စသုံးလုံးတွင် လက်ထောက်စုံးစမ်းရေးမှူး(၆၅)ဦး ဖြည့်တင်းခန့်ထားရန် ပြင်ဆင်နေ

3835
သန့်ဇင် (NP News) - ဒီဇင်ဘာ ၄
အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စသုံးလုံး)တွင် လက်ထောက်စုံစမ်းရေးမှူး(၆၅)ဦး ဖြည့်တင်းခန့်ထားရန် ပြင်ဆင်နေကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။

လက်ရှိတွင် ပြည်ထဲရေးဝန်ကြီးဌာန၌ လစ်လပ်လျက်ရှိသော လက်ထောက်စုံစမ်းရေးမှူး(၆၅)နေရာကို ဖြည့်တင်းခန့်ထားရင် အလုပ်လျှောက်လွှာများ ခေါ်ယူလျက်ရှိသည်။
အဆိုပါရာထူးနေရာ(၆၅)နေရာအတွက် လျှောက်ထားသူများအနေဖြင့် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိထားသူဖြစ်ရန်လိုအပ်ကာ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည့် သတ်မှတ်ချက် (၁၁)ချက်ဖြင့် ကိုက်ညီရန်လိုအပ်ကြောင်း သိရသည်။
ထို့ပြင် လျှောက်လွှာလျှောက်ထားရာတွင်လည်း လိုအပ်သောအထောက်အထား စာရွက်စာတန်းများ ပူးတွဲပါဝင်ရန်လိုအပ်ပြီး အစိုးရဌာနတစ်ခုခု၏ ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခြင်း၊ ရာထူးခန့်ထားခြင်းမှ အမိန့်စာပယ်ဖျက်ခြင်းခံရသူများမဖြစ်ရန်လိုအပ်ကြောင်း ဝန်ကြီးဌာနက အသိပေးထားသည်။
အရည်အချင်းစစ် ရေးဖြေစာမေးပွဲတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတဘာသာရပ်များကို ဖြေဆိုရမည်ဖြစ်ပြီး ရေးဖြေစာမေးပွဲအောင်မြင်သူများကို ကြံ့ခိုင်စွမ်းရည်စစ်ဆေးခြင်း၊ လူတွေ့စစ်ဆေးခြင်း၊ ဆေးအဆင့်စစ်ဆေးခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် လျှောက်ထားလိုသူများအနေဖြင့် လျှောက်လွှာများကို ယခု(ဒီဇင်ဘာလ ၂၂ ရက်)နောက်ဆုံးထားကာ မိမိတို့နေထိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ရှိ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနရုံးများတွင် သွားရောက်လျှောက်ထားနိုင်ကြောင်း သိရသည်။
zawgyi version
စသုံးလုံးတြင္ လက္ေထာက္စုံးစမ္းေရးမႉး(၆၅)ဦး ျဖည့္တင္းခန႔္ထားရန္ ျပင္ဆင္ေန
သန႔္ဇင္ (NP News) - ဒီဇင္ဘာ ၄
အထူးစုံစမ္းစစ္ေဆးေရးဦးစီးဌာန(စသုံးလုံး)တြင္ လက္ေထာက္စုံစမ္းေရးမႉး(၆၅)ဦး ျဖည့္တင္းခန႔္ထားရန္ ျပင္ဆင္ေနေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာနမွ သိရသည္။
လက္ရွိတြင္ ျပည္ထဲေရးဝန္ႀကီးဌာန၌ လစ္လပ္လ်က္ရွိေသာ လက္ေထာက္စုံစမ္းေရးမႉး(၆၅)ေနရာကို ျဖည့္တင္းခန႔္ထားရင္ အလုပ္ေလွ်ာက္လႊာမ်ား ေခၚယူလ်က္ရွိသည္။
အဆိုပါရာထူးေနရာ(၆၅)ေနရာအတြက္ ေလွ်ာက္ထားသူမ်ားအေနျဖင့္ တကၠသိုလ္တစ္ခုခုမွ ဘြဲ႕ရရွိထားသူျဖစ္ရန္လိုအပ္ကာ အထူးစုံစမ္းစစ္ေဆးေရးဦးစီးဌာနမွ ထုတ္ျပန္ထားသည့္ သတ္မွတ္ခ်က္ (၁၁)ခ်က္ျဖင့္ ကိုက္ညီရန္လိုအပ္ေၾကာင္း သိရသည္။
ထို႔ျပင္ ေလွ်ာက္လႊာေလွ်ာက္ထားရာတြင္လည္း လိုအပ္ေသာအေထာက္အထား စာ႐ြက္စာတန္းမ်ား ပူးတြဲပါဝင္ရန္လိုအပ္ၿပီး အစိုးရဌာနတစ္ခုခု၏ ဝန္ထမ္းအျဖစ္မွ ထုတ္ပယ္ျခင္း၊ ရာထူးခန႔္ထားျခင္းမွ အမိန႔္စာပယ္ဖ်က္ျခင္းခံရသူမ်ားမျဖစ္ရန္လိုအပ္ေၾကာင္း ဝန္ႀကီးဌာနက အသိေပးထားသည္။
အရည္အခ်င္းစစ္ ေရးေျဖစာေမးပြဲတြင္ ျမန္မာစာ၊ အဂၤလိပ္စာ၊ အေထြေထြဗဟုသုတဘာသာရပ္မ်ားကို ေျဖဆိုရမည္ျဖစ္ၿပီး ေရးေျဖစာေမးပြဲေအာင္ျမင္သူမ်ားကို ႀကံ့ခိုင္စြမ္းရည္စစ္ေဆးျခင္း၊ လူေတြ႕စစ္ေဆးျခင္း၊ ေဆးအဆင့္စစ္ေဆးျခင္းမ်ား ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ေလွ်ာက္ထားလိုသူမ်ားအေနျဖင့္ ေလွ်ာက္လႊာမ်ားကို ယခု(ဒီဇင္ဘာလ ၂၂ ရက္)ေနာက္ဆုံးထားကာ မိမိတို႔ေနထိုင္ရာ တိုင္းေဒသႀကီး/ ျပည္နယ္ရွိ အထူးစုံစမ္းစစ္ေဆးေရးဦးစီးဌာန႐ုံးမ်ားတြင္ သြားေရာက္ေလွ်ာက္ထားႏိုင္ေၾကာင္း သိရသည္။