက်ခြင်းတို့ဖြစ်ပါသည်။

CDC ကလည်း ကူးစက်မှုများနှင့်ဆက်နွယ်သည့် သစ်သီးများကို ပြန်လည်သိမ်းဆည်းနေပြီး စုံစမ်းစစ်ဆေးမှုများကို လည်း ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

Zawgyi Version;
အေမရိကန္တြင္ မက္မြန္သီး၊ ဇီးသီး စသည့္အသီးအႏွံမ်ားမွာ Listeria ဘတ္စ္တီးရီးယားေရာဂါကူးစက္မႈမ်ား ေတြ႕ရွိလာ
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၂၂

အေမရိကန္ႏိုင္ငံတြင္ မက္မြန္သီး၊ ဇီးသီး စသည့္ သီးႏွံမ်ားႏွင့္ဆက္ႏြယ္ၿပီး Listeria ဘတ္စ္တီးရီးယားေရာဂါ ကူးစက္မႈ ၁၁ ခုထိ ျဖစ္ပြားခဲ့ေၾကာင္း အေမရိကန္ေရာဂါထိန္းခ်ဳပ္ေရးႏွင့္ကာကြယ္ေရးဗဟိုဌာနက တနလၤာေန႔ (ႏိုဝင္ဘာ ၂ဝ ရက္) က ေျပာၾကားခဲ့သည္။

ကူးစက္ခံရသူမ်ားထဲမွ လူတစ္ဦးေသဆုံးၿပီး ကိုယ္ဝန္သည္တစ္ဦးသည္ ကိုယ္ဝန္ေစာ ေမြးဖြားခဲ့ေၾကာင္း သိရသည္။ ကယ္လီဖိုးနီးယားႏွင့္ ဖေလာ္ရီဒါမွာ ေရာဂါျဖစ္ပြားမႈ (၃) ခု ေတြ႕ရွိခဲ့ရၿပီး ေကာ္လိုရာဒို၊ ကန္စပ္၊ အီလီႏြိဳက္၊ မစ္ရွီဂန္ ႏွင့္ အိုဟိုင္းယိုးျပည္နယ္ေတြမွာလည္း ကူးစက္မႈမ်ားရွိခဲ့ေၾကာင္းလည္း သိရသည္။ Listeria ေရာဂါပိုး ကူးစက္ခံရသူဟာ ေဆးကုသစရာမလိုဘဲ ျပန္ကာင္းလာႏိုင္တာေၾကာင့္ ေရာဂါျဖစ္ပြားမႈအေရအတြက္ ပိုမ်ားႏိုင္ ေၾကာင္း CDC မွ ေျပာၾကားခဲ့သည္။

စမ္းသပ္ခ်က္မ်ားအရ HMC Farms မွ မက္မြန္သီးေတြမွာ Listeria ဘတ္တီးရီးယားစနစ္မ်ားႏွင့္ ဆက္ႏြယ္မႈ ရွိေနေၾကာင္း သိရသည္။ ဒါေၾကာင့္ HMC Farms ဟာ ယခုႏွစ္ ေမလ ၁ ရက္မွ ႏိုဝင္ဘာ ၁၅ ရက္အၾကား စတိုး ဆိုင္မ်ားမွ ေရာင္းခ်ခဲ့ေသာ မက္မြန္သီး၊ ဇီးသီးမ်ား ျပန္လည္သိမ္းဆည္းခဲ့သည္။ ဒါေပမယ့္ Listeria ဘတ္တီးရီးယားဟာ အသီးမ်ား ထားရွိသည့္ေနရာမွာ ရွင္သန္ေနႏိုင္သည့္အတြက္ အသီးအႏွံမ်ားကို စြန႔္ပစ္ၾကရန္ ႏွင့္ ေရခဲေသတၱာအတြင္း အပါအဝင္ အသီးအႏွံမ်ားႏွင့္ ထိမိႏိုင္သည့္ မ်က္ႏွာျပင္မ်ား၊ ကြန္တိန္နာမ်ားကို သန႔္ရွင္းေရးလုပ္ရန္ CDC မွ အႀကံျပဳထားသည္။

Listeria ကူးစက္မႈဟာ ကိုယ္ဝန္ေဆာင္မ်ား၊ ကိုယ္ခံအားစနစ္အားနည္းေသာ အသက္ ၆၅ ႏွစ္ႏွင့္အထက္ရွိသူေတြ မွာ ျပင္းျပင္းထန္ထန္ ကူးစက္ႏိုင္ေခ်မ်ားပါသည္။ Listeria ပိုးဝင္ျခင္း၏ လကၡဏာမ်ားသည္ ဖ်ားနာျခင္း၊ ႂကြက္သားကိုက္ခဲျခင္း၊ ပင္ပန္းႏြမ္းနယ္ျခင္း၊ ေခါင္းကိုက္ျခင္း၊ လည္ပင္းေတာင့္တင္းျခင္း၊ စိတ္ရႈပ္ေထြးျခင္း၊ တက္ျခင္းတို႔ျဖစ္ပါသည္။

CDC ကလည္း ကူးစက္မႈမ်ားႏွင့္ဆက္ႏြယ္သည့္ သစ္သီးမ်ားကို ျပန္လည္သိမ္းဆည္းေနၿပီး စုံစမ္းစစ္ေဆးမႈမ်ားကို လည္း ဆက္လက္လုပ္ေဆာင္ေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.