စက္ကူပျော့ဖတ်ထုတ်လုပ်ရန် ကုန်ကြမ်းအဖြစ်သုံးနိုင်သည့် ဝါးများကို သဘာဝတောများမှ နှစ်စဥ်ဝါးအလုံးရေ (၃၀၁)သန်း ထုတ်လုပ်ပေးနေ

 1057

ယွန်း (NP News) - နိုဝင်ဘာ ၂၇

စက္ကူပျော့ဖတ်ထုတ်လုပ်ရန် ကုန်ကြမ်းအဖြစ်သုံးနိုင်သည့် ကြီးမြန်သစ်မျိုး နှင့် ဝါးမျိုးများကို သဘာဝတောများမှ နှစ်စဥ်ဝါးအလုံးရေ (၃၀၁)သန်း ထုတ်လုပ်ပေးနေကြောင်း သိရသည်။

သယံဇာတနှင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်‌ထောင်စုဝန်ကြီး ဦးခင်မောင်ရီက နိုဝင်ဘာလ(၂၆)ရက်တွင် ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်ရှိ United Paper စက္ကူစက်ရုံသို့ သွားရောက်ကြည့်ရှုစဥ် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၌ စက္ကူပျော့ဖတ်ထုတ်လုပ်ရန် ကုန်ကြမ်းအဖြစ်အသုံးပြုနိုင်သည့် ကြီးမြန်သစ်မျိုးနှင့် ဝါးမျိုးများစွာရှိပြီး သဘာဝတောများမှ နှစ်စဥ်ဝါးအလုံးရေ (၃၀၁)သန်း ထုတ်လုပ်ပေးနိုင်ကြောင်း သိရသည်။

အဆိုပါ ထုတ်လုပ်နိုင်မှုသည် ဝါးစက္ကူပျော့ဖတ်စက်ရုံများအတွက် လိုအပ်သောကုန်ကြမ်းကို ပံ့ပိုးပေးနိုင်ပြီး ရေရှည်ကုန်ကြမ်းများရရှိစေရေးအတွက် ဝါးစိုက်ခင်းများနှင့် ကြီးမြန်သစ်မျိုးစိုက်ခင်းများ တည် ထောင်နိုင်ရေးကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက အသိပေးပြောကြားထားသည်။

ပြည်တွင်း၌ စက္ကူလိုအပ်ချက်များစွာရှိပြီး စက္ကူထုတ်လုပ်ရန်လိုအပ်သည့် ကုန်ကြမ်းကို သစ်၊ ဝါး၊ ကောက်ရိုး၊ ငှက်ပျောများကို အသုံးပြုခြင်း၊ စွန့်ပစ်စက္ကူများကို Recycle နည်းဖြင့် ပြန်လည်ထုတ်လုပ်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

ပြည်တွင်း၌ အကြောင်းအမျိုးမျိုးကြောင့် ရပ်နားထားသည့် သတင်းစာစက္ကူစက်ရုံ(သာပေါင်း)ကို ပြီးခဲ့သည့် သြဂုတ်လအတွင်းက ပြန်လည်လည်ပတ်ခဲ့ပြီး စွမ်းအားပြည့်လည်ပတ်နိုင်ပါက သတင်းစာစက္ကူအပြင် အခြားစက္ကူအမျိုးအစားများကိုလည်း ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ယခင်က စက္ကူထုတ်လုပ်မှုကို စစ်တောင်းစက္ကူစက်ရုံ၊ ရေနီစက္ကူစက်ရုံ နှင့် သာပေါင်းစက္ကူစက်ရုံတို့တွင် ဆောင်ရွက်ခဲ့ပြီး နောက်ပိုင်းကာလတွင် စစ်တောင်းစက္ကူစက်ရုံအား သက်တမ်းကြာမြင့်ပြီဖြစ်သည့် အတွက် ဖျက်သိမ်းထားကြောင်း သိရသည်။

zawgyi version
စကၠဴေပ်ာ့ဖတ္ထုတ္လုပ္ရန္ ကုန္ၾကမ္းအျဖစ္သုံးႏိုင္သည့္ ဝါးမ်ားကို သဘာဝေတာမ်ားမွ ႏွစ္စဥ္ဝါးအလုံးေရ (၃၀၁)သန္း ထုတ္လုပ္ေပးေန

ယြန္း (NP News) - ႏိုဝင္ဘာ ၂၇

စကၠဴေပ်ာ့ဖတ္ထုတ္လုပ္ရန္ ကုန္ၾကမ္းအျဖစ္သုံးႏိုင္သည့္ ႀကီးျမန္သစ္မ်ိဳး ႏွင့္ ဝါးမ်ိဳးမ်ားကို သဘာဝေတာမ်ားမွ ႏွစ္စဥ္ဝါးအလုံးေရ (၃၀၁)သန္း ထုတ္လုပ္ေပးေနေၾကာင္း သိရသည္။

သယံဇာတႏွင္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာန၊ ျပည္‌ေထာင္စုဝန္ႀကီး ဦးခင္ေမာင္ရီက ႏိုဝင္ဘာလ(၂၆)ရက္တြင္ ဒဂုံၿမိဳ႕သစ္ အေရွ႕ပိုင္းၿမိဳ႕နယ္ရွိ United Paper စကၠဴစက္႐ုံသို႔ သြားေရာက္ၾကည့္ရႈစဥ္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံ၌ စကၠဴေပ်ာ့ဖတ္ထုတ္လုပ္ရန္ ကုန္ၾကမ္းအျဖစ္အသုံးျပဳႏိုင္သည့္ ႀကီးျမန္သစ္မ်ိဳးႏွင့္ ဝါးမ်ိဳးမ်ားစြာရွိၿပီး သဘာဝေတာမ်ားမွ ႏွစ္စဥ္ဝါးအလုံးေရ (၃၀၁)သန္း ထုတ္လုပ္ေပးႏိုင္ေၾကာင္း သိရသည္။

အဆိုပါ ထုတ္လုပ္ႏိုင္မႈသည္ ဝါးစကၠဴေပ်ာ့ဖတ္စက္႐ုံမ်ားအတြက္ လိုအပ္ေသာကုန္ၾကမ္းကို ပံ့ပိုးေပးႏိုင္ၿပီး ေရရွည္ကုန္ၾကမ္းမ်ားရရွိေစေရးအတြက္ ဝါးစိုက္ခင္းမ်ားႏွင့္ ႀကီးျမန္သစ္မ်ိဳးစိုက္ခင္းမ်ား တည္ ေထာင္ႏိုင္ေရးကို ေဆာင္႐ြက္ေပးမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက အသိေပးေျပာၾကားထားသည္။

ျပည္တြင္း၌ စကၠဴလိုအပ္ခ်က္မ်ားစြာရွိၿပီး စကၠဴထုတ္လုပ္ရန္လိုအပ္သည့္ ကုန္ၾကမ္းကို သစ္၊ ဝါး၊ ေကာက္႐ိုး၊ ငွက္ေပ်ာမ်ားကို အသုံးျပဳျခင္း၊ စြန႔္ပစ္စကၠဴမ်ားကို Recycle နည္းျဖင့္ ျပန္လည္ထုတ္လုပ္ျခင္းမ်ားကို ေဆာင္႐ြက္လ်က္ရွိေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ေျပာသည္။

ျပည္တြင္း၌ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ရပ္နားထားသည့္ သတင္းစာစကၠဴစက္႐ုံ(သာေပါင္း)ကို ၿပီးခဲ့သည့္ ၾသဂုတ္လအတြင္းက ျပန္လည္လည္ပတ္ခဲ့ၿပီး စြမ္းအားျပည့္လည္ပတ္ႏိုင္ပါက သတင္းစာစကၠဴအျပင္ အျခားစကၠဴအမ်ိဳးအစားမ်ားကိုလည္း ထုတ္လုပ္ႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

ယခင္က စကၠဴထုတ္လုပ္မႈကို စစ္ေတာင္းစကၠဴစက္႐ုံ၊ ေရနီစကၠဴစက္႐ုံ ႏွင့္ သာေပါင္းစကၠဴစက္႐ုံတို႔တြင္ ေဆာင္႐ြက္ခဲ့ၿပီး ေနာက္ပိုင္းကာလတြင္ စစ္ေတာင္းစကၠဴစက္႐ုံအား သက္တမ္းၾကာျမင့္ၿပီျဖစ္သည့္ အတြက္ ဖ်က္သိမ္းထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.