ဆိုင်ကယ်မောင်းလာသည့် အမျိုးသမီးကို ဓားဖြင့်ခုတ်၊ သံတုတ်ဖြင့်ရိုက်ပြီး ဆိုင်ကယ်လုယက်သွားသူ (၅)ဦးကို ဖမ်းဆီးရမိ

 14713

ကျော် (NP News) - ဒီဇင်ဘာ ၁၁

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင် ဆိုင်ကယ်မောင်းလာသည့် အမျိုးသမီးကို ဓားဖြင့်ခုတ်၊ သံတုတ်ဖြင့်ရိုက်ပြီး ဆိုင်ကယ်လုယက်သွားသူ ၅ ဦးကို ယနေ့(ဒီဇင်ဘာလ ၁၁ ရက်)က ဖမ်းဆီးရမိခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။

ဖြစ်စဥ်မှာ ပြီးခဲ့သည့် ဒီဇင်ဘာလ ၄ ရက်၊ နံနက် ၄ နာရီကျော်ခန့်က တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်၊ ဟောင်လိတ်စျေးအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါနေ့၌ ဟောင်လိတ်စျေးအနီးတွင် လူငယ်(၆) ဦးသည် ဆိုင်ကယ် (၃) စီးဖြင့် လမ်းအားပိတ်ဆို့၍ ဆိုင်ကယ်မောင်းလာသည့် အမျိုးသမီးအားတား ဆီးကာ သံတုတ်ဖြင့်ရိုက်နှက်ခြင်း၊မျက်နှာနှင့်ကျောပြင်တို့အား ထိုးကြိတ်ခြင်းများပြုလုပ်ပြီးနောက် မျက်နှာအားဓားဖြင့်(၃)ချက်ခုတ်ခဲ့ကြကြောင်း သိရသည်။

"သံတုတ်နဲ့ရိုက်တယ်။ ထိုးကြိတ်တယ်။ နောက်မျက်နှာကိုဓားနဲ့(၃)ချက်ခုတ်ပြီး ဆိုင်ကယ်ကိုလုယူသွားကြတယ်။ ဖြစ်စဥ်ကို လုံခြုံရေးအဖွဲ့ဝင်တွေနဲ့တာချီလိတ်မြို့မရဲစခန်း၊ ဟောင်လိတ်နယ် မြေရဲစခန်းတို့က တပ်ဖွဲ့ဝင်တွေပူးပေါင်းပြီး ပြစ်မှုကျူးလွန်တဲ့သူတွေကို ဖမ်းဆီးရမိဖို့ ဆက်တိုက်စုံစမ်းစစ်ဆေးခဲ့ပါတယ်"ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

ထိုသို့ စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြသဖြင့် ပြစ်မှုကျူးလွန်သူ ၆ ဦးအနက် မြင့်မြတ်ဟိန်း(ခ) အိုက်ပီး(၁၉)နှစ်၊ ဟိန်းဝဏ္ဏနိုင်(ခ)အိုက်ဟိန်း (၁၈)နှစ်၊ စိုင်းလွန်းနွဲ့(ခ)အိုက်နွဲ့(၂၃)နှစ်၊ မိုးသက်ပိုင်ထွန်း(ခ)အတ်ကောင်(၁၇)နှစ်နှင့် သက်ပိုင်ထူး(ခ)အငယ်ကောင်(၁၄)နှစ်တို့အား ယနေ့ (ဒီဇင်ဘာလ ၁၁ ရက်) တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

"စုံစမ်းစစ်ဆေးတာတွေဆက်တိုက်လုပ်ဆောင်ခဲ့တာကြောင့် ဒီနေ့မှာ ပြစ်မှုကျူးလွန်တဲ့သူ ၆ ယောက်ထဲက ၅ ယောက်ကို ဆန်ဆိုင်း(ခ)ရပ်ကွက်က မိုတယ်တစ်ခုကနေဖမ်းဆီးရမိခဲ့ပါတယ်။ လတ်တလောစစ်ဆေးချက်အရ သူတို့က ဒီဖြစ်စဥ်အပါအဝင် အခုလို ပြစ်မှုမျိုး(၁၀)ကြိမ်ကျူးလွန်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။ လူငယ်တွေကြီးပါပဲ တစ်ယောက်ကိုတော့ ဖမ်းဆီးရမိဖို့လုပ်ဆောင်နေပါတယ်"ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြော သည်။

၎င်းတို့ ၅ ဦးအား လုယက်မှုဖြစ်စဥ်တွင် အသုံးပြုခဲ့သည့် အသားခုတ်ဓားမ ၁ ချောင်း၊ ကော်သီးသေနတ် ၁ လက်၊ ကင်ဒိုဂျပန်ဓားရှည် ၁ ချောင်း၊ ဆိုင်ကယ် ၃ စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူ ၅ ဦးအား ဟောင်လိတ်နယ်မြေရဲစခန်းမှ အမှုဖွင့်ကာ လိုအပ်သည့်စစ်ဆေးမှုများဆက်လက်ပြုလုပ်လျက်ရှိပြီး ထွက်ပြေးတိမ်းရှောင်နေသူအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းလျက်ရှိကြောင်း သိရသည်။

zawgyi version
ဆိုင္ကယ္ေမာင္းလာသည့္ အမ်ိဳးသမီးကို ဓားျဖင့္ခုတ္၊ သံတုတ္ျဖင့္႐ိုက္ၿပီး ဆိုင္ကယ္လုယက္သြားသူ (၅)ဦးကို ဖမ္းဆီးရမိ
ေက်ာ္ (NP News) - ဒီဇင္ဘာ ၁၁

ရွမ္းျပည္နယ္၊ တာခ်ီလိတ္ၿမိဳ႕တြင္ ဆိုင္ကယ္ေမာင္းလာသည့္ အမ်ိဳးသမီးကို ဓားျဖင့္ခုတ္၊ သံတုတ္ျဖင့္႐ိုက္ၿပီး ဆိုင္ကယ္လုယက္သြားသူ ၅ ဦးကို ယေန႔(ဒီဇင္ဘာလ ၁၁ ရက္)က ဖမ္းဆီးရမိခဲ့ေၾကာင္း လုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူမ်ားထံမွ သိရသည္။

ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ဒီဇင္ဘာလ ၄ ရက္၊ နံနက္ ၄ နာရီေက်ာ္ခန္႔က တာခ်ီလိတ္ၿမိဳ႕၊ ေဆခမ္းရပ္ကြက္၊ ေဟာင္လိတ္ေစ်းအနီးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါေန႔၌ ေဟာင္လိတ္ေစ်းအနီးတြင္ လူငယ္(၆) ဦးသည္ ဆိုင္ကယ္ (၃) စီးျဖင့္ လမ္းအားပိတ္ဆို႔၍ ဆိုင္ကယ္ေမာင္းလာသည့္ အမ်ိဳးသမီးအားတား ဆီးကာ သံတုတ္ျဖင့္႐ိုက္ႏွက္ျခင္း၊မ်က္ႏွာႏွင့္ေက်ာျပင္တို႔အား ထိုးႀကိတ္ျခင္းမ်ားျပဳလုပ္ၿပီးေနာက္ မ်က္ႏွာအားဓားျဖင့္(၃)ခ်က္ခုတ္ခဲ့ၾကေၾကာင္း သိရသည္။

"သံတုတ္နဲ႔႐ိုက္တယ္။ ထိုးႀကိတ္တယ္။ ေနာက္မ်က္ႏွာကိုဓားနဲ႔(၃)ခ်က္ခုတ္ၿပီး ဆိုင္ကယ္ကိုလုယူသြားၾကတယ္။ ျဖစ္စဥ္ကို လုံၿခဳံေရးအဖြဲ႕ဝင္ေတြနဲ႔တာခ်ီလိတ္ၿမိဳ႕မရဲစခန္း၊ ေဟာင္လိတ္နယ္ ေျမရဲစခန္းတို႔က တပ္ဖြဲ႕ဝင္ေတြပူးေပါင္းၿပီး ျပစ္မႈက်ဴးလြန္တဲ့သူေတြကို ဖမ္းဆီးရမိဖို႔ ဆက္တိုက္စုံစမ္းစစ္ေဆးခဲ့ပါတယ္"ဟု လုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူတစ္ဦးက ေျပာသည္။

ထိုသို႔ စုံစမ္းစစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ၾကသျဖင့္ ျပစ္မႈက်ဴးလြန္သူ ၆ ဦးအနက္ ျမင့္ျမတ္ဟိန္း(ခ) အိုက္ပီး(၁၉)ႏွစ္၊ ဟိန္းဝဏၰႏိုင္(ခ)အိုက္ဟိန္း (၁၈)ႏွစ္၊ စိုင္းလြန္းႏြဲ႕(ခ)အိုက္ႏြဲ႕(၂၃)ႏွစ္၊ မိုးသက္ပိုင္ထြန္း(ခ)အတ္ေကာင္(၁၇)ႏွစ္ႏွင့္ သက္ပိုင္ထူး(ခ)အငယ္ေကာင္(၁၄)ႏွစ္တို႔အား ယေန႔ (ဒီဇင္ဘာလ ၁၁ ရက္) တြင္ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

"စုံစမ္းစစ္ေဆးတာေတြဆက္တိုက္လုပ္ေဆာင္ခဲ့တာေၾကာင့္ ဒီေန႔မွာ ျပစ္မႈက်ဴးလြန္တဲ့သူ ၆ ေယာက္ထဲက ၅ ေယာက္ကို ဆန္ဆိုင္း(ခ)ရပ္ကြက္က မိုတယ္တစ္ခုကေနဖမ္းဆီးရမိခဲ့ပါတယ္။ လတ္တေလာစစ္ေဆးခ်က္အရ သူတို႔က ဒီျဖစ္စဥ္အပါအဝင္ အခုလို ျပစ္မႈမ်ိဳး(၁၀)ႀကိမ္က်ဴးလြန္ထားၿပီးျဖစ္တယ္လို႔ သိရပါတယ္။ လူငယ္ေတြႀကီးပါပဲ တစ္ေယာက္ကိုေတာ့ ဖမ္းဆီးရမိဖို႔လုပ္ေဆာင္ေနပါတယ္"ဟု လုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူတစ္ဦးကေျပာ သည္။

၎တို႔ ၅ ဦးအား လုယက္မႈျဖစ္စဥ္တြင္ အသုံးျပဳခဲ့သည့္ အသားခုတ္ဓားမ ၁ ေခ်ာင္း၊ ေကာ္သီးေသနတ္ ၁ လက္၊ ကင္ဒိုဂ်ပန္ဓားရွည္ ၁ ေခ်ာင္း၊ ဆိုင္ကယ္ ၃ စီးတို႔ႏွင့္အတူ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ဖမ္းဆီးရမိသူ ၅ ဦးအား ေဟာင္လိတ္နယ္ေျမရဲစခန္းမွ အမႈဖြင့္ကာ လိုအပ္သည့္စစ္ေဆးမႈမ်ားဆက္လက္ျပဳလုပ္လ်က္ရွိၿပီး ထြက္ေျပးတိမ္းေရွာင္ေနသူအား ဖမ္းဆီးရမိေရးအတြက္ စုံစမ္းလ်က္ရွိေၾကာင္း သိရသည္။

Picture

ကိုကျော်ဇင် ကိုကျော်ဇင်

13/12/2023 19:47

ထပ်တူညီမျှတဲပြဓ်ဒါက်ပေးပါသက်ညှာမူ့မထားနဲ

Related news

© 2021. All rights reserved.