ကမ္ဘာ့ရွှေဈေးနှုန်း သမိုင်းဝင်အမြင့်ဆုံးသို့ ရောက်ရှိလာ

10202

Pika (NP News) - ဒီဇင်ဘာ ၅
ကမ္ဘာတစ်ဝန်းတွင် အကျပ်အတည်းများ ဆက်လက်ဖြစ်ပွားနေမှုနှင့်အတူ ရွှေဈေးနှုန်းသည် ဒီဇင်ဘာလ(၄)ရက် တွင် အမြင့်ဆုံးသို့ရောက်ရှိသွားခဲ့ပြီး ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ(၂၁ဝဝ)ကျော်ထိ မြင့်တက်လာခဲ့ ကြောင်း သိရသည်။
ရွှေဈေးနှုန်းသည် အစောပိုင်းတွင် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ(၂ဝ၉ဝ)နှုန်းဖြင့် အရောင်းအဝယ်လုပ်နေ သော်လည်း လက်ရှိအချိန်တွင် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ(၂၁၁ဝ)ထိ စံချိန်တင်မြင့်တက်လာခဲ့ကြောင်း သိရသည်။ ကမ္ဘာလုံးဆိုင်ရာ မသေချာမရေရာမှုများ၊ ပထဝီဝင်နိုင်ငံရေးတင်းမာမှုများ၊ စီးပွားရေးကျဆင်းမှုနှင့် ပတ်သက်သည့်စိုးရိမ်မှုများ၊ US Federal Reserveမှ အတိုးနှုန်းဖြတ်တောက်မှုတို့နှင့် ပတ်သက်သည့် မျှော်လင့်ချက် တို့ကြောင့် ကမ္ဘာရွှေဈေးနှုန်းမြင့်တက်လာမှုများ နှစ်လဆက်တိုက်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
UOB ၏ စျေးကွက်မဟာဗျူဟာ၊ ကမ္ဘာလုံးဆိုင်ရာစီးပွားရေးနှင့် စျေးကွက်ရှာဖွေရေးအကြီးအကဲ Heng Koon How က "၂ဝ၂၄ ခုနှစ်အတွင်းမှာ အမေရိကန်ဒေါ်လာနဲ့ အတိုးနှုန်းတွေအတွက် ခန့်မှန်းထားတဲ့ လျော့ကျလာမှုတွေဟာ ရွှေဈေးအတွက် အဓိကအပြုသဘောဆောင်တဲ့ တွန်းအားတွေဖြစ်ပါတယ်။ ကမ္ဘာ့ရွှေဈေးနှုန်းဟာ ၂ဝ၂၄ ခုနှစ်ကုန်မှာ အမေရိကန်ဒေါ်လာ(၂၂ဝဝ) ထိ မြင့်တက်လာနိုင်ပါတယ်" ဟု ခန့်မှန်းပြောခဲ့သည်။
ကမ္ဘာ့ရွှေကောင်စီက၏ မကြာသေးမီက ပြုလုပ်ခဲ့သော စစ်တမ်းတစ်ခုအရ လာမည့်(၁၂)လအတွင်း ဗဟိုဘဏ်များ အားလုံး၏ (၂ဝ)ရာခိုင်နှုန်းကျော်သည် ၎င်းတို့၏ အရန်ရွှေပိုင်ဆိုင်မှုများကို ပိုမိုမြှင့်တင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။
ထို့အပြင် ဗဟိုဘဏ်များအားလုံး၏ (၂ဝ)ရာခိုင်နှုန်းကျော်သည် အမေရိကန်ဒေါ်လာကို အရန်ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ခြင်းအပေါ်မကောင်းမြင်မှုများ ပိုမိုတိုးလာခဲ့ကြောင်းလည်း သိရသည်။

Zawgyi Version;
ကမာၻ႔ေ႐ႊေဈးႏႈန္း သမိုင္းဝင္အျမင့္ဆုံးသို႔ ေရာက္ရွိလာ
Pika (NP News) - ဒီဇင္ဘာ ၅
ကမာၻတစ္ဝန္းတြင္ အက်ပ္အတည္းမ်ား ဆက္လက္ျဖစ္ပြားေနမႈႏွင့္အတူ ေ႐ႊေဈးႏႈန္းသည္ ဒီဇင္ဘာလ(၄)ရက္ တြင္ အျမင့္ဆုံးသို႔ေရာက္ရွိသြားခဲ့ၿပီး ေ႐ႊတစ္ေအာင္စလွ်င္ အေမရိကန္ေဒၚလာ(၂၁ဝဝ)ေက်ာ္ထိ ျမင့္တက္လာခဲ့ ေၾကာင္း သိရသည္။
ေ႐ႊေဈးႏႈန္းသည္ အေစာပိုင္းတြင္ တစ္ေအာင္စလွ်င္ အေမရိကန္ေဒၚလာ(၂ဝ၉ဝ)ႏႈန္းျဖင့္ အေရာင္းအဝယ္လုပ္ေန ေသာ္လည္း လက္ရွိအခ်ိန္တြင္ တစ္ေအာင္စလွ်င္ အေမရိကန္ေဒၚလာ(၂၁၁ဝ)ထိ စံခ်ိန္တင္ျမင့္တက္လာခဲ့ေၾကာင္း သိရသည္။ ကမာၻလုံးဆိုင္ရာ မေသခ်ာမေရရာမႈမ်ား၊ ပထဝီဝင္ႏိုင္ငံေရးတင္းမာမႈမ်ား၊ စီးပြားေရးက်ဆင္းမႈႏွင့္ ပတ္သက္သည့္စိုးရိမ္မႈမ်ား၊ US Federal Reserveမွ အတိုးႏႈန္းျဖတ္ေတာက္မႈတို႔ႏွင့္ ပတ္သက္သည့္ ေမွ်ာ္လင့္ခ်က္ တို႔ေၾကာင့္ ကမာၻေ႐ႊေဈးႏႈန္းျမင့္တက္လာမႈမ်ား ႏွစ္လဆက္တိုက္ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
UOB ၏ ေစ်းကြက္မဟာဗ်ဴဟာ၊ ကမာၻလုံးဆိုင္ရာစီးပြားေရးႏွင့္ ေစ်းကြက္ရွာေဖြေရးအႀကီးအကဲ Heng Koon How က "၂ဝ၂၄ ခုႏွစ္အတြင္းမွာ အေမရိကန္ေဒၚလာနဲ႔ အတိုးႏႈန္းေတြအတြက္ ခန႔္မွန္းထားတဲ့ ေလ်ာ့က်လာမႈေတြဟာ ေ႐ႊေဈးအတြက္ အဓိကအျပဳသေဘာေဆာင္တဲ့ တြန္းအားေတြျဖစ္ပါတယ္။ ကမာၻ႔ေ႐ႊေဈးႏႈန္းဟာ ၂ဝ၂၄ ခုႏွစ္ကုန္မွာ အေမရိကန္ေဒၚလာ(၂၂ဝဝ) ထိ ျမင့္တက္လာႏိုင္ပါတယ္" ဟု ခန႔္မွန္းေျပာခဲ့သည္။
ကမာၻ႔ေ႐ႊေကာင္စီက၏ မၾကာေသးမီက ျပဳလုပ္ခဲ့ေသာ စစ္တမ္းတစ္ခုအရ လာမည့္(၁၂)လအတြင္း ဗဟိုဘဏ္မ်ား အားလုံး၏ (၂ဝ)ရာခိုင္ႏႈန္းေက်ာ္သည္ ၎တို႔၏ အရန္ေ႐ႊပိုင္ဆိုင္မႈမ်ားကို ပိုမိုျမႇင့္တင္ရန္ ရည္႐ြယ္ထားေၾကာင္း သိရသည္။
ထို႔အျပင္ ဗဟိုဘဏ္မ်ားအားလုံး၏ (၂ဝ)ရာခိုင္ႏႈန္းေက်ာ္သည္ အေမရိကန္ေဒၚလာကို အရန္ပိုင္ဆိုင္မႈအျဖစ္ သတ္မွတ္ျခင္းအေပၚမေကာင္းျမင္မႈမ်ား ပိုမိုတိုးလာခဲ့ေၾကာင္းလည္း သိရသည္။