မှော်ဘီမြို့နယ်၌ YBS(123) mini bus ပေါ်မှ အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံး

 1500

စော(NP News) - နိုဝင်ဘာ ၂၂

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၌ YBS (123) mini bus ပေါ်မှ အသက်(၅၀)နှစ်ခန့်ရှိ အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါအမျိုးသမီးသည် ယမန်နေ့(နိုဝင်ဘာလ ၂၁ ရက်)၊ နံနက် (၉)နာရီဝန်းကျင်အချိန်တွင် မှော်ဘီမြို့နယ်၊ ကိုးလုံးကွင်း မီးစက်မှတ်တိုင်တွင် အထက်ပါကဲ့သို့ ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း ချစ်သောမှော်ဘီမြေ လူမှုကူညီရေးအသင်းထံမှ သိရသည်။

၎င်းအမျိုးသမီးကြီးသည် အခင်းဖြစ်ပွားရာနေရာတွင် ကားပေါ်မှ ပြုတ်ကျခဲ့ခြင်းဖြစ်ပြီး ပြုတ်ကျရသည့် အကြောင်းအရင်းကို မသိရှိရကြောင်း အထက်ပါအသင်းမှပြောသည်။

၎င်းအမျိုးသမီးအား မြောက်ဥက္ကလာပရှိ မေဓါဝီဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သော်လည်း ဆေးရုံအရောက်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

“မိသားစုဝင်နဲ့တွေ့တဲ့အကြောင်းတွေကို page မှာ အကုန်တင်ထားပြီးသားပါ။ အားလုံးမှန်ပါတယ်။ အားလုံးပြည်စုံပါတယ်။ ရပ်မိရပ်ဖတွေရော၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေရော၊ သက်ဆိုင်ရာယာဉ်မှူးစစ်တွေရောဆောင်ရွက်တာ အကုန်ပြီးသွားပါပြီ။ သူတို့က ဧည်သည့်တွေပါ။ ဒီမှာနေတာမဟုတ်ပါဘူး။ အသက်က (၅၀)ဝန်းကျင်ပါ”ဟု ချစ်သောမှော်ဘီမြေလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါအမျိုးသမီးကြီးထံတွင် နီညိုရောင် လက်ကိုင်အိတ်တစ်လုံးပါရှိပြီး ယင်းအိတ်အတွင်း၌ ငွေသားအချို့ပါရှိနေကြာင်း သိရသည်။

zawgyi version
ေမွာ္ဘီၿမိဳ႕နယ္၌ YBS(123) mini bus ေပၚမွ အမ်ိဳးသမီးတစ္ဦး ျပဳတ္က်ေသဆုံး
ေစာ(NP News) - ႏိုဝင္ဘာ ၂၂

ရန္ကုန္တိုင္း၊ ေမွာ္ဘီၿမိဳ႕နယ္၌ YBS (123) mini bus ေပၚမွ အသက္(၅၀)ႏွစ္ခန႔္ရွိ အမ်ိဳးသမီးတစ္ဦး ျပဳတ္က်ေသဆုံးခဲ့ေၾကာင္း သိရသည္။

အဆိုပါအမ်ိဳးသမီးသည္ ယမန္ေန႔(ႏိုဝင္ဘာလ ၂၁ ရက္)၊ နံနက္ (၉)နာရီဝန္းက်င္အခ်ိန္တြင္ ေမွာ္ဘီၿမိဳ႕နယ္၊ ကိုးလုံးကြင္း မီးစက္မွတ္တိုင္တြင္ အထက္ပါကဲ့သို႔ ျပဳတ္က်ခဲ့ျခင္းျဖစ္ေၾကာင္း ခ်စ္ေသာေမွာ္ဘီေျမ လူမႈကူညီေရးအသင္းထံမွ သိရသည္။

၎အမ်ိဳးသမီးႀကီးသည္ အခင္းျဖစ္ပြားရာေနရာတြင္ ကားေပၚမွ ျပဳတ္က်ခဲ့ျခင္းျဖစ္ၿပီး ျပဳတ္က်ရသည့္ အေၾကာင္းအရင္းကို မသိရွိရေၾကာင္း အထက္ပါအသင္းမွေျပာသည္။

၎အမ်ိဳးသမီးအား ေျမာက္ဥကၠလာပရွိ ေမဓါဝီေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ခဲ့ေသာ္လည္း ေဆး႐ုံအေရာက္တြင္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

“မိသားစုဝင္နဲ႔ေတြ႕တဲ့အေၾကာင္းေတြကို page မွာ အကုန္တင္ထားၿပီးသားပါ။ အားလုံးမွန္ပါတယ္။ အားလုံးျပည္စုံပါတယ္။ ရပ္မိရပ္ဖေတြေရာ၊ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးေတြေရာ၊ သက္ဆိုင္ရာယာဥ္မႉးစစ္ေတြေရာေဆာင္႐ြက္တာ အကုန္ၿပီးသြားပါၿပီ။ သူတို႔က ဧည္သည့္ေတြပါ။ ဒီမွာေနတာမဟုတ္ပါဘူး။ အသက္က (၅၀)ဝန္းက်င္ပါ”ဟု ခ်စ္ေသာေမွာ္ဘီေျမလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါအမ်ိဳးသမီးႀကီးထံတြင္ နီညိဳေရာင္ လက္ကိုင္အိတ္တစ္လုံးပါရွိၿပီး ယင္းအိတ္အတြင္း၌ ေငြသားအခ်ိဳ႕ပါရွိေနၾကာင္း သိရသည္။

Related news

© 2021. All rights reserved.