မျက်လုံးတက်တူးကို ဒေါ်လာ ၁ဝဝဝဝ သုံးကာ ထိုးနှံခဲ့တဲ့ TikToker ကွက်ဂါလ်ဖော့

 1724

ရောင်နီ (NP News) - နိုဝင်ဘာ ၃ဝ

ထူးထူးဆန်းဆန်းနဲ့ ရူးရူးမိုက်မိုက်လုပ်ဆောင်ရတဲ့အရာတွေကို ကြိုက်နှစ်သက်သူတစ်ဦးဖြစ်တဲ့ TikToker ကွက်ဂါလ်ဖော့ဟာ သူကြိုက်နှစ်သက်တဲ့ မျက်လုံးအမည်းရောင် တက်တူးတွေအတွက် ဒေါ်လာ ၁ဝဝဝဝ အကုန်အကျခံကာ ထိုးနှံခဲ့ပါတယ်။

TikTok ဆိုရှယ်မီဒီယာပလပ်ဖောင်းပေါ်မှာ Follower တစ်သန်းနီးပါးရှိတဲ့ ဖော့ဟာ ခေါင်းအစ ခြေအဆုံး၊ တစ်ကိုယ်လုံး တက်တူးထိုးရတာ ကြိုက်နှစ်သက်သူဖြစ်ပြီး ယခုအခါမှာလည်း စွန့်စားမှုတစ်ခုအနေနဲ့ မျက်လုံး တက်တူးတွေ ထိုးနှံထားခဲ့ပါတယ်။ သူ့မျက်လုံးရဲ့အဖြူသားတွေ အားလုံးကို အနက်ရောင်မှင်နဲ့ ဖုံးအုပ်ထားပါတယ်။ ဒီတက်တူးကို တက်တူးပညာရှင် ကော်ဘရာလူနာက ထိုးနှံပေးခဲ့တာပါ။ ဖော့ဟာ ဒီလိုအမည်းရောင် မျက်လုံးတက်တူးထိုးဖို့ တစ်လလောက် စဉ်းစားခဲ့ရပြီး စုစုပေါင်းဒေါ်လာ ၁ဝဝဝဝ အကုန်အကျခံကာ ထိုးနှံခဲ့ခြင်း ဖြစ်ပါတယ်။ ဒီတက်တူးကတော့ အလွယ်တကူ ပြန်ဖယ်ရှား၊ ဖျင်ပစ်လို့ မရနိုင်ဘူးလို့ သိရပါတယ်။

ဖော့ဟာ နိုဝင်ဘာ ၄ ရက်က ၎င်းတင်ခဲ့တဲ့ Tik Tok ဗီဒီယိုတစ်ခုမှာ အဆိုပါတက်တူးထိုးနှံခဲ့ခြင်းအတွက် ကျေနပ်ဝမ်းသာမိကြောင်း ပြောကြားခဲ့ပါတယ်။

Zawgyi Version;
မ်က္လုံးတက္တူးကို ေဒၚလာ ၁ဝဝဝဝ သုံးကာ ထိုးႏွံခဲ့တဲ့ TikToker ကြက္ဂါလ္ေဖာ့
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၃ဝ

ထူးထူးဆန္းဆန္းနဲ႔ ႐ူး႐ူးမိုက္မိုက္လုပ္ေဆာင္ရတဲ့အရာေတြကို ႀကိဳက္ႏွစ္သက္သူတစ္ဦးျဖစ္တဲ့ TikToker ကြက္ဂါလ္ေဖာ့ဟာ သူႀကိဳက္ႏွစ္သက္တဲ့ မ်က္လုံးအမည္းေရာင္ တက္တူးေတြအတြက္ ေဒၚလာ ၁ဝဝဝဝ အကုန္အက်ခံကာ ထိုးႏွံခဲ့ပါတယ္။

TikTok ဆိုရွယ္မီဒီယာပလပ္ေဖာင္းေပၚမွာ Follower တစ္သန္းနီးပါးရွိတဲ့ ေဖာ့ဟာ ေခါင္းအစ ေျခအဆုံး၊ တစ္ကိုယ္လုံး တက္တူးထိုးရတာ ႀကိဳက္ႏွစ္သက္သူျဖစ္ၿပီး ယခုအခါမွာလည္း စြန္႔စားမႈတစ္ခုအေနနဲ႔ မ်က္လုံး တက္တူးေတြ ထိုးႏွံထားခဲ့ပါတယ္။ သူ႔မ်က္လုံးရဲ႕အျဖဴသားေတြ အားလုံးကို အနက္ေရာင္မွင္နဲ႔ ဖုံးအုပ္ထားပါတယ္။ ဒီတက္တူးကို တက္တူးပညာရွင္ ေကာ္ဘရာလူနာက ထိုးႏွံေပးခဲ့တာပါ။ ေဖာ့ဟာ ဒီလိုအမည္းေရာင္ မ်က္လုံးတက္တူးထိုးဖို႔ တစ္လေလာက္ စဥ္းစားခဲ့ရၿပီး စုစုေပါင္းေဒၚလာ ၁ဝဝဝဝ အကုန္အက်ခံကာ ထိုးႏွံခဲ့ျခင္း ျဖစ္ပါတယ္။ ဒီတက္တူးကေတာ့ အလြယ္တကူ ျပန္ဖယ္ရွား၊ ဖ်င္ပစ္လို႔ မရႏိုင္ဘူးလို႔ သိရပါတယ္။

ေဖာ့ဟာ ႏိုဝင္ဘာ ၄ ရက္က ၎တင္ခဲ့တဲ့ Tik Tok ဗီဒီယိုတစ္ခုမွာ အဆိုပါတက္တူးထိုးႏွံခဲ့ျခင္းအတြက္ ေက်နပ္ဝမ္းသာမိေၾကာင္း ေျပာၾကားခဲ့ပါတယ္။

Picture

Ma Sue

30/11/2023 15:30

အချိန်တန်ရင် သေမဲ့ခန္ဓာကြီးကို ရူးပါ့ကွာ

Related news

© 2021. All rights reserved.