လောက်ကိုင်မြို့ လေးမျက်နှာဘုရားအနီးတစ်ဝိုက်၌ တပ်မတော်နှင့် MNDAA ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲပြင်းထန်နေ

5543
မြူနစ် (NP News) - ဒီဇင်ဘာ ၅
ရှမ်းပြည်နယ်၊ လောက်ကိုင်မြို့ လေးမျက်နှာဘုရားအနီးတစ်ဝိုက်တွင် တပ်မတော် နှင့် MNDAA ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း သိရသည်။

ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA ပူးပေါင်းအဖွဲ့သည် လောက်ကိုင်မြို့၊ တုန်ချိန်ဒေသ၊ လေးမျက်နှာဘုရားအနီးရှိ တပ်မတော်၏ စခန်းကုန်းကို ပြီးခဲ့သော ရက်ပိုင်းအတွင်းမှစတင်ကာ လာရောက်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။
ယနေ့(ဒီဇင်ဘာလ ၅ ရက်)၊ နံနက်ပိုင်းမှ စတင်ကာ နှစ်ဖက်အကြားတွင် လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံဖြင့် ပစ်ခတ်တိုက်ခိုက်လျက်ရှိကြောင်း လောက်ကိုင်မြို့ခံတစ်ဦးက NP News ကို ပြောသည်။
“ဒီနေ့ မိုးလင်းတာနဲ့ အခုချိန်ထိ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ မရပ်မနားပစ်နေကြတယ်။ တော်တော်လေးကို ပြင်းထန်တယ်။ လောက်ကိုင်မြို့ထဲကိုတော့ ဝင်လာနိုင်တာ မရှိသေးဘူး။ အိမ်ကနေကြည့်လိုက်ရင် အဲဒီလေးမျက်နှာဘုရားနားမှာ မီးခိုးငွေ့တွေ အများကြီးပဲ” ဟု လောက်ကိုင်မြို့ခံက ဆက်လက်ပြောသည်။
MNDAA ပူးပေါင်းအဖွဲ့သည် ယမန်နေ့(ဒီဇင်ဘာလ ၄ ရက်)တွင်လည်း အင်အားအလုံးအရင်းဖြင့် လေးမျက်နှာဘုရားအနီးရှိ တပ်မတော်စခန်းကုန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်ဟုလည်း သတင်းထုတ်ပြန်ထားသည်။
“အဲဒီနားမှာ တိုက်ပွဲက ပြင်းထန်နေတုန်းပေါ့။ အရင်ရက်တွေကလည်း အဲဒီနားမှာပဲ ဖြစ်နေတာလေ။ တော်တော်လေးလည်း ကြာနေပြီ။ တပ်မတော်ဘက်ကတော့ လေယာဉ်တွေနဲ့ မကြာခဏဆိုသလို လာပစ်နေတာရှိတယ်။ မနေ့က လာပစ်တာပဲ။ ဒီနေ့လည်း တိုက်လေယာဉ်တွေနဲ့ (၃)ကြိမ်လောက်ရှိသွားပြီ။ အခု(၃)နာရီလောက်မှာ လေယာဉ်နဲ့ လာပစ်လို့ ပစ်ခတ်သံတွေ ပြန်ငြိမ်သွားတယ်”ဟု လောက်ကိုင်မြို့ခံက ထပ်မံပြောသည်။
ပြီးခဲ့သော ရက်ပိုင်းအတွင်း၌ လောက်ကိုင်မြို့၊ လေးမျက်နှာဘုရားအနီးတွင် Drop ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားထိခိုက်သေဆုံးမှု ဖြစ်စဉ်များ ဖြစ်ပွားခဲ့ဖူးသည်။
MNDAA၊ TNLA၊ AA ပူးပေါင်းအဖွဲ့သည် ပြီးခဲ့သော အောက်တိုဘာလ ၂၇ ရက်မှစတင်ကာ (၁၀၂၇ စစ်ဆင်ရေး)အမည်ဖြင့် ရှမ်းပြည်နယ်အတွင်းရှိ လုံခြုံရေးစခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တပ်မတော်လုံခြုံရေးစခန်းအချို့ကိုလည်း သိမ်းပိုက်ထားသည်။
လက်ရှိတွင်လည်း MNDAA ပူးပေါင်းအဖွဲ့၏ (၁၀၂၇ စစ်ဆင်ရေး)သည် လောက်ကိုင်မြို့ကို ဦးတည်လျက်ရှိပြီး မြို့နှင့်အနီးတစ်ဝိုက်တွင် ပြင်းထန်နေဆဲဖြစ်သည်။
အဆိုပါတိုက်ပွဲများကြောင့် လောက်ကိုင်မြို့၌ လာရောက်အလုပ်လုပ်ကိုင်သူများအပါအဝင် မြို့ခံပြည်သူများအစုသည် နေရပ်စွန့်ခွာစစ်ဘေးရှောင်နေရလျက်ရှိသည်။

zawgyi version
ေလာက္ကိုင္ၿမိဳ႕ ေလးမ်က္ႏွာဘုရားအနီးတစ္ဝိုက္၌ တပ္မေတာ္ႏွင့္ MNDAA ပူးေပါင္းအဖြဲ႕ၾကား တိုက္ပြဲျပင္းထန္ေန
ျမဴနစ္ (NP News) - ဒီဇင္ဘာ ၅
ရွမ္းျပည္နယ္၊ ေလာက္ကိုင္ၿမိဳ႕ ေလးမ်က္ႏွာဘုရားအနီးတစ္ဝိုက္တြင္ တပ္မေတာ္ ႏွင့္ MNDAA ပူးေပါင္းအဖြဲ႕ၾကား တိုက္ပြဲျပင္းထန္လ်က္ရွိေၾကာင္း သိရသည္။
ကိုးကန႔္လက္နက္ကိုင္အဖြဲ႕ MNDAA ပူးေပါင္းအဖြဲ႕သည္ ေလာက္ကိုင္ၿမိဳ႕၊ တုန္ခ်ိန္ေဒသ၊ ေလးမ်က္ႏွာဘုရားအနီးရွိ တပ္မေတာ္၏ စခန္းကုန္းကို ၿပီးခဲ့ေသာ ရက္ပိုင္းအတြင္းမွစတင္ကာ လာေရာက္တိုက္ခိုက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။
ယေန႔(ဒီဇင္ဘာလ ၅ ရက္)၊ နံနက္ပိုင္းမွ စတင္ကာ ႏွစ္ဖက္အၾကားတြင္ လက္နက္ႀကီး၊ လက္နက္ငယ္မ်ိဳးစုံျဖင့္ ပစ္ခတ္တိုက္ခိုက္လ်က္ရွိေၾကာင္း ေလာက္ကိုင္ၿမိဳ႕ခံတစ္ဦးက NP News ကို ေျပာသည္။
“ဒီေန႔ မိုးလင္းတာနဲ႔ အခုခ်ိန္ထိ လက္နက္ႀကီး၊ လက္နက္ငယ္ေတြနဲ႔ မရပ္မနားပစ္ေနၾကတယ္။ ေတာ္ေတာ္ေလးကို ျပင္းထန္တယ္။ ေလာက္ကိုင္ၿမိဳ႕ထဲကိုေတာ့ ဝင္လာႏိုင္တာ မရွိေသးဘူး။ အိမ္ကေနၾကည့္လိုက္ရင္ အဲဒီေလးမ်က္ႏွာဘုရားနားမွာ မီးခိုးေငြ႕ေတြ အမ်ားႀကီးပဲ” ဟု ေလာက္ကိုင္ၿမိဳ႕ခံက ဆက္လက္ေျပာသည္။
MNDAA ပူးေပါင္းအဖြဲ႕သည္ ယမန္ေန႔(ဒီဇင္ဘာလ ၄ ရက္)တြင္လည္း အင္အားအလုံးအရင္းျဖင့္ ေလးမ်က္ႏွာဘုရားအနီးရွိ တပ္မေတာ္စခန္းကုန္းကို ထိုးစစ္ဆင္တိုက္ခိုက္ခဲ့သည္ဟုလည္း သတင္းထုတ္ျပန္ထားသည္။
“အဲဒီနားမွာ တိုက္ပြဲက ျပင္းထန္ေနတုန္းေပါ့။ အရင္ရက္ေတြကလည္း အဲဒီနားမွာပဲ ျဖစ္ေနတာေလ။ ေတာ္ေတာ္ေလးလည္း ၾကာေနၿပီ။ တပ္မေတာ္ဘက္ကေတာ့ ေလယာဥ္ေတြနဲ႔ မၾကာခဏဆိုသလို လာပစ္ေနတာရွိတယ္။ မေန႔က လာပစ္တာပဲ။ ဒီေန႔လည္း တိုက္ေလယာဥ္ေတြနဲ႔ (၃)ႀကိမ္ေလာက္ရွိသြားၿပီ။ အခု(၃)နာရီေလာက္မွာ ေလယာဥ္နဲ႔ လာပစ္လို႔ ပစ္ခတ္သံေတြ ျပန္ၿငိမ္သြားတယ္”ဟု ေလာက္ကိုင္ၿမိဳ႕ခံက ထပ္မံေျပာသည္။
ၿပီးခဲ့ေသာ ရက္ပိုင္းအတြင္း၌ ေလာက္ကိုင္ၿမိဳ႕၊ ေလးမ်က္ႏွာဘုရားအနီးတြင္ Drop ဗုံးက်ေရာက္ေပါက္ကြဲမႈေၾကာင့္ အရပ္သားထိခိုက္ေသဆုံးမႈ ျဖစ္စဥ္မ်ား ျဖစ္ပြားခဲ့ဖူးသည္။
MNDAA၊ TNLA၊ AA ပူးေပါင္းအဖြဲ႕သည္ ၿပီးခဲ့ေသာ ေအာက္တိုဘာလ ၂၇ ရက္မွစတင္ကာ (၁၀၂၇ စစ္ဆင္ေရး)အမည္ျဖင့္ ရွမ္းျပည္နယ္အတြင္းရွိ လုံၿခဳံေရးစခန္းမ်ားကို ဝင္ေရာက္တိုက္ခိုက္ခဲ့ၿပီး တပ္မေတာ္လုံၿခဳံေရးစခန္းအခ်ိဳ႕ကိုလည္း သိမ္းပိုက္ထားသည္။
လက္ရွိတြင္လည္း MNDAA ပူးေပါင္းအဖြဲ႕၏ (၁၀၂၇ စစ္ဆင္ေရး)သည္ ေလာက္ကိုင္ၿမိဳ႕ကို ဦးတည္လ်က္ရွိၿပီး ၿမိဳ႕ႏွင့္အနီးတစ္ဝိုက္တြင္ ျပင္းထန္ေနဆဲျဖစ္သည္။
အဆိုပါတိုက္ပြဲမ်ားေၾကာင့္ ေလာက္ကိုင္ၿမိဳ႕၌ လာေရာက္အလုပ္လုပ္ကိုင္သူမ်ားအပါအဝင္ ၿမိဳ႕ခံျပည္သူမ်ားအစုသည္ ေနရပ္စြန႔္ခြာစစ္ေဘးေရွာင္ေနရလ်က္ရွိသည္။