စင်ကာပူထံမှ တစ်လလျှင် စက်သုံးဆီ မက်ထရစ်တန် (၅)သန်း တင်သွင်းလျက်ရှိပြီး ယခုလအတွင်း သင်္ဘော (၂၇) စင်းဖြင့် ထပ်မံတင်သွင်းရန် ညှိနှိုင်းပြီးဖြစ်

 9920

မျိုးကြီး (NP News) - ဒီဇင်ဘာ ၁ဝ

စင်ကာပူနိုင်ငံထံမှ တစ်လလျှင် စက်သုံးဆီ မက်ထရစ်တန် (၅)သန်း တင်သွင်းလျက်ရှိပြီး ယခု ဒီဇင်ဘာလအတွင်း သင်္ဘော (၂၇)စင်းဖြင့် ထပ်မံတင်သွင်းရန် ညှိနှိုင်းထားပြီးဖြစ်ကြာင်း သိရသည်။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးမှုနှင့်ပတ်သက်၍ နစက၏ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ယမန်နေ့တွင် ရှင်းလင်းပြောဆိုရာ၌ အထက်ပါကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ပြည်တွင်းစက်သုံးဆီသုံးစွဲမှုပမာဏ၏ ၉ဝ ရာခိုင်နှုန်းကျော်ကို စင်ကာပူနိုင်ငံထံမှ အဓိက ဝယ်ယူ တင်သွင်းသိုလှောင်ကာ ဖြန့်ဖြူးပေးနေခြင်းဖြစ်သည်။

“လက်ရှိအခြေအနေမှာ တစ်လပျမ်းမျှ မက်ထရစ်တန် ၅ ဒသမ ဝ သန်းဝန်းကျင် တင်သွင်းဖြန့်ဖြူးပေးနေပါတယ်။ လစဉ် ပြည်တွင်းမှာ ဖူလုံစွာသုံးစွဲနိုင်ဖို့လိုအပ်တဲ့ စက်သုံးဆီအမျိုးအစားအလိုက် ပမာဏကိုတွက်ချက်ပြီး အဲဒီ ပမာဏအတိုင်း သင်္ဘောတွေကို ခန့်မှန်းရောက်ရှိလာမယ့်အချိန်၊ ဆိုက်ကပ်ရမယ့် Jetty တွေရဲ့အခြေအနေ၊ Terminal တွေရဲ့ သိုလှောင်နိုင်မှု ပမာဏ၊ ဘောက်ဆာတွေ ဝင်/ထွက် ထုတ်ယူဖြန့်ဖြူးပေးနိုင်မှုအခြေအနေတို့နဲ့ ကိုက်ညှိပြီး ပြည်ပနိုင်ငံက ဆီတင်သင်္ဘောတွေအတွက် Shipment Plan ကို ရေးဆွဲတင်သွင်းနေတာဖြစ်ပါတယ်” ဟု အဆိုပါကော်မတီမှ အတွင်းရေးမှူး ဦးသန်းဇော်က ပြောသည်။

ဒီဇင်ဘာ ၈ ရက်အထိ သီလဝါသိုလှောင်ကန်စခန်း၊ အခြားသိုလှောင်ကန်စခန်းနှင့် သီလဝါဒေသရှိ Jetty များတွင် ဆီတင်သင်္ဘော (၆)စင်း ဆိုက်ကပ်ထားပြီး ပင်လယ်ဝ Pilot Stataion တွင်လည်း ဆီတင်သင်္ဘော (၉)စင်း ဆိုက်ကပ်ထားကြောင်း ကော်မတီက ဆိုသည်။

ထို့ပြင် စင်ကာပူနိုင်ငံမှတစ်ဆင့် ဆီတင်သင်္ဘောတစ်စင်းသည်လည်း စက်သုံးဆီများတင်ဆောင်ကာ ထွက်ခွာလာ လျက်ရှိသည့်အပြင် ယခုဒီဇင်ဘာလအတွင်း၌ သင်္ဘော (၂၇)စင်းဖြင့် စက်သုံးဆီများ ထပ်မံတင်သွင်းရန် Supplier များဖြင့် ညှိနှိုင်းဆောင်ရွက်ထားပြီးဖြစ်ကြောင်း အတွင်းရေးမှူးဦးသန်းဇော်က ထုတ်ဖော်အသိပေးထားသည်။

လက်ရှိတွင် သီလဝါဆိပ်ကမ်း၌ ဆီသင်္ဘော (၆)စင်း ဆိုက်ကပ်ကာ ဓာတ်ဆီတန်ချိန် (၂၄၃၁၉)တန် နှင့် ဒီဇယ်ဆီ တန်ချိန် (၅၃၃၁၅) တန်ကျော်ကို သက်ဆိုင်ရာသိုလှောင်ကန်များမှ ဆီချပေးနေပြီဖြစ်ကြောင်း သိရသည်။

“ပြည်ပမှာလည်း မြန်မာနိုင်ငံအတွက် ဝယ်ယူထားပြီးဖြစ်တဲ့စက်သုံးဆီတွေကို ဆီတင်သင်္ဘောတွေပေါ် တင်ဆောင် ဖြည့်တင်းလျက်ရှိတဲ့အပြင် ဆီဖြည့်တင်းပြီး လာရောက်ဆဲဆီတင်သင်္ဘောတွေလည်း ရှိနေပါတယ်။ မြန်မာနိုင်ငံ အတွက် စက်သုံးဆီဝယ်ယူထားပြီး ဆီတင်သင်္ဘောတွေပေါ် တင်ဆောင်တာ၊ လမ်းခရီးသယ်ယူတာ၊ မြန်မာနိုင်ငံ ပင်လယ်ဝမှာ အသင့်စောင့်ဆိုင်းတာနဲ့ ဆိပ်ကမ်းတွေမှာ ဆိုက်ကပ်ချယူတဲ့လုပ်ငန်းစဉ်တွေ စဉ်ဆက်မပြတ်ရှိနေ တယ်ဆိုတာကိုလည်း အသိပေးလိုပါတယ်” ဟု ဦးသန်းဇော်က ထပ်မံပြောသည်။

သီလဝါဆိပ်ကမ်းရှိ သိုလှောင်ကန်စခန်း (၈)ခုမှတစ်ဆင့် စက်သုံးဆီများကို နိုင်ငံအတွင်း၌ အဓိကဖြန့်ဖြူးပေးနေ လျက်ရှိပြီး တစ်နေ့လျှင် ဆီဘောက်ဆာကားအစီးရေ (၁၅ဝဝ)မှ (၁၈ဝဝ)ကြားဖြင့် ဖြန့်ဖြူးပေးနေကြောင်း သိရသည်။

ထို့ကြောင့် စက်သုံးဆီနှင့်ပတ်သက်၍ စနစ်တကျလုပ်ဆောင်နေသည့်အတွက် ပြည်သူများအနေဖြင့် စက်သုံးဆီ ပြတ်လပ်မည်ကို စိုးရိမ်ပူပန်နေစရာမလိုကြောင်းလည်း အဆိုပါကော်မတီက အသိပေးထားသည်။

Zawgyi Version;
စင္ကာပူထံမွ တစ္လလွ်င္ စက္သုံးဆီ မက္ထရစ္တန္ (၅)သန္း တင္သြင္းလ်က္ရွိၿပီး ယခုလအတြင္း သေဘၤာ (၂၇) စင္းျဖင့္ ထပ္မံတင္သြင္းရန္ ညႇိႏႈိင္းၿပီးျဖစ္
မ်ိဳးႀကီး (NP News) - ဒီဇင္ဘာ ၁ဝ

စင္ကာပူႏိုင္ငံထံမွ တစ္လလွ်င္ စက္သုံးဆီ မက္ထရစ္တန္ (၅)သန္း တင္သြင္းလ်က္ရွိၿပီး ယခု ဒီဇင္ဘာလအတြင္း သေဘၤာ (၂၇)စင္းျဖင့္ ထပ္မံတင္သြင္းရန္ ညႇိႏႈိင္းထားၿပီးျဖစ္ၾကာင္း သိရသည္။

စက္သုံးဆီတင္သြင္းသိုေလွာင္ျဖန႔္ျဖဴးမႈႏွင့္ပတ္သက္၍ နစက၏ စက္သုံးဆီတင္သြင္းသိုေလွာင္ျဖန႔္ျဖဴးျခင္း လုပ္ငန္းႀကီးၾကပ္ေရးေကာ္မတီက ယမန္ေန႔တြင္ ရွင္းလင္းေျပာဆိုရာ၌ အထက္ပါကဲ့သို႔ ေျပာဆိုခဲ့ျခင္းျဖစ္သည္။

လက္ရွိတြင္ ျပည္တြင္းစက္သုံးဆီသုံးစြဲမႈပမာဏ၏ ၉ဝ ရာခိုင္ႏႈန္းေက်ာ္ကို စင္ကာပူႏိုင္ငံထံမွ အဓိက ဝယ္ယူ တင္သြင္းသိုေလွာင္ကာ ျဖန႔္ျဖဴးေပးေနျခင္းျဖစ္သည္။

“လက္ရွိအေျခအေနမွာ တစ္လပ်မ္းမွ် မက္ထရစ္တန္ ၅ ဒသမ ဝ သန္းဝန္းက်င္ တင္သြင္းျဖန႔္ျဖဴးေပးေနပါတယ္။ လစဥ္ ျပည္တြင္းမွာ ဖူလုံစြာသုံးစြဲႏိုင္ဖို႔လိုအပ္တဲ့ စက္သုံးဆီအမ်ိဳးအစားအလိုက္ ပမာဏကိုတြက္ခ်က္ၿပီး အဲဒီ ပမာဏအတိုင္း သေဘၤာေတြကို ခန႔္မွန္းေရာက္ရွိလာမယ့္အခ်ိန္၊ ဆိုက္ကပ္ရမယ့္ Jetty ေတြရဲ႕အေျခအေန၊ Terminal ေတြရဲ႕ သိုေလွာင္ႏိုင္မႈ ပမာဏ၊ ေဘာက္ဆာေတြ ဝင္/ထြက္ ထုတ္ယူျဖန႔္ျဖဴးေပးႏိုင္မႈအေျခအေနတို႔နဲ႔ ကိုက္ညႇိၿပီး ျပည္ပႏိုင္ငံက ဆီတင္သေဘၤာေတြအတြက္ Shipment Plan ကို ေရးဆြဲတင္သြင္းေနတာျဖစ္ပါတယ္” ဟု အဆိုပါေကာ္မတီမွ အတြင္းေရးမႉး ဦးသန္းေဇာ္က ေျပာသည္။

ဒီဇင္ဘာ ၈ ရက္အထိ သီလဝါသိုေလွာင္ကန္စခန္း၊ အျခားသိုေလွာင္ကန္စခန္းႏွင့္ သီလဝါေဒသရွိ Jetty မ်ားတြင္ ဆီတင္သေဘၤာ (၆)စင္း ဆိုက္ကပ္ထားၿပီး ပင္လယ္ဝ Pilot Stataion တြင္လည္း ဆီတင္သေဘၤာ (၉)စင္း ဆိုက္ကပ္ထားေၾကာင္း ေကာ္မတီက ဆိုသည္။

ထို႔ျပင္ စင္ကာပူႏိုင္ငံမွတစ္ဆင့္ ဆီတင္သေဘၤာတစ္စင္းသည္လည္း စက္သုံးဆီမ်ားတင္ေဆာင္ကာ ထြက္ခြာလာ လ်က္ရွိသည့္အျပင္ ယခုဒီဇင္ဘာလအတြင္း၌ သေဘၤာ (၂၇)စင္းျဖင့္ စက္သုံးဆီမ်ား ထပ္မံတင္သြင္းရန္ Supplier မ်ားျဖင့္ ညႇိႏႈိင္းေဆာင္႐ြက္ထားၿပီးျဖစ္ေၾကာင္း အတြင္းေရးမႉးဦးသန္းေဇာ္က ထုတ္ေဖာ္အသိေပးထားသည္။

လက္ရွိတြင္ သီလဝါဆိပ္ကမ္း၌ ဆီသေဘၤာ (၆)စင္း ဆိုက္ကပ္ကာ ဓာတ္ဆီတန္ခ်ိန္ (၂၄၃၁၉)တန္ ႏွင့္ ဒီဇယ္ဆီ တန္ခ်ိန္ (၅၃၃၁၅) တန္ေက်ာ္ကို သက္ဆိုင္ရာသိုေလွာင္ကန္မ်ားမွ ဆီခ်ေပးေနၿပီျဖစ္ေၾကာင္း သိရသည္။

“ျပည္ပမွာလည္း ျမန္မာႏိုင္ငံအတြက္ ဝယ္ယူထားၿပီးျဖစ္တဲ့စက္သုံးဆီေတြကို ဆီတင္သေဘၤာေတြေပၚ တင္ေဆာင္ ျဖည့္တင္းလ်က္ရွိတဲ့အျပင္ ဆီျဖည့္တင္းၿပီး လာေရာက္ဆဲဆီတင္သေဘၤာေတြလည္း ရွိေနပါတယ္။ ျမန္မာႏိုင္ငံ အတြက္ စက္သုံးဆီဝယ္ယူထားၿပီး ဆီတင္သေဘၤာေတြေပၚ တင္ေဆာင္တာ၊ လမ္းခရီးသယ္ယူတာ၊ ျမန္မာႏိုင္ငံ ပင္လယ္ဝမွာ အသင့္ေစာင့္ဆိုင္းတာနဲ႔ ဆိပ္ကမ္းေတြမွာ ဆိုက္ကပ္ခ်ယူတဲ့လုပ္ငန္းစဥ္ေတြ စဥ္ဆက္မျပတ္ရွိေန တယ္ဆိုတာကိုလည္း အသိေပးလိုပါတယ္” ဟု ဦးသန္းေဇာ္က ထပ္မံေျပာသည္။

သီလဝါဆိပ္ကမ္းရွိ သိုေလွာင္ကန္စခန္း (၈)ခုမွတစ္ဆင့္ စက္သုံးဆီမ်ားကို ႏိုင္ငံအတြင္း၌ အဓိကျဖန႔္ျဖဴးေပးေန လ်က္ရွိၿပီး တစ္ေန႔လွ်င္ ဆီေဘာက္ဆာကားအစီးေရ (၁၅ဝဝ)မွ (၁၈ဝဝ)ၾကားျဖင့္ ျဖန႔္ျဖဴးေပးေနေၾကာင္း သိရသည္။

ထို႔ေၾကာင့္ စက္သုံးဆီႏွင့္ပတ္သက္၍ စနစ္တက်လုပ္ေဆာင္ေနသည့္အတြက္ ျပည္သူမ်ားအေနျဖင့္ စက္သုံးဆီ ျပတ္လပ္မည္ကို စိုးရိမ္ပူပန္ေနစရာမလိုေၾကာင္းလည္း အဆိုပါေကာ္မတီက အသိေပးထားသည္။

Related news

© 2021. All rights reserved.