ဒီဇင်ဘာ(၁၆)ရက်တွင် စတင်ကျင်းပမည့် ပြင်ဦးလွင်ပန်းပွဲတော်၌ ပန်းအရေအတွက် နှစ်သိန်းနီးပါးကို ဇုန်(၈)ဇုန်ခွဲကာ ပြသသွားမည်

2317

ယွန်း (NP News) - ဒီဇင်ဘာ ၁ဝ
ဒီဇင်ဘာ(၁၆)ရက်တွင် စတင်ကျင်းပမည့် ပြင်ဦးလွင်ပန်းပွဲတော်၌ ပန်းအရေအတွက် နှစ်သိန်းနီးပါးကို ဇုန်(၈)ဇုန် ခွဲ၍ ပြသသွားမည်ဖြစ်ကြောင်း အမျိုးသားကန်တော်ကြီးဥယျာဥ်မှ တာဝန်ရှိသူကပြောသည်။
(၁၆)ကြိမ်မြောက် ပြင်ဦးလွင်ပန်းပွဲတော်ကို လာမည့် ဒီဇင်ဘာ(၁၆)ရက်မှ ဇန်နဝါရီ(၁၆)ရက်အထိ တစ်လတာ ကျင်းပသွားမည်ဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ(၁၇)ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပန်းပွဲတော်တွင် ပန်းအရေအတွက် နှစ်သိန်းနီးပါးကို ပြသသွားမည်ဖြစ်ပြီး ပန်းမျိုးစိပ်ပေါင်း (၄ဝ)နီးပါး ပါဝင် ကြောင်း သိရသည်။
“(၁၆)ကြိမ်မြောက်ပေါ့နော် ဇုန်(၈)ဇုန်ခွဲပြီးတော့ ပြသွားမှာပါ။ ပြခန်းသက်သက်တော့ မရှိပါဘူး။ ဒီဇင်ဘာလ(၁၆)ရက်ကနေ ဇန်နဝါရီ(၁၆) ရက်အထိ တစ်လကျင်းပမှာပေါ့။ ဖွင့်ပွဲကတော့ ဒီဇင်ဘာ(၁၇)ရက် ဖွင့်ပွဲ လုပ်မယ်။ ဒီနှစ်ကတော့ ပန်းအရေအတွက် နှစ်သိန်းလောက်ပြမယ်။ ပန်းမျိုးစိပ်ကတော့ အမျိုးအစား(၄ဝ) လောက် ပါမယ်။ အပိုင်းလိုက်ဇုန်(၈)ဇုန်ခွဲပြီးတော့ ပြကွက်(၈)ခုပြသွားမှာပါ” ဟု အမျိုးသားကန်တော်ကြီးဥယျာဥ်မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
ထို့ပြင် ဒေသထုတ်ကုန်၊ စားသောက်ကုန် နှင့် လူသုံးကုန်ပစ္စည်းများလည်း ပြသရောင်းချမည့် ဈေးဆိုင်ခန်းများ လည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
အလားတူ ယခင်နှစ်များကဲ့သို့ ဖျော်ဖြေရေးအစီအစဥ်များလည်း ပါဝင်မည်ဖြစ်ပြီး ခရစ္စမတ်နေ့ အပါအဝင် New Year နေ့နှင့် လွတ်လပ်ရေးနေ့များတွင် အထူးဖျော်ဖြေရေးအစီအစဥ်များ ထည့်သွင်းထားကြောင်း သိရသည်။

Zawgyi Version;
ဒီဇင္ဘာ(၁၆)ရက္တြင္ စတင္က်င္းပမည့္ ျပင္ဦးလြင္ပန္းပြဲေတာ္၌ ပန္းအေရအတြက္ ႏွစ္သိန္းနီးပါးကို ဇုန္(၈) ဇုန္ ခြဲကာ ျပသသြားမည္
ယြန္း (NP News) - ဒီဇင္ဘာ ၁ဝ
ဒီဇင္ဘာ(၁၆)ရက္တြင္ စတင္က်င္းပမည့္ ျပင္ဦးလြင္ပန္းပြဲေတာ္၌ ပန္းအေရအတြက္ ႏွစ္သိန္းနီးပါးကို ဇုန္(၈)ဇုန္ ခြဲ၍ ျပသသြားမည္ျဖစ္ေၾကာင္း အမ်ိဳးသားကန္ေတာ္ႀကီးဥယ်ာဥ္မွ တာဝန္ရွိသူကေျပာသည္။
(၁၆)ႀကိမ္ေျမာက္ ျပင္ဦးလြင္ပန္းပြဲေတာ္ကို လာမည့္ ဒီဇင္ဘာ(၁၆)ရက္မွ ဇန္နဝါရီ(၁၆)ရက္အထိ တစ္လတာ က်င္းပသြားမည္ျဖစ္ၿပီး ဖြင့္ပြဲအခမ္းအနားကို ဒီဇင္ဘာ(၁၇)ရက္တြင္ က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါပန္းပြဲေတာ္တြင္ ပန္းအေရအတြက္ ႏွစ္သိန္းနီးပါးကို ျပသသြားမည္ျဖစ္ၿပီး ပန္းမ်ိဳးစိပ္ေပါင္း (၄ဝ)နီးပါး ပါဝင္ ေၾကာင္း သိရသည္။
“(၁၆)ႀကိမ္ေျမာက္ေပါ့ေနာ္ ဇုန္(၈)ဇုန္ခြဲၿပီးေတာ့ ျပသြားမွာပါ။ ျပခန္းသက္သက္ေတာ့ မရွိပါဘူး။ ဒီဇင္ဘာလ(၁၆)ရက္ကေန ဇန္နဝါရီ(၁၆) ရက္အထိ တစ္လက်င္းပမွာေပါ့။ ဖြင့္ပြဲကေတာ့ ဒီဇင္ဘာ(၁၇)ရက္ ဖြင့္ပြဲ လုပ္မယ္။ ဒီႏွစ္ကေတာ့ ပန္းအေရအတြက္ ႏွစ္သိန္းေလာက္ျပမယ္။ ပန္းမ်ိဳးစိပ္ကေတာ့ အမ်ိဳးအစား(၄ဝ) ေလာက္ ပါမယ္။ အပိုင္းလိုက္ဇုန္(၈)ဇုန္ခြဲၿပီးေတာ့ ျပကြက္(၈)ခုျပသြားမွာပါ” ဟု အမ်ိဳးသားကန္ေတာ္ႀကီးဥယ်ာဥ္မွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
ထို႔ျပင္ ေဒသထုတ္ကုန္၊ စားေသာက္ကုန္ ႏွင့္ လူသုံးကုန္ပစၥည္းမ်ားလည္း ျပသေရာင္းခ်မည့္ ေဈးဆိုင္ခန္းမ်ား လည္း ပါဝင္မည္ျဖစ္ေၾကာင္း သိရသည္။
အလားတူ ယခင္ႏွစ္မ်ားကဲ့သို႔ ေဖ်ာ္ေျဖေရးအစီအစဥ္မ်ားလည္း ပါဝင္မည္ျဖစ္ၿပီး ခရစၥမတ္ေန႔ အပါအဝင္ New Year ေန႔ႏွင့္ လြတ္လပ္ေရးေန႔မ်ားတြင္ အထူးေဖ်ာ္ေျဖေရးအစီအစဥ္မ်ား ထည့္သြင္းထားေၾကာင္း သိရသည္။