မလေးရှားနိုင်ငံအတွင်းသို့တရားမဝင် ဝင်ရောက်ရန်ကြိုးပမ်းသော မြန်မာနိုင်ငံသား (၁၁)ဦးကို မလေးရှားရဲတပ်ဖွဲ့ ဖမ်းဆီး

814
ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၃
မလေးရှားရဲတပ်ဖွဲ့သည် နိုင်ငံအတွင်းသို့တရားမဝင် ဝင်ရောက်ရန်ကြိုးပမ်းသော မြန်မာနိုင်ငံသား (၁၁)ဦးကို နိုဝင်ဘာလ ၂၁ ရက်၊ ညပိုင်းက ဖမ်ဆီးနိုင်ခဲ့ကြောင်း မလေးရှားသတင်းများတွင်ဖော်ပြထားသည်။

မလေးရှားရဲတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးဖြစ်သူ အာရမ်ဒေါ်လာက မလေးရှားအမှတ် ၈ ရဲတပ်ရင်းမှတပ်ဖွဲ့ဝင်များသည် Kampung Neting ဒေသတွင် မြန်မာနိုင်ငံသားများကို ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။
၎င်းက "နိုင်ငံအတွင်းကို တရားမဝင် ဝင်ရောက်ဖို့ ကြိုးပမ်းနေသူတွေ ရှိတယ်ဆိုတဲ့သတင်းကိုလက်ခံရရှိခဲ့ပြီးနောက် ရဲတပ်ဖွဲ့ဟာ စုံစမ်းစစ်ဆေးခဲ့တယ်။ တရားမဝင် ရွှေ့ပြောင်းသွားလာသူတွေကို တင်ဆောင်လာတဲ့ သံသယဖြစ်ဖွယ် ကားနှစ်စီးကိုတွေ့ရှိဖမ်းဆီးခဲ့တယ်"ဟု ပြောသည်။
အဆိုပါကားနှစ်စီးသည် မလေးရှားရဲတပ်ဖွဲ့ဝင်များကိုတွေ့မြင်ချိန်တွင် အရှိန်မြှင့်မောင်းနှင်မှုကြောင့်လိုက်လံဖမ်းဆီးခဲ့ရကြောင်း ၎င်းကပြောသည်။ ကားသမားနှစ်ဦးအနက်တစ်ဦးက ထွက်ပြေးသွားခဲ့ကြောင်း၊ ကားသမားတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း၊ ကားနှစ်စီးကိုစစ်ဆေးချိန်တွင် မလေးရှားနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်ရန်ကြိုးပမ်းသူ ၁၁ဦးကို တွေ့ရှိခဲ့ကြောင်း မလေးရှားရဲတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးဖြစ်သည့် အာရမ်ဒေါ်လာ ကပြောသည်။
အဆိုပါတရားမဝင် ရွှေ့ပြောင်းသွားလာသူ ၁၁ ဦးသည် မြန်မာနိုင်ငံသားများဖြစ်ပြီး အမျိုးသား ၆ ဦးနှင့်အမျိုးသမီး ၅ ဦးဖြစ်ကြောင်း အာရမ်ဒေါ်လာက ထပ်မံပြောဆိုထားသည်။
၎င်းက "ဖမ်းဆီးခံရတဲ့ နိုင်ငံခြားသား ၁၁ ဦးဟာ အသက် ၂၀နဲ့ ၄၁နှစ်အရွယ်ကြားရှိနေပါတယ်။ အဲဒီလူ အားလုံးဟာ တရားဝင်အထောက်အထား စာရွက်စာတမ်းတွေမရှိပါဘူး။ မလေးရှားနိုင်ငံထဲကိုတရားမဝင် ဝင်ရောက်လာသူတွေဖြစ်ပါတယ်"ဟု ပြောသည်။
ထို့ပြင် မလေးရှားရဲတပ်ဖွဲ့အနေဖြင့် အဆိုပါ မြန်မာနိုင်ငံသားများကိုတရားမဝင် ပို့ဆောင်ရန် ကြိုးပမ်းသော မလေးရှားနိုင်ငံသားကို အသေးစိတ်စုံစမ်းစစ်ဆေးသွားမည်ဖြစ်ပြီး လူကုန်ကူးမှုတိုက်ဖျက်ရေး
ဥပဒေဖြင့် တရားစွဲသွားမည်ဖြစ်ကြောင်းသိရသည်။
zawgyi version
မေလးရွားႏိုင္ငံအတြင္းသို႔တရားမဝင္ ဝင္ေရာက္ရန္ႀကိဳးပမ္းေသာ ျမန္မာႏိုင္ငံသား (၁၁)ဦးကို မေလးရွားရဲတပ္ဖြဲ႕ ဖမ္းဆီး
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၂၃
မေလးရွားရဲတပ္ဖြဲ႕သည္ ႏိုင္ငံအတြင္းသို႔တရားမဝင္ ဝင္ေရာက္ရန္ႀကိဳးပမ္းေသာ ျမန္မာႏိုင္ငံသား (၁၁)ဦးကို ႏိုဝင္ဘာလ ၂၁ ရက္၊ ညပိုင္းက ဖမ္ဆီးႏိုင္ခဲ့ေၾကာင္း မေလးရွားသတင္းမ်ားတြင္ေဖာ္ျပထားသည္။
မေလးရွားရဲတပ္ဖြဲ႕မွတာဝန္ရွိသူတစ္ဦးျဖစ္သူ အာရမ္ေဒၚလာက မေလးရွားအမွတ္ ၈ ရဲတပ္ရင္းမွတပ္ဖြဲ႕ဝင္မ်ားသည္ Kampung Neting ေဒသတြင္ ျမန္မာႏိုင္ငံသားမ်ားကို ဖမ္းမိခဲ့ျခင္းျဖစ္ေၾကာင္း ေျပာသည္။
၎က "ႏိုင္ငံအတြင္းကို တရားမဝင္ ဝင္ေရာက္ဖို႔ ႀကိဳးပမ္းေနသူေတြ ရွိတယ္ဆိုတဲ့သတင္းကိုလက္ခံရရွိခဲ့ၿပီးေနာက္ ရဲတပ္ဖြဲ႕ဟာ စုံစမ္းစစ္ေဆးခဲ့တယ္။ တရားမဝင္ ေ႐ႊ႕ေျပာင္းသြားလာသူေတြကို တင္ေဆာင္လာတဲ့ သံသယျဖစ္ဖြယ္ ကားႏွစ္စီးကိုေတြ႕ရွိဖမ္းဆီးခဲ့တယ္"ဟု ေျပာသည္။
အဆိုပါကားႏွစ္စီးသည္ မေလးရွားရဲတပ္ဖြဲ႕ဝင္မ်ားကိုေတြ႕ျမင္ခ်ိန္တြင္ အရွိန္ျမႇင့္ေမာင္းႏွင္မႈေၾကာင့္လိုက္လံဖမ္းဆီးခဲ့ရေၾကာင္း ၎ကေျပာသည္။ ကားသမားႏွစ္ဦးအနက္တစ္ဦးက ထြက္ေျပးသြားခဲ့ေၾကာင္း၊ ကားသမားတစ္ဦးကို ဖမ္းဆီးရမိခဲ့ေၾကာင္း၊ ကားႏွစ္စီးကိုစစ္ေဆးခ်ိန္တြင္ မေလးရွားႏိုင္ငံအတြင္းသို႔ တရားမဝင္ဝင္ေရာက္ရန္ႀကိဳးပမ္းသူ ၁၁ဦးကို ေတြ႕ရွိခဲ့ေၾကာင္း မေလးရွားရဲတပ္ဖြဲ႕မွတာဝန္ရွိသူတစ္ဦးျဖစ္သည့္ အာရမ္ေဒၚလာ ကေျပာသည္။
အဆိုပါတရားမဝင္ ေ႐ႊ႕ေျပာင္းသြားလာသူ ၁၁ ဦးသည္ ျမန္မာႏိုင္ငံသားမ်ားျဖစ္ၿပီး အမ်ိဳးသား ၆ ဦးႏွင့္အမ်ိဳးသမီး ၅ ဦးျဖစ္ေၾကာင္း အာရမ္ေဒၚလာက ထပ္မံေျပာဆိုထားသည္။
၎က "ဖမ္းဆီးခံရတဲ့ ႏိုင္ငံျခားသား ၁၁ ဦးဟာ အသက္ ၂၀နဲ႔ ၄၁ႏွစ္အ႐ြယ္ၾကားရွိေနပါတယ္။ အဲဒီလူ အားလုံးဟာ တရားဝင္အေထာက္အထား စာ႐ြက္စာတမ္းေတြမရွိပါဘူး။ မေလးရွားႏိုင္ငံထဲကိုတရားမဝင္ ဝင္ေရာက္လာသူေတြျဖစ္ပါတယ္"ဟု ေျပာသည္။
ထို႔ျပင္ မေလးရွားရဲတပ္ဖြဲ႕အေနျဖင့္ အဆိုပါ ျမန္မာႏိုင္ငံသားမ်ားကိုတရားမဝင္ ပို႔ေဆာင္ရန္ ႀကိဳးပမ္းေသာ မေလးရွားႏိုင္ငံသားကို အေသးစိတ္စုံစမ္းစစ္ေဆးသြားမည္ျဖစ္ၿပီး လူကုန္ကူးမႈတိုက္ဖ်က္ေရး
ဥပေဒျဖင့္ တရားစြဲသြားမည္ျဖစ္ေၾကာင္းသိရသည္။