ပြည်သူ့ရင်ပြင်၌ကျင်းပမည့် တန်ဆောင်တိုင် မီးထွန်းပွဲတော် နှင့် ဈေးရောင်းပွဲတော်တွင် ဆိုင်ခန်းပေါင်း (၄၅၀)ကျော် ပြသရောင်းချမည်

1140
စော (NP News) - နိုဝင်ဘာ ၂၃
ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်၌ ကျင်းပမည့် တန်ဆောင်တိုင် မီးထွန်းပွဲတော်နှင့် ဈေးရောင်းပွဲတော်တွင် ဆိုင်ခန်းပေါင်း (၄၅၀)ကျော် ပြသရောင်းချမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့က ယခုရက်ပိုင်းအတွင်း ထုတ်ပြန်ထားသည်။

ပြည်သူ့ရင်ပြင်တွင် တန်ဆောင်တိုင် ဈေးရောင်းပွဲတော်နှင့် မီးထွန်းပွဲတော်ကို လာမည့် နိုဝင်ဘာလ (၂၅)ရက်မှ (၂၇)ရက်အထိ သုံးရက်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်တိုင်းရှိ စက်မှုဇုန်များမှ လုပ်ငန်းရှင်များအပါအဝင် အသေးစား၊ အငယ်စား၊ အလတ်စား MSME လုပ်ငန်းရှင်များ၏ ထုတ်ကုန်များ၊ ဆန်၊ ဆီ အရောင်းဆိုင်များနှင့် တိုင်း/ပြည်နယ်များမှ ထုတ်ကုန်ပစ္စည်းများကိုလည်း ဆိုင်ခန်းပေါင်း (၄၅၅)ခန်းဖြင့် ခင်းကျင်းပြသရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ နေ့စဉ် E-Sport Game ပြိုင်ပွဲများ၊ စတုဒီသာ ကျွေးမွေးခြင်းများ၊ ရုပ်ရှင်၊ သဘင်၊ ဂီတနှင့် ဟာသပညာရှင်များ၊ ဆက်ကပ်၊ မျက်လှည့်၊ Dancer များမှလည်း ဖျော်ဖြေတင်ဆက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
တန်ဆောင်တိုင် မီးထွန်းပွဲတော်နှင့် ဈေးရောင်းပွဲတော်တွင် မီးရှူးမီးပန်း ပစ်ဖောက်မှုများလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ ညအချိန်ကို ပွဲလာတဲ့လူတွေ ညအပြန်အဆင်ပြေဖို့ သီးခြားဆောင်ရွက်ထားမှာဖြစ်ပါတယ်။ နေခင်းကတော့ YBS ယာဉ်တွေ ပုံမှန်အတိုင်း သွားလာနေကြမှာဖြစ်ပါတယ်။ ပုံမှန်ယာဉ်စီးခအတိုင်းကောက်ခံသွားမှာဖြစ်ပါတယ်။ ည (၁၀)နာရီ ၊ (၁၀)ခွဲဝန်းကျင်လောက်ပြေးဆွဲမှာပါ”ဟု YRTC တွဲဖက် အတွင်းရေးမှူး ဦးလျန်ကျင့်မန်က NP News ကို ပြောသည်။
ပွဲတော်အတွင်း YBS 21, YBS 61, YBS 37, YBS 36, YBS 62, YBS 7 နှင့် YBS 8 ယာဉ်လိုင်းများသည် သတ်မှတ်လမ်းကြောင်းအတိုင်း ပြေးဆွဲသွားမည်ဖြစ်ပြီး Mini Bus ယာဉ်များလည်း စီစဉ်ထားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပွဲတော်သို့ လာရောက်သူများအား သွားလာရလွယ်ကူစေရန်အတွက် အကြို/အပို့ကားများကို စီစဉ်ပေးထားမည်ဖြစ်ကြောင်း သိရသည်။

zawgyi version
ျပည္သူ႔ရင္ျပင္၌က်င္းပမည့္ တန္ေဆာင္တိုင္ မီးထြန္းပြဲေတာ္ ႏွင့္ ေဈးေရာင္းပြဲေတာ္တြင္ ဆိုင္ခန္းေပါင္း (၄၅၀)ေက်ာ္ ျပသေရာင္းခ်မည္
ေစာ (NP News) - ႏိုဝင္ဘာ ၂၃
ရန္ကုန္တိုင္း၊ ဒဂုံၿမိဳ႕နယ္ရွိ ျပည္သူ႔ရင္ျပင္၌ က်င္းပမည့္ တန္ေဆာင္တိုင္ မီးထြန္းပြဲေတာ္ႏွင့္ ေဈးေရာင္းပြဲေတာ္တြင္ ဆိုင္ခန္းေပါင္း (၄၅၀)ေက်ာ္ ျပသေရာင္းခ်မည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းအစိုးရအဖြဲ႕က ယခုရက္ပိုင္းအတြင္း ထုတ္ျပန္ထားသည္။
ျပည္သူ႔ရင္ျပင္တြင္ တန္ေဆာင္တိုင္ ေဈးေရာင္းပြဲေတာ္ႏွင့္ မီးထြန္းပြဲေတာ္ကို လာမည့္ ႏိုဝင္ဘာလ (၂၅)ရက္မွ (၂၇)ရက္အထိ သုံးရက္တိုင္ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ရန္ကုန္တိုင္းရွိ စက္မႈဇုန္မ်ားမွ လုပ္ငန္းရွင္မ်ားအပါအဝင္ အေသးစား၊ အငယ္စား၊ အလတ္စား MSME လုပ္ငန္းရွင္မ်ား၏ ထုတ္ကုန္မ်ား၊ ဆန္၊ ဆီ အေရာင္းဆိုင္မ်ားႏွင့္ တိုင္း/ျပည္နယ္မ်ားမွ ထုတ္ကုန္ပစၥည္းမ်ားကိုလည္း ဆိုင္ခန္းေပါင္း (၄၅၅)ခန္းျဖင့္ ခင္းက်င္းျပသေရာင္းခ်သြားမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔အတူ ေန႔စဥ္ E-Sport Game ၿပိဳင္ပြဲမ်ား၊ စတုဒီသာ ေကြၽးေမြးျခင္းမ်ား၊ ႐ုပ္ရွင္၊ သဘင္၊ ဂီတႏွင့္ ဟာသပညာရွင္မ်ား၊ ဆက္ကပ္၊ မ်က္လွည့္၊ Dancer မ်ားမွလည္း ေဖ်ာ္ေျဖတင္ဆက္မႈမ်ား ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။
တန္ေဆာင္တိုင္ မီးထြန္းပြဲေတာ္ႏွင့္ ေဈးေရာင္းပြဲေတာ္တြင္ မီးရႉးမီးပန္း ပစ္ေဖာက္မႈမ်ားလည္း ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။
“ကြၽန္ေတာ္တို႔ ညအခ်ိန္ကို ပြဲလာတဲ့လူေတြ ညအျပန္အဆင္ေျပဖို႔ သီးျခားေဆာင္႐ြက္ထားမွာျဖစ္ပါတယ္။ ေနခင္းကေတာ့ YBS ယာဥ္ေတြ ပုံမွန္အတိုင္း သြားလာေနၾကမွာျဖစ္ပါတယ္။ ပုံမွန္ယာဥ္စီးခအတိုင္းေကာက္ခံသြားမွာျဖစ္ပါတယ္။ ည (၁၀)နာရီ ၊ (၁၀)ခြဲဝန္းက်င္ေလာက္ေျပးဆြဲမွာပါ”ဟု YRTC တြဲဖက္ အတြင္းေရးမႉး ဦးလ်န္က်င့္မန္က NP News ကို ေျပာသည္။
ပြဲေတာ္အတြင္း YBS 21, YBS 61, YBS 37, YBS 36, YBS 62, YBS 7 ႏွင့္ YBS 8 ယာဥ္လိုင္းမ်ားသည္ သတ္မွတ္လမ္းေၾကာင္းအတိုင္း ေျပးဆြဲသြားမည္ျဖစ္ၿပီး Mini Bus ယာဥ္မ်ားလည္း စီစဥ္ထားမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါပြဲေတာ္သို႔ လာေရာက္သူမ်ားအား သြားလာရလြယ္ကူေစရန္အတြက္ အႀကိဳ/အပို႔ကားမ်ားကို စီစဥ္ေပးထားမည္ျဖစ္ေၾကာင္း သိရသည္။