သန်လျင်တံတား အမှတ် - ၃ တည်ဆောက်ခြင်းလုပ်ငန်းများ လာမည့်နှစ်အတွင်း ပြီးစီးမည်

 2452

Pearl (NP News) - ဒီဇင်ဘာ ၁

ရန်ကုန်တိုင်း၊ သာကေတမြို့နယ် နှင့် သန်လျင်မြို့နယ်တို့ကိုဆက်သွယ်မည့် သန်လျင်တံတား အမှတ် - ၃ တည်ဆောက်ခြင်းလုပ်ငန်းများ ၂၀၂၄ ခုနှစ်အတွင်း ပြီးစီးမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

ယမန်နေ့ (နိုဝင်ဘာလ ၃၀ ရက်)တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် အဆိုပါ သန်လျင်တံတားအမှတ် - ၃ တည်ဆောက်ရေးလုပ်ငန်းခွင်သို့သွား ရောက်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးက စီမံကိန်းတစ်ခုအနေဖြင့် အပြီးသတ်ဆောင်ရွက်ရသည့်အပိုင်းသည် အလွန်အရေးကြီးသဖြင့် တံတားချိတ်ဆက်ဆောင်ရွက်သည့်လုပ်ငန်းများဆောင်ရွက်ရာ၌ ဒီဇိုင်းသတ်မှတ်ရေးဆွဲထားသည့် စံချိန်စံညွှန်းများအတိုင်း တိကျစွာဆောင်ရွက်ရန် နှင့် သတ်မှတ်အချိန်အတွင်းပြီးစီးစေရေး အလေးထားဆောင်ရွက်ရန် တိုက်တွန်းပြောကြားခဲ့သည်။

အဆိုပါ သန်လျင်တံတား အမှတ် - ၃ တွင် အဓိကပင်မတံတားတည်ဆောက်ခြင်းများ ပြီးစီးပြီဖြစ်ပြီး လက်စသတ်လုပ်ငန်းများနှင့် ဆက်စပ်လုပ်ငန်းများကို ၂၀၂၄ ခုနှစ်အတွင်း ပြီးစီးရန်လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တံတားအမျိုးအစားသည် သံကူကွန်ကရစ်သံမဏိကြိုးဆိုင်းဖြစ်ပြီး ဂျပန်နည်းပညာဖြင့် ဂျပန်အတိုင်ပင်ခံ အင်ဂျင်နီယာများ နှင့်‌ တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။
တံတားသည် အရှည် (၈၆၃၈ ဒသမ ၈၆‌)ပေရှိကြောင်း သိရသည်။

တည်ဆောက်ပြီးစီးသွားပါက ရန်ကုန်မှသန်လျင်သို့ အချိန်တိုအတွင်း အလွယ်တကူဆက်သွယ်သွားလာနိုင်ကာ လက်ရှိကြုံတွေ့နေရသည့် ယာဉ်ကြောပိတ်ဆို့မှုများလျော့နည်းမည်ဖြစ်ပြီး သန်လျင်မြို့နယ်အတွင်းရှိ စီးပွားရေးဇုန်၊ ခရမ်း နှင့် သုံးခွမြို့နယ်တို့အပါအဝင် ပဲခူးတိုင်းသို့ လွယ်ကူစွာသွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

zawgyi version
သန္လ်င္တံတား အမွတ္ - ၃ တည္ေဆာက္ျခင္းလုပ္ငန္းမ်ား လာမည့္ႏွစ္အတြင္း ၿပီးစီးမည္

Pearl (NP News) - ဒီဇင္ဘာ ၁

ရန္ကုန္တိုင္း၊ သာေကတၿမိဳ႕နယ္ ႏွင့္ သန္လ်င္ၿမိဳ႕နယ္တို႔ကိုဆက္သြယ္မည့္ သန္လ်င္တံတား အမွတ္ - ၃ တည္ေဆာက္ျခင္းလုပ္ငန္းမ်ား ၂၀၂၄ ခုႏွစ္အတြင္း ၿပီးစီးမည္ျဖစ္ေၾကာင္း ေဆာက္လုပ္ေရးဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။

ယမန္ေန႔ (ႏိုဝင္ဘာလ ၃၀ ရက္)တြင္ ေဆာက္လုပ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးမ်ိဳးသန႔္သည္ အဆိုပါ သန္လ်င္တံတားအမွတ္ - ၃ တည္ေဆာက္ေရးလုပ္ငန္းခြင္သို႔သြား ေရာက္ခဲ့ေၾကာင္း သိရသည္။

ျပည္ေထာင္စုဝန္ႀကီးက စီမံကိန္းတစ္ခုအေနျဖင့္ အၿပီးသတ္ေဆာင္႐ြက္ရသည့္အပိုင္းသည္ အလြန္အေရးႀကီးသျဖင့္ တံတားခ်ိတ္ဆက္ေဆာင္႐ြက္သည့္လုပ္ငန္းမ်ားေဆာင္႐ြက္ရာ၌ ဒီဇိုင္းသတ္မွတ္ေရးဆြဲထားသည့္ စံခ်ိန္စံၫႊန္းမ်ားအတိုင္း တိက်စြာေဆာင္႐ြက္ရန္ ႏွင့္ သတ္မွတ္အခ်ိန္အတြင္းၿပီးစီးေစေရး အေလးထားေဆာင္႐ြက္ရန္ တိုက္တြန္းေျပာၾကားခဲ့သည္။

အဆိုပါ သန္လ်င္တံတား အမွတ္ - ၃ တြင္ အဓိကပင္မတံတားတည္ေဆာက္ျခင္းမ်ား ၿပီးစီးၿပီျဖစ္ၿပီး လက္စသတ္လုပ္ငန္းမ်ားႏွင့္ ဆက္စပ္လုပ္ငန္းမ်ားကို ၂၀၂၄ ခုႏွစ္အတြင္း ၿပီးစီးရန္လ်ာထားေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

တံတားအမ်ိဳးအစားသည္ သံကူကြန္ကရစ္သံမဏိႀကိဳးဆိုင္းျဖစ္ၿပီး ဂ်ပန္နည္းပညာျဖင့္ ဂ်ပန္အတိုင္ပင္ခံ အင္ဂ်င္နီယာမ်ား ႏွင့္‌ တည္ေဆာက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။
တံတားသည္ အရွည္ (၈၆၃၈ ဒသမ ၈၆‌)ေပရွိေၾကာင္း သိရသည္။

တည္ေဆာက္ၿပီးစီးသြားပါက ရန္ကုန္မွသန္လ်င္သို႔ အခ်ိန္တိုအတြင္း အလြယ္တကူဆက္သြယ္သြားလာႏိုင္ကာ လက္ရွိႀကဳံေတြ႕ေနရသည့္ ယာဥ္ေၾကာပိတ္ဆို႔မႈမ်ားေလ်ာ့နည္းမည္ျဖစ္ၿပီး သန္လ်င္ၿမိဳ႕နယ္အတြင္းရွိ စီးပြားေရးဇုန္၊ ခရမ္း ႏွင့္ သုံးခြၿမိဳ႕နယ္တို႔အပါအဝင္ ပဲခူးတိုင္းသို႔ လြယ္ကူစြာသြားလာႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.