လာမည့်နှစ်မှစတင်၍ ဗိုလ်တထောင်စေတီတော်၌ နိုင်ငံခြားသားများ၏ ဧည့်ဝင်ကြေးတိုးမြှင့်ကောက်ခံမည်

 825

ကျော်(NP News) - ဒီဇင်ဘာ ၄

ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်ရှိ ဗိုလ်တထောင်စေတီတော်မြတ်ကြီးအား လာရောက်ဖူးမြှော်သည့် နိုင်ငံခြားသားများ၏ ဧည့်ဝင်ကြေးကို လာမည့်နှစ်(၂၀၂၄ ခုနှစ်)မှစတင်၍ တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ တိုးမြှင့်ကောက်ခံမည့်နှုန်းထားအား ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

လာမည့်နှစ်(၂၀၂၄ ခုနှစ်)၊ ဇန်နဝါရီလ ၁ ရက်မှစတင်၍ ဗိုလ်တထောင်စေတီတော်သို့လာရောက်ဖူးမြော်သည့် နိုင်ငံခြားသားများကို ဧည့်ဝင်ကြေးအဖြစ် တစ်ဦးလျှင် မြန်မာငွေ ၁၅၀၀၀ ကျပ်ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

"အခုလိုပြင်ဆင်ကောက်ခံရတဲ့အကြောင်းရင်းက နိုင်ငံခြားငွေလဲလှယ်မှုနှုန်းထားတိုးမြင့်သွားတာကြောင့်လည်းပါလိမ့်မယ်။ အခြား ဘုရား၊ စေတီတွေ ယဥ်ကျေးမှုဇုန်တွေနဲ့ယဥ်ကျေးမှုပြတိုက်တွေမှာလည်း နိုင်ငံခြားသားတွေရဲ့ ဧည့်ဝင်ကြေးကို တိုးမြှင့်ကောက်ခံနေကြတာပါပဲ"ဟု ဗိုလ်တထောင်စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်(ဟောင်း)တစ်ဦးက NP News ကိုပြောသည်။

ဗိုလ်တထောင်စေတီတော်သို့ လာရောက်ဖူးမြော်သည့် နိုင်ငံခြားသားများကို ယခုနှစ် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ ဧည့်ဝင်ကြေးအဖြစ် တစ်ဦးလျှင် မြန်မာငွေ ၁၀၀၀၀ ကျပ်ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

ဗိုလ်တထောင်စေတီတော်မြတ်ကြီးအား ပြည်တွင်းမှဘုရားဖူးများအပြင် ထိုင်းနိုင်ငံနှင့်ဗီယက်နမ်နိုင်ငံတို့မှလည်း ဘုရားဖူးများလည်းလာရောက်ဖူးမြော်ကြကြောင်း သိရသည်။

zawgyi version
လာမည့္ႏွစ္မွစတင္၍ ဗိုလ္တေထာင္ေစတီေတာ္၌ ႏိုင္ငံျခားသားမ်ား၏ ဧည့္ဝင္ေၾကးတိုးျမႇင့္ေကာက္ခံမည္

ေက်ာ္(NP News) - ဒီဇင္ဘာ ၄

ရန္ကုန္တိုင္း၊ ဗိုလ္တေထာင္ၿမိဳ႕နယ္ရွိ ဗိုလ္တေထာင္ေစတီေတာ္ျမတ္ႀကီးအား လာေရာက္ဖူးေျမႇာ္သည့္ ႏိုင္ငံျခားသားမ်ား၏ ဧည့္ဝင္ေၾကးကို လာမည့္ႏွစ္(၂၀၂၄ ခုႏွစ္)မွစတင္၍ တိုးျမႇင့္ေကာက္ခံသြားမည္ျဖစ္ေၾကာင္း သိရသည္။

ထိုသို႔ တိုးျမႇင့္ေကာက္ခံမည့္ႏႈန္းထားအား ဗိုလ္တေထာင္က်ိဳက္ေဒးအပ္ဆံေတာ္ဦးေစတီေတာ္ျမတ္ႀကီး၏ ဘ႑ာေတာ္ထိန္းေဂါပကအဖြဲ႕မွ အသိေပးထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။

လာမည့္ႏွစ္(၂၀၂၄ ခုႏွစ္)၊ ဇန္နဝါရီလ ၁ ရက္မွစတင္၍ ဗိုလ္တေထာင္ေစတီေတာ္သို႔လာေရာက္ဖူးေျမာ္သည့္ ႏိုင္ငံျခားသားမ်ားကို ဧည့္ဝင္ေၾကးအျဖစ္ တစ္ဦးလွ်င္ ျမန္မာေငြ ၁၅၀၀၀ က်ပ္ေျပာင္းလဲေကာက္ခံသြားမည္ျဖစ္ေၾကာင္း သိရသည္။

"အခုလိုျပင္ဆင္ေကာက္ခံရတဲ့အေၾကာင္းရင္းက ႏိုင္ငံျခားေငြလဲလွယ္မႈႏႈန္းထားတိုးျမင့္သြားတာေၾကာင့္လည္းပါလိမ့္မယ္။ အျခား ဘုရား၊ ေစတီေတြ ယဥ္ေက်းမႈဇုန္ေတြနဲ႔ယဥ္ေက်းမႈျပတိုက္ေတြမွာလည္း ႏိုင္ငံျခားသားေတြရဲ႕ ဧည့္ဝင္ေၾကးကို တိုးျမႇင့္ေကာက္ခံေနၾကတာပါပဲ"ဟု ဗိုလ္တေထာင္ေစတီေတာ္ ဘ႑ာေတာ္ထိန္းေဂါပကအဖြဲ႕ဝင္(ေဟာင္း)တစ္ဦးက NP News ကိုေျပာသည္။

ဗိုလ္တေထာင္ေစတီေတာ္သို႔ လာေရာက္ဖူးေျမာ္သည့္ ႏိုင္ငံျခားသားမ်ားကို ယခုႏွစ္ ၂၀၂၃ ခုႏွစ္၊ ဒီဇင္ဘာလကုန္အထိ ဧည့္ဝင္ေၾကးအျဖစ္ တစ္ဦးလွ်င္ ျမန္မာေငြ ၁၀၀၀၀ က်ပ္ေကာက္ခံသြားမည္ျဖစ္ေၾကာင္း သိရသည္။

ဗိုလ္တေထာင္ေစတီေတာ္ျမတ္ႀကီးအား ျပည္တြင္းမွဘုရားဖူးမ်ားအျပင္ ထိုင္းႏိုင္ငံႏွင့္ဗီယက္နမ္ႏိုင္ငံတို႔မွလည္း ဘုရားဖူးမ်ားလည္းလာေရာက္ဖူးေျမာ္ၾကေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.