ဘုရင့်နောင်တံတားပြုပြင်ရာတွင် အသုံးပြုမည့်ပစ္စည်းများအား ညအိပ်စောင့်ရသည့်အမျိုးသား (၂)ဦးကို (၁၂)ဘီးကားမှ ဝင်တိုက်မှုကြောင့် ပွဲချင်းပြီးသေဆုံး

 1964

သန့်ဇင် (NP News) - ဒီဇင်ဘာ ၉

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်ရှိ ဘုရင့်နောင်တံတားပြုပြင်ရာ၌ အသုံးပြုမည့်ပစ္စည်းများအား ညအိပ်စောင့်ရသည့် အမျိုးသား (၂)ဦးကို (၁၂)ဘီးကားကဝင်တိုက်မိခဲ့ရာ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း ကရုဏာတွဲလက်လူမှုနာမှုကူညီရေးအသင်းထံမှ သိရသည်။

ယမန်နေ့(ဒီဇင်ဘာလ ၈ ရက်)၊ ည ၂ နာရီအချိန်ခန့်တွင် လှိုင်သာယာမြိုနယ်၊ ဘုရင့်နောင်တံတားအဆင်း၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“(၁၂)ဘီးကားက တံတားပေါ်ကဆင်းလာပြီး ဘလောက်တုံးတွေကိုဖြတ်တိုက်လာတာ။ ပြီးတော့မှ တံတားပြင်ဖို့ထားတဲ့ မီးစက်ကို ဝင်တိုက်တော့ မီးစက်နောက်မှာ အိပ်နေတဲ့ လူ(၂) ယောက်ပေါ်ကို မီးစက်ပိပြီး ဆုံးသွားတာပေါ့။ ဆုံးသွားတဲ့ လူ(၂)ယောက်က တံတားပြင်တဲ့အဖွဲ့ကပါ။ သူတို့က စက်ပစ္စည်းတွေကို ညအိပ်စောင့်နေကြတာပါ”ဟု ကရုဏာတွဲလက် လူမှုနာမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါယာဉ်တိုက်မှုတွင် သေဆုံးသူအမျိုးသား(၂)ဦးအနက် တစ်ဦးသည် အသက်(၁၈)နှစ်အရွယ်ရှိ လှိုင်သာယာမြို့နယ် ရှမ်းချောင်းကျေးရွာတွင်နေထိုင်သူဖြစ်ပြီး ကျန်အမျိုးသားတစ်ဦးသည် အသက်(၂၂)နှစ်အရွယ်ခန့်ရှိ ဘုရင့်နောင်တံတားအောက်ပိုင်းရှိနေအိမ်တွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။

“သေဆုံးသူအမျိုးသား(၂)ဦးလုံးကတော့ ရန်ကုန်ကပါ။ တိုက်တဲ့ကားက ဧရာဝတီတိုင်းကလို့ သိရတယ်။ အမျိုးသား(၂)ယောက်တော့ အခင်းဖြစ်တဲ့နေရာမှာပဲ ပွဲချင်းပြီး ဆုံးသွားတာပါ။ ကျန်တာတွေတော့ မသိခဲ့ရဘူး သက်ဆိုင်ရာကဆက်လုပ်နေပါတယ်” ဟု ၎င်းကဆက်လက်ပြောသည်။

ထို့ကြောင့် သေဆုံးသူအမျိုးသား(၂)ဦးအား ဂရုဏာတွဲလက်လူမှုနာမှုကူညီရေးအသင်းမှ လှိုင်သာယာမြို့နယ်ပြည်သူ့ဆေးရုံးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

zawgyi version
ဘုရင့္ေနာင္တံတားျပဳျပင္ရာတြင္ အသုံးျပဳမည့္ပစၥည္းမ်ားအား ညအိပ္ေစာင့္ရသည့္အမ်ိဳးသား (၂)ဦးကို (၁၂)ဘီးကားမွ ဝင္တိုက္မႈေၾကာင့္ ပြဲခ်င္းၿပီးေသဆုံး

သန္႔ဇင္ (NP News) - ဒီဇင္ဘာ ၉

ရန္ကုန္တိုင္း၊ လႈိင္သာယာၿမိဳ႕နယ္ရွိ ဘုရင့္ေနာင္တံတားျပဳျပင္ရာ၌ အသုံးျပဳမည့္ပစၥည္းမ်ားအား ညအိပ္ေစာင့္ရသည့္ အမ်ိဳးသား (၂)ဦးကို (၁၂)ဘီးကားကဝင္တိုက္မိခဲ့ရာ ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ေၾကာင္း က႐ုဏာတြဲလက္လူမႈနာမႈကူညီေရးအသင္းထံမွ သိရသည္။

ယမန္ေန႔(ဒီဇင္ဘာလ ၈ ရက္)၊ ည ၂ နာရီအခ်ိန္ခန႔္တြင္ လႈိင္သာယာၿမိဳနယ္၊ ဘုရင့္ေနာင္တံတားအဆင္း၌ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“(၁၂)ဘီးကားက တံတားေပၚကဆင္းလာၿပီး ဘေလာက္တုံးေတြကိုျဖတ္တိုက္လာတာ။ ၿပီးေတာ့မွ တံတားျပင္ဖို႔ထားတဲ့ မီးစက္ကို ဝင္တိုက္ေတာ့ မီးစက္ေနာက္မွာ အိပ္ေနတဲ့ လူ(၂) ေယာက္ေပၚကို မီးစက္ပိၿပီး ဆုံးသြားတာေပါ့။ ဆုံးသြားတဲ့ လူ(၂)ေယာက္က တံတားျပင္တဲ့အဖြဲ႕ကပါ။ သူတို႔က စက္ပစၥည္းေတြကို ညအိပ္ေစာင့္ေနၾကတာပါ”ဟု က႐ုဏာတြဲလက္ လူမႈနာမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါယာဥ္တိုက္မႈတြင္ ေသဆုံးသူအမ်ိဳးသား(၂)ဦးအနက္ တစ္ဦးသည္ အသက္(၁၈)ႏွစ္အ႐ြယ္ရွိ လႈိင္သာယာၿမိဳ႕နယ္ ရွမ္းေခ်ာင္းေက်း႐ြာတြင္ေနထိုင္သူျဖစ္ၿပီး က်န္အမ်ိဳးသားတစ္ဦးသည္ အသက္(၂၂)ႏွစ္အ႐ြယ္ခန႔္ရွိ ဘုရင့္ေနာင္တံတားေအာက္ပိုင္းရွိေနအိမ္တြင္ ေနထိုင္သူျဖစ္ေၾကာင္း သိရသည္။

“ေသဆုံးသူအမ်ိဳးသား(၂)ဦးလုံးကေတာ့ ရန္ကုန္ကပါ။ တိုက္တဲ့ကားက ဧရာဝတီတိုင္းကလို႔ သိရတယ္။ အမ်ိဳးသား(၂)ေယာက္ေတာ့ အခင္းျဖစ္တဲ့ေနရာမွာပဲ ပြဲခ်င္းၿပီး ဆုံးသြားတာပါ။ က်န္တာေတြေတာ့ မသိခဲ့ရဘူး သက္ဆိုင္ရာကဆက္လုပ္ေနပါတယ္” ဟု ၎ကဆက္လက္ေျပာသည္။

ထို႔ေၾကာင့္ ေသဆုံးသူအမ်ိဳးသား(၂)ဦးအား ဂ႐ုဏာတြဲလက္လူမႈနာမႈကူညီေရးအသင္းမွ လႈိင္သာယာၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံးသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.