လားရှိုးမြို့ရှိ စစ်ဘေးရှောင်စခန်းများ၌ လူဦးရေ ၆၇၀၀ ကျော် ခိုလှုံလျက်ရှိ

 859

ကျော် (NP News) - နိုဝင်ဘာ ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင်ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများကြောင့် လားရှိုးမြို့တွင် စစ်ဘေးရှောင်စခန်းများဖွင့်လှစ်ထားရပြီး လူဦးရေ ၆၇၀၀ ကျော်ခိုလှုံနေကြကြောင်း လားရှိုးမြို့အခြေစိုက်လူမှုကူညီရေးအသင်းများမှ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်မှစတင်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ တပ်မတော်စခန်းများ၊ရဲတပ်ဖွဲ့စခန်းများ၊ မြို့နှင့်ကျေးရွာများအတွင်းသို့ MNDAA ၊ TNLA နှင့် AA တို့ပူးပေါင်း၍ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြသည်။

ထိုသို့ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံများသည် စစ်ဘေးနှင့်လွတ်ကင်းစေရေးအတွက် လားရှိုးမြို့၊ သီပေါမြို့နှင့် အခြားစစ်ဘေးလွတ်ကင်းသော မြို့နယ်များသို့တိမ်းရှောင်ခဲ့ကြရကြောင်း သိရသည်။

"နေရာစုံကနေ စစ်ဘေးရှောင်အနေနဲ့ရောက်လာကြတာ> လက်ရှိ လားရှိုးမြို့ပေါ်မှာဆိုရင် စစ်ဘေးရှောင်စခန်း ၁၇ ခုလောက်ဖွင့်ထားရတယ်။ လူဦးရေက ၆၇၀၀ ကျော်ရှိတယ်"ဟု လားရှိုးမြို့အခြေစိုက်လူမှုကူညီရေးအသင်းဝင်တစ်ဦးက NP News ကိုပြောသည်။

လက်ရှိအချိန်၌ စစ်ဘေးရှောင်များအား လားရှိုးမြို့ရှိ တောရကျောင်း ပရိယတ္တိစာသင်ကျောင်းတိုက်၊ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်၊ လားဟူနှစ်ခြင်းခရစ်ယာန်အသင်းတော်၊ လားဟူကျမ်းစာကျောင်း၊ ကက်သလစ်(RC)ကျောင်း၊ တောရကျောင်း(နမ္မတူလမ်းခွဲ)၊ ရှမ်းနှစ်ခြင်းခရစ်ယာန်အသင်း၊ အထက်မန်အိုင်စခန်း၊ ကန်မိန်းကျောင်း၊ ပန်အုပ်ကျောင်းတိုက်၊ ဟိုနမ့်ကျောင်းတိုက်၊ ရွှေဓားကျောင်းတိုက်၊ သာသနာ(၂၅၀၀) ကျောင်းတိုက်၊ ဘဏ္ဍာကျောင်းတိုက်နှင့်သီရိမင်္ဂ လာမန်ဆူရှမ်းကျောင်းတိုက်တို့တွင် နေရာချထားပေးလျက်ရှိကြောင်း သိရသည်။

"စစ်ဘေးရှောင်တွေအတွက် လိုအပ်ချက်တွေကတော့အများကြီးရှိတာပေါ့။ အသက်အန္တရာယ်မရှိအောင် အမြန်ပြေးလာကြရတာဖြစ်တဲ့အတွက် တစ်ချို့စစ်ဘေးရှောင်တွေဆိုရင် အဝတ်တထည်ကိုယ်တစ်ခုနဲ့ပြေးလာကြရတာ"ဟု လားရှိုးမြို့အခြေစိုက်လူမှုကူညီရေးအသင်းဝင်တစ်ဦးက NP News ကိုပြောသည်။

လားရှိုးမြို့တွင် ရောက်ရှိနေသည့် စစ်ဘေးရှောင်များအား လားရှိုးမြို့အခြေစိုက်လူမှုကူညီရေးအသင်းဝင်များ၊ တာဝန်ရှိသူများနှင့်အလှူရှင်များက စားသောက်နေထိုင်မှုအဆင်ပြေစေရန် စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

"လတ်တလောအရေးပေါ်လိုအပ်ချက်က ဆောင်းတွင်းရောက်လာပြီဆိုတော့ အမိုး/အကာ/အခင်းနဲ့အနွေးထည်။ ကျန်တာတွေအတွက်က လိုအပ်ချက်ရှိပေမယ့် ခုနကဟာတွေလောက်တော့ မလိုသေးဘူး။ ကလေးတွေနဲ့သက်ကြီးပိုင်းတွေလည်းပါတော့ ဆေးဝါးလည်းလိုအပ်တယ်"ဟု လားရှိုးမြို့အခြေစိုက်လူမှုကူညီရေးအသင်းဝင်တစ်ဦးက NP News ကိုပြောသည်။

လားရှိုးမြို့တွင်ရောက်ရှိနေသည့် စစ်ဘေးရှောင်များအတွက် အလှူရှင်များမှလည်း ချက်ပြုတ်ရာတွင်အသုံးပြုနိုင်ရေးအတွက် ထင်းများ၊ အနွေးထည်များ၊ စောင်၊ မိုးကာ၊ ဖိနပ်များ၊ အဝတ်အထည်များ၊ ကြက်ဥများ၊ အောက်ခံအခင်းများ၊ စားနပ်ရိက္ခာများနှင့်ငွေကြေးများကို လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် ယမန်နေ့ (နိုဝင်ဘာလ ၂၁ ရက်)၊ နံနက်ပိုင်းကလည်း စစ်ဘေးရှောင်များအတွက် နိုင်ငံတော်မှထောက်ပံ့သည့် ဆန်ရိက္ခာ တစ်လစာအတွက် ငွေကျပ် (၁၂၇)သိန်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှထောက်ပံ့သည့် ငွေကျပ်(၁၉၅)သိန်းတို့အား ရှမ်းပြည်နယ်ဝန်ကြီးချုပ်မှ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်တွင် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

zawgyi version
လားရႈိးၿမိဳ႕ရွိ စစ္ေဘးေရွာင္စခန္းမ်ား၌ လူဦးေရ ၆၇၀၀ ေက်ာ္ ခိုလႈံလ်က္ရွိ
ေက်ာ္ (NP News) - ႏိုဝင္ဘာ ၂၂

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)တြင္ျဖစ္ပြားလ်က္ရွိသည့္ တိုက္ပြဲမ်ားေၾကာင့္ လားရႈိးၿမိဳ႕တြင္ စစ္ေဘးေရွာင္စခန္းမ်ားဖြင့္လွစ္ထားရၿပီး လူဦးေရ ၆၇၀၀ ေက်ာ္ခိုလႈံေနၾကေၾကာင္း လားရႈိးၿမိဳ႕အေျခစိုက္လူမႈကူညီေရးအသင္းမ်ားမွ သိရသည္။

ၿပီးခဲ့သည့္ ေအာက္တိုဘာလ ၂၇ ရက္မွစတင္၍ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)ရွိ တပ္မေတာ္စခန္းမ်ား၊ရဲတပ္ဖြဲ႕စခန္းမ်ား၊ ၿမိဳ႕ႏွင့္ေက်း႐ြာမ်ားအတြင္းသို႔ MNDAA ၊ TNLA ႏွင့္ AA တို႔ပူးေပါင္း၍ ဝင္ေရာက္ပစ္ခတ္တိုက္ခိုက္မႈမ်ားျပဳလုပ္ခဲ့ၾကသည္။

ထိုသို႔ ဝင္ေရာက္ပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ ေဒသခံမ်ားသည္ စစ္ေဘးႏွင့္လြတ္ကင္းေစေရးအတြက္ လားရႈိးၿမိဳ႕၊ သီေပါၿမိဳ႕ႏွင့္ အျခားစစ္ေဘးလြတ္ကင္းေသာ ၿမိဳ႕နယ္မ်ားသို႔တိမ္းေရွာင္ခဲ့ၾကရေၾကာင္း သိရသည္။

"ေနရာစုံကေန စစ္ေဘးေရွာင္အေနနဲ႔ေရာက္လာၾကတာ> လက္ရွိ လားရႈိးၿမိဳ႕ေပၚမွာဆိုရင္ စစ္ေဘးေရွာင္စခန္း ၁၇ ခုေလာက္ဖြင့္ထားရတယ္။ လူဦးေရက ၆၇၀၀ ေက်ာ္ရွိတယ္"ဟု လားရႈိးၿမိဳ႕အေျခစိုက္လူမႈကူညီေရးအသင္းဝင္တစ္ဦးက NP News ကိုေျပာသည္။

လက္ရွိအခ်ိန္၌ စစ္ေဘးေရွာင္မ်ားအား လားရႈိးၿမိဳ႕ရွိ ေတာရေက်ာင္း ပရိယတၱိစာသင္ေက်ာင္းတိုက္၊ ကခ်င္ႏွစ္ျခင္းခရစ္ယာန္အသင္းေတာ္၊ လားဟူႏွစ္ျခင္းခရစ္ယာန္အသင္းေတာ္၊ လားဟူက်မ္းစာေက်ာင္း၊ ကက္သလစ္(RC)ေက်ာင္း၊ ေတာရေက်ာင္း(နမၼတူလမ္းခြဲ)၊ ရွမ္းႏွစ္ျခင္းခရစ္ယာန္အသင္း၊ အထက္မန္အိုင္စခန္း၊ ကန္မိန္းေက်ာင္း၊ ပန္အုပ္ေက်ာင္းတိုက္၊ ဟိုနမ့္ေက်ာင္းတိုက္၊ ေ႐ႊဓားေက်ာင္းတိုက္၊ သာသနာ(၂၅၀၀) ေက်ာင္းတိုက္၊ ဘ႑ာေက်ာင္းတိုက္ႏွင့္သီရိမဂၤ လာမန္ဆူရွမ္းေက်ာင္းတိုက္တို႔တြင္ ေနရာခ်ထားေပးလ်က္ရွိေၾကာင္း သိရသည္။

"စစ္ေဘးေရွာင္ေတြအတြက္ လိုအပ္ခ်က္ေတြကေတာ့အမ်ားႀကီးရွိတာေပါ့။ အသက္အႏၲရာယ္မရွိေအာင္ အျမန္ေျပးလာၾကရတာျဖစ္တဲ့အတြက္ တစ္ခ်ိဳ႕စစ္ေဘးေရွာင္ေတြဆိုရင္ အဝတ္တထည္ကိုယ္တစ္ခုနဲ႔ေျပးလာၾကရတာ"ဟု လားရႈိးၿမိဳ႕အေျခစိုက္လူမႈကူညီေရးအသင္းဝင္တစ္ဦးက NP News ကိုေျပာသည္။

လားရႈိးၿမိဳ႕တြင္ ေရာက္ရွိေနသည့္ စစ္ေဘးေရွာင္မ်ားအား လားရႈိးၿမိဳ႕အေျခစိုက္လူမႈကူညီေရးအသင္းဝင္မ်ား၊ တာဝန္ရွိသူမ်ားႏွင့္အလႉရွင္မ်ားက စားေသာက္ေနထိုင္မႈအဆင္ေျပေစရန္ စီမံေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း သိရသည္။

"လတ္တေလာအေရးေပၚလိုအပ္ခ်က္က ေဆာင္းတြင္းေရာက္လာၿပီဆိုေတာ့ အမိုး/အကာ/အခင္းနဲ႔အေႏြးထည္။ က်န္တာေတြအတြက္က လိုအပ္ခ်က္ရွိေပမယ့္ ခုနကဟာေတြေလာက္ေတာ့ မလိုေသးဘူး။ ကေလးေတြနဲ႔သက္ႀကီးပိုင္းေတြလည္းပါေတာ့ ေဆးဝါးလည္းလိုအပ္တယ္"ဟု လားရႈိးၿမိဳ႕အေျခစိုက္လူမႈကူညီေရးအသင္းဝင္တစ္ဦးက NP News ကိုေျပာသည္။

လားရႈိးၿမိဳ႕တြင္ေရာက္ရွိေနသည့္ စစ္ေဘးေရွာင္မ်ားအတြက္ အလႉရွင္မ်ားမွလည္း ခ်က္ျပဳတ္ရာတြင္အသုံးျပဳႏိုင္ေရးအတြက္ ထင္းမ်ား၊ အေႏြးထည္မ်ား၊ ေစာင္၊ မိုးကာ၊ ဖိနပ္မ်ား၊ အဝတ္အထည္မ်ား၊ ၾကက္ဥမ်ား၊ ေအာက္ခံအခင္းမ်ား၊ စားနပ္ရိကၡာမ်ားႏွင့္ေငြေၾကးမ်ားကို လႉဒါန္းေပးလ်က္ရွိေၾကာင္း သိရသည္။

ထို႔ျပင္ ယမန္ေန႔ (ႏိုဝင္ဘာလ ၂၁ ရက္)၊ နံနက္ပိုင္းကလည္း စစ္ေဘးေရွာင္မ်ားအတြက္ ႏိုင္ငံေတာ္မွေထာက္ပံ့သည့္ ဆန္ရိကၡာ တစ္လစာအတွက် ငွေကျပ် (၁၂၇)သိန္း၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႕မွေထာက္ပံ့သည့္ ေငြက်ပ္(၁၉၅)သိန္းတို႔အား ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္မွ သီရိမဂၤလာမန္ဆူရွမ္းေက်ာင္းတိုက္တြင္ ေထာက္ပံ့ေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.