ပြင်ဦးလွင်မြို့တွင် HIJET ကားအရှိန်လွန်ဝင်တိုက်မှုကြောင့် အမျိုးသမီး(၂)ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူများပြား

 6463

သန့်ဇင် (NP News) - နိုဝင်ဘာ ၂၇

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တွင် HIJET ကားအရှိန်လွန်ဝင်တိုက်မှုကြောင့် အမျိုးသမီး(၂)ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ (၁၀)ဦးထိရှိခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းထံမှ သိရသည်။

ယာဉ်တိုက်မှုသည် ယမန်နေ့(နိုဝင်ဘာလ ၂၆ ရက်)၊ ညနေပိုင်းအချိန်တွင် ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁၂)၊ ပြင်ဦးလွင်စင်တာအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“HIJET ကားက အရှိန်လွန်ပြီး ရှေ့ကမောင်းနေတဲ့ဆိုင်ကယ်နဲ့ လူတစ်ချို့ကို ဝင်ပြီးတိုက်မိတာပါ” ဟု ဒေသခံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

ဖြစ်စဉ်ကြောင့် ဆိုင်ကယ်ပေါ်မှ အမျိုးသမီး(၂)ဦးနှင့် အခြားအမျိုးသား၊ အမျိုးသမီး(၁၀)ဦးတို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။ ထိခိုက်ဒဏ်ရာရရှိသူများထဲတွင် စိုးရိမ်ရသူများလည်း ပါဝင်ပြီးဒေသခံလူမှုကူညီရေးအသင်းဝင်များက မြေပြင်ကုသမှုများပြုလုပ်ပေးပြီးနောက် ပြင်ဦးလွင်မြို့ပြည်သူ့ဆေးရုံ နှင့် မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးတို့သို့ပို့ဆောင်ပေးခဲ့ကြသည်။

ထိုသို့ ပို့ဆောင်ပေးခဲ့သော်လည်း ဆိုင်ကယ်ပေါ်တွင် လိုက်ပါလာသည့် မလဝန်းငယ်(၁၇)နှစ်၊ မယဉ်ယဉ်ဝိုင်း(၂၁)နှစ်တို့မှာ ရရှိခဲ့သည့် ဒဏ်ရာများဖြင့် မန္တလေးမြို့ပြည်သူ့ဆေးရုံ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် သေဆုံးသူအမျိုးသမီး(၂)ဦး၏ရုပ်အလောင်းများအား မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးမှတစ်ဆင့် ပြင်ဦးလွင်မြို့သို့ ဒေသခံလူမှု ကူညီရေးအသင်းကားဖြင့် ပြန်လည်သယ်ဆောင်လာကာ မနက်ဖြန် (နိုဝင်ဘာလ ၂၈ ရက်)တွင် ပြင်ဦးလွင်မြို့ရှိ (၈)မိုင်သုသာန်၌ သင်္ဂြိုလ်သွားမည်ဖြစ်ကြောင်း သိရသည်။

zawgyi version
ျပင္ဦးလြင္ၿမိဳ႕တြင္ HIJET ကားအရွိန္လြန္ဝင္တိုက္မႈေၾကာင့္ အမ်ိဳးသမီး(၂)ဦးေသဆုံးကာ ထိခိုက္ဒဏ္ရာရသူမ်ားျပား

သန႔္ဇင္ (NP News) - ႏိုဝင္ဘာ ၂၇

မႏၲေလးတိုင္း၊ ျပင္ဦးလြင္ၿမိဳ႕တြင္ HIJET ကားအရွိန္လြန္ဝင္တိုက္မႈေၾကာင့္ အမ်ိဳးသမီး(၂)ဦးေသဆုံးခဲ့ၿပီး ထိခိုက္ဒဏ္ရာရရွိသူ (၁၀)ဦးထိရွိခဲ့ေၾကာင္း ေဒသခံလူမႈကူညီေရးအသင္းထံမွ သိရသည္။

ယာဥ္တိုက္မႈသည္ ယမန္ေန႔(ႏိုဝင္ဘာလ ၂၆ ရက္)၊ ညေနပိုင္းအခ်ိန္တြင္ ျပင္ဦးလြင္ၿမိဳ႕၊ ရပ္ကြက္ႀကီး(၁၂)၊ ျပင္ဦးလြင္စင္တာအနီးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“HIJET ကားက အရွိန္လြန္ၿပီး ေရွ႕ကေမာင္းေနတဲ့ဆိုင္ကယ္နဲ႔ လူတစ္ခ်ိဳ႕ကို ဝင္ၿပီးတိုက္မိတာပါ” ဟု ေဒသခံလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

ျဖစ္စဥ္ေၾကာင့္ ဆိုင္ကယ္ေပၚမွ အမ်ိဳးသမီး(၂)ဦးႏွင့္ အျခားအမ်ိဳးသား၊ အမ်ိဳးသမီး(၁၀)ဦးတို႔တြင္ ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။ ထိခိုက္ဒဏ္ရာရရွိသူမ်ားထဲတြင္ စိုးရိမ္ရသူမ်ားလည္း ပါဝင္ၿပီးေဒသခံလူမႈကူညီေရးအသင္းဝင္မ်ားက ေျမျပင္ကုသမႈမ်ားျပဳလုပ္ေပးၿပီးေနာက္ ျပင္ဦးလြင္ၿမိဳ႕ျပည္သူ႔ေဆး႐ုံ ႏွင့္ မႏၲေလးၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီးတို႔သို႔ပို႔ေဆာင္ေပးခဲ့ၾကသည္။

ထိုသို႔ ပို႔ေဆာင္ေပးခဲ့ေသာ္လည္း ဆိုင္ကယ္ေပၚတြင္ လိုက္ပါလာသည့္ မလဝန္းငယ္(၁၇)ႏွစ္၊ မယဥ္ယဥ္ဝိုင္း(၂၁)ႏွစ္တို႔မွာ ရရွိခဲ့သည့္ ဒဏ္ရာမ်ားျဖင့္ မႏၲေလးၿမိဳ႕ျပည္သူ႔ေဆး႐ုံ၌ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ေသဆုံးသူအမ်ိဳးသမီး(၂)ဦး၏႐ုပ္အေလာင္းမ်ားအား မႏၲေလးၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီးမွတစ္ဆင့္ ျပင္ဦးလြင္ၿမိဳ႕သို႔ ေဒသခံလူမႈ ကူညီေရးအသင္းကားျဖင့္ ျပန္လည္သယ္ေဆာင္လာကာ မနက္ျဖန္ (ႏိုဝင္ဘာလ ၂၈ ရက္)တြင္ ျပင္ဦးလြင္ၿမိဳ႕ရွိ (၈)မိုင္သုသာန္၌ သၿဂႋဳလ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

Picture

ကိုကျော်ဇင် ကိုကျော်ဇင်

27/11/2023 22:32

မဆင်မခြင်မောင်းတောနစ်နာရပြီအဲလိုယာ်ဥ်မောင်းကိုထိရောက်စွာအရေးယူသင်တယ်လူ၂ယောက်သေလည်းထောင်၆လ၁နှစ်ဆိုတာမဖြသ်သင့်တောဘူးလိုင်စင်ပိတ်၁ယောက်သေ၅နှစ်လောက်ပြစ်ဒါဏ်ချသင့်ပဥဒေပြောင်းသင့်ပြီ

Related news

© 2021. All rights reserved.