မော်လမြိုင်တောင်ဝိုင်းတောင်တက်ကားလမ်းအား နံနက် ၆ နာ ရီ မှ ညနေ ၆ နာရီအထိသာ ဖြတ်သန်းခွင့်ပြု

 798

ကျော် (NP News) - ဒီဇင်ဘာ ၁၃

မွန်းပြည်နယ်၊ မော်လမြိုင်မြို့ရှိ မော်လမြိုင်တောင်ဝိုင်းတောင်တက်ကားလမ်းအား မော်လမြိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ဖြတ်သန်းသွား လာခွင့်ပေးမည်ဖြစ်ကြောင်း မော်လမြိုင်မြို့အခြေစိုက်လူမှုကူညီရေးအသင်းများထံမှ သိရသည်။

ထို့ကြောင့် မော်လမြိုင်တောင်ဝိုင်းတောင်တက်ကားလမ်းအား လမ်းလျှောက်တက်ရောက်၍ နံနက်ခင်း နှင့် ညနေပိုင်းအလှများအား ကြည့်ရှုလိုသူများ၊ ကျန်းမာရေးအရလမ်းလျှောက်လိုသူများအနေဖြင့် အဆိုပါအချိန်အတွင်းသာ လမ်းလျှောက်ခွင့်ရတော့မည်ဖြစ်ကြောင်း သိရသည်။

မော်လမြိုင်မြို့ရှိ မော်လမိုင်တောင်ဝိုင်းတောင်တက်ကားလမ်း၏ တောင်တက်လမ်းလျှောက်ရာသီအား တောင်တက်လမ်းလျှောက်လိုသူများ၊ တောင်တက်လမ်းလျှောက်ဘုရားဖူးသူများအတွက် ယခုနှစ် ဒီဇင်ဘာလမှစတင်၍ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ လအထိ (၃)လသတ်မှတ်ထားသည်။

"တောင်တက်လမ်းလျှောက် ရာသီစဖွင့်ခါစက မနက် ၄ နာရီကနေ ည ၈ နာရီအထိ လမ်းလျှောက်တက်ခွင့်ရတယ်။ ပြီးခဲ့တဲ့ရက် ပိုင်းကမှစပြီး မော်လမြိုင်မြို့နယ်ထွေအုပ်က တောင်တက်ကားလမ်းပေါ်မှာ ည ၆ နာရီကနေ မနက် ၆ နာရီအထိ ဖြတ်သန်းခွင့်မပြုဘူးလို့ အမိန့်ထုတ်တယ်ဆိုတဲ့ ဗီနိုင်းလာချိတ်သွားတာ။ ဒေသန္တရအမိန့်လို့ပြောတယ်"ဟု မော်လမြိုင်မြို့အခြေစိုက်လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

အဆိုပါ မော်လမြိုင်တောင်ဝိုင်းတောင်တက်ကားလမ်း၏ တောင်တက်လမ်းလျှောက်ရာသီစတင်ဖွင့်လှစ်ချိန်က နံနက် ၄ နာရီမှစ၍ ည ၈ နာရီအထိ လမ်းလျှောက်ခွင့်ပြုခဲ့သဖြင့် နံနက်ပိုင်းနေထွက်ချိန်အလှအားကြည့်ရှုသူများ နှင့် ညပိုင်းနေဝင်ချိန်အလှအားကြည့်ရှုရန် လမ်းလျှောက်လာသူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။

"အရင်ကဆိုရင် တောင်တက်လမ်းလျှောက်ရာသီစဖွင့်ချိန် ကျွန်တော်တို့အဖွဲ့က စက်ဘီးတွေနဲ့သွားကြတယ်။ ကားနဲ့ဆိုင်ကယ်တွေကို အဲဒီ(၃)လအတွင်းမှာ တက်ခွင့်မပေးပေမယ့် စက်ဘီးတွေနဲ့တော့တက်လို့ရတယ်။ မနက်ပိုင်းဆိုရင် အရမ်းပျော်ဖို့ကောင်းတာ သူငယ်ချင်းတွေစုပြီး လမ်းလျှောက်တဲ့လူတွေ မိသားစုလိုက်လမ်းလျှောက်တဲ့လူတွေ အများကြီးပဲ။ မနက်ပိုင်းအချိန်နဲ့ညပိုင်းက ရှုခင်းတွေကြည့်လို့အကောင်းဆုံးအချိန်လေ"ဟု မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။

ထိုသို့ တောင်တက်လမ်းလျှောက်ရာသီဖွင့်လှစ်ချိန်မှစတင်၍ နေ့စဥ်လမ်းလျှောက်သူများပြားလျက်ရှိရာမှ မော်လမြိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက လတ်တလောဖြစ်ပေါ်နေ သည့် အခြေအနေများကြောင့် လုံခြုံရေးအခြေအနေအရ ည ၆ နာရီမှ နံနက် ၆ နာရီအထိ တောင်တက်ကားလမ်းအား ဖြတ် သန်းတက်ရောက်ခွင့်မပြုကြောင်း အမိန့်ထုတ်ပြန်ခဲ့သဖြင့် လာရောက်လမ်းလျှောက်သူနည်းပါးသွားကြောင်း သိရသည်။

"ဖြတ်သန်းခွင့်ပိတ်တဲ့အချိန်က လမ်းလျှောက်လို့အကောင်းဆုံးအချိန်တွေပါ ည ၆ နာရီဆိုတာ တောင်ပေါ်လမ်းမှာအေးအေးလေးနဲ့လမ်းလျှောက်လို့ကောင်းတယ်။ နောက်မနက် ၄ နာရီဆိုရင်လည်း ဒီဇင်ဘာလရဲ့အအေးဓာတ်လေးနဲ့ လမ်းလျှောက်လို့ကောင်းတယ်။ မနက်ခင်းအစောပိုင်းရဲ့အရသာအပြည့်ရတယ်။ အခုကြတော့ လမ်းလျှောက်ခွင့်ပေးတဲ့အချိန်က အဆင်မပြေဘူး"ဟု မော်လမြိုင်မြို့အခြေစိုက်လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ထိုသို့ ဖြတ်သန်းခွင့်ပိတ်ထားသဖြင့် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက တောင်တက်လမ်းလျှောက်သူများဖြင့်စည်ကားခဲ့သော မော်လမြိုင်တောင်ဝိုင်းတောင်တက်ကားလမ်းသည် လက်ရှိအချိန်၌ သွားလာသူနည်းပါးသွားခဲ့သဖြင့် လမ်းလျှောက်သူများနှင့်ဘုရား ဖူးများကို အဓိကဦးတည်ရောင်းချနေရသည့် စျေးရောင်းသူများသည် အခက်အခဲများကြုံတွေ့နေရကြောင်း သိရသည်။

မော်လမြိုင်တောင်ဝိုင်းတောက်တက်ကားလမ်းအား လမ်း လျှောက်တက်ရောက်သူများအနေဖြင့် ဆေးလိပ်သောက်သုံးခြင်းမပြုရန်နှင့် အမှိုက်များကို အမှိုက်ပုံးများအတွင်းသို့ စည်းကမ်းတကျစွန့်ပစ်ပေးရန်၊ စျေးရောင်းသူများအနေဖြင့် လမ်းလျှောက်သူ များ စိတ်အနှောင့်အယှက်မဖြစ်စေရန် ကွန်ကရစ်လမ်းပေါ်သို့တက်ရောက်၍ စျေးရောင်းချခြင်း၊ ညှော်နံ့ထွက်သော အစားအ သောက်များ၊ အရက်၊ ဘီယာရောင်းချခြင်းများမပြုလုပ်ရန် တောင်တက်လမ်းအားဦးဆောင်ပြုလုပ်ခဲ့သည့် သာသနာ့နွယ်ဖောင်ဒေးရှင်းမှ မေတ္တာရပ်ခံတားမြစ်ထားကြောင်း သိရသည်။

zawgyi version
ေမာ္လၿမိဳင္ေတာင္ဝိုင္းေတာင္တက္ကားလမ္းအား နံနက္ ၆ နာ ရီ မွ ညေန ၆ နာရီအထိသာ ျဖတ္သန္းခြင့္ျပဳ

ေက်ာ္ (NP News) - ဒီဇင္ဘာ ၁၃

မြန္းျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕ရွိ ေမာ္လၿမိဳင္ေတာင္ဝိုင္းေတာင္တက္ကားလမ္းအား ေမာ္လၿမိဳင္ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ နံနက္ ၆ နာရီမွ ညေန ၆ နာရီအထိ ျဖတ္သန္းသြား လာခြင့္ေပးမည္ျဖစ္ေၾကာင္း ေမာ္လၿမိဳင္ၿမိဳ႕အေျခစိုက္လူမႈကူညီေရးအသင္းမ်ားထံမွ သိရသည္။

ထို႔ေၾကာင့္ ေမာ္လၿမိဳင္ေတာင္ဝိုင္းေတာင္တက္ကားလမ္းအား လမ္းေလွ်ာက္တက္ေရာက္၍ နံနက္ခင္း ႏွင့္ ညေနပိုင္းအလွမ်ားအား ၾကည့္ရႈလိုသူမ်ား၊ က်န္းမာေရးအရလမ္းေလွ်ာက္လိုသူမ်ားအေနျဖင့္ အဆိုပါအခ်ိန္အတြင္းသာ လမ္းေလွ်ာက္ခြင့္ရေတာ့မည္ျဖစ္ေၾကာင္း သိရသည္။

ေမာ္လၿမိဳင္ၿမိဳ႕ရွိ ေမာ္လမိုင္ေတာင္ဝိုင္းေတာင္တက္ကားလမ္း၏ ေတာင္တက္လမ္းေလွ်ာက္ရာသီအား ေတာင္တက္လမ္းေလွ်ာက္လိုသူမ်ား၊ ေတာင္တက္လမ္းေလွ်ာက္ဘုရားဖူးသူမ်ားအတြက္ ယခုႏွစ္ ဒီဇင္ဘာလမွစတင္၍ ၂၀၂၄ ခုႏွစ္၊ ေဖေဖာ္ဝါရီ လအထိ (၃)လသတ္မွတ္ထားသည္။

"ေတာင္တက္လမ္းေလွ်ာက္ ရာသီစဖြင့္ခါစက မနက္ ၄ နာရီကေန ည ၈ နာရီအထိ လမ္းေလွ်ာက္တက္ခြင့္ရတယ္။ ၿပီးခဲ့တဲ့ရက္ ပိုင္းကမွစၿပီး ေမာ္လၿမိဳင္ၿမိဳ႕နယ္ေထြအုပ္က ေတာင္တက္ကားလမ္းေပၚမွာ ည ၆ နာရီကေန မနက္ ၆ နာရီအထိ ျဖတ္သန္းခြင့္မျပဳဘူးလို႔ အမိန္႔ထုတ္တယ္ဆိုတဲ့ ဗီႏိုင္းလာခ်ိတ္သြားတာ။ ေဒသႏၲရအမိန္႔လို႔ေျပာတယ္"ဟု ေမာ္လၿမိဳင္ၿမိဳ႕အေျခစိုက္လူမႈကူညီေရးအသင္းဝင္တစ္ဦးက ေျပာသည္။

အဆိုပါ ေမာ္လၿမိဳင္ေတာင္ဝိုင္းေတာင္တက္ကားလမ္း၏ ေတာင္တက္လမ္းေလွ်ာက္ရာသီစတင္ဖြင့္လွစ္ခ်ိန္က နံနက္ ၄ နာရီမွစ၍ ည ၈ နာရီအထိ လမ္းေလွ်ာက္ခြင့္ျပဳခဲ့သျဖင့္ နံနက္ပိုင္းေနထြက္ခ်ိန္အလွအားၾကည့္ရႈသူမ်ား ႏွင့္ ညပိုင္းေနဝင္ခ်ိန္အလွအားၾကည့္ရႈရန္ လမ္းေလွ်ာက္လာသူမ်ားျဖင့္ စည္ကားခဲ့ေၾကာင္း သိရသည္။

"အရင္ကဆိုရင္ ေတာင္တက္လမ္းေလွ်ာက္ရာသီစဖြင့္ခ်ိန္ ကြၽန္ေတာ္တို႔အဖြဲ႕က စက္ဘီးေတြနဲ႔သြားၾကတယ္။ ကားနဲ႔ဆိုင္ကယ္ေတြကို အဲဒီ(၃)လအတြင္းမွာ တက္ခြင့္မေပးေပမယ့္ စက္ဘီးေတြနဲ႔ေတာ့တက္လို႔ရတယ္။ မနက္ပိုင္းဆိုရင္ အရမ္းေပ်ာ္ဖို႔ေကာင္းတာ သူငယ္ခ်င္းေတြစုၿပီး လမ္းေလွ်ာက္တဲ့လူေတြ မိသားစုလိုက္လမ္းေလွ်ာက္တဲ့လူေတြ အမ်ားႀကီးပဲ။ မနက္ပိုင္းအခ်ိန္နဲ႔ညပိုင္းက ရႈခင္းေတြၾကည့္လို႔အေကာင္းဆုံးအခ်ိန္ေလ"ဟု ေမာ္လၿမိဳင္ၿမိဳ႕ခံတစ္ဦးက ေျပာသည္။

ထိုသို႔ ေတာင္တက္လမ္းေလွ်ာက္ရာသီဖြင့္လွစ္ခ်ိန္မွစတင္၍ ေန႔စဥ္လမ္းေလွ်ာက္သူမ်ားျပားလ်က္ရွိရာမွ ေမာ္လၿမိဳင္ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနက လတ္တေလာျဖစ္ေပၚေန သည့္ အေျခအေနမ်ားေၾကာင့္ လုံၿခဳံေရးအေျခအေနအရ ည ၆ နာရီမွ နံနက္ ၆ နာရီအထိ ေတာင္တက္ကားလမ္းအား ျဖတ္ သန္းတက္ေရာက္ခြင့္မျပဳေၾကာင္း အမိန္႔ထုတ္ျပန္ခဲ့သျဖင့္ လာေရာက္လမ္းေလွ်ာက္သူနည္းပါးသြားေၾကာင္း သိရသည္။

"ျဖတ္သန္းခြင့္ပိတ္တဲ့အခ်ိန္က လမ္းေလွ်ာက္လို႔အေကာင္းဆုံးအခ်ိန္ေတြပါ ည ၆ နာရီဆိုတာ ေတာင္ေပၚလမ္းမွာေအးေအးေလးနဲ႔လမ္းေလွ်ာက္လို႔ေကာင္းတယ္။ ေနာက္မနက္ ၄ နာရီဆိုရင္လည္း ဒီဇင္ဘာလရဲ႕အေအးဓာတ္ေလးနဲ႔ လမ္းေလွ်ာက္လို႔ေကာင္းတယ္။ မနက္ခင္းအေစာပိုင္းရဲ႕အရသာအျပည့္ရတယ္။ အခုၾကေတာ့ လမ္းေလွ်ာက္ခြင့္ေပးတဲ့အခ်ိန္က အဆင္မေျပဘူး"ဟု ေမာ္လၿမိဳင္ၿမိဳ႕အေျခစိုက္လူမႈကူညီေရးအသင္းဝင္တစ္ဦးကေျပာသည္။

ထိုသို႔ ျဖတ္သန္းခြင့္ပိတ္ထားသျဖင့္ ၿပီးခဲ့သည့္ရက္ပိုင္းအတြင္းက ေတာင္တက္လမ္းေလွ်ာက္သူမ်ားျဖင့္စည္ကားခဲ့ေသာ ေမာ္လၿမိဳင္ေတာင္ဝိုင္းေတာင္တက္ကားလမ္းသည္ လက္ရွိအခ်ိန္၌ သြားလာသူနည္းပါးသြားခဲ့သျဖင့္ လမ္းေလွ်ာက္သူမ်ားႏွင့္ဘုရား ဖူးမ်ားကို အဓိကဦးတည္ေရာင္းခ်ေနရသည့္ ေစ်းေရာင္းသူမ်ားသည္ အခက္အခဲမ်ားႀကဳံေတြ႕ေနရေၾကာင္း သိရသည္။

ေမာ္လၿမိဳင္ေတာင္ဝိုင္းေတာက္တက္ကားလမ္းအား လမ္း ေလွ်ာက္တက္ေရာက္သူမ်ားအေနျဖင့္ ေဆးလိပ္ေသာက္သုံးျခင္းမျပဳရန္ႏွင့္ အမႈိက္မ်ားကို အမႈိက္ပုံးမ်ားအတြင္းသို႔ စည္းကမ္းတက်စြန္႔ပစ္ေပးရန္၊ ေစ်းေရာင္းသူမ်ားအေနျဖင့္ လမ္းေလွ်ာက္သူ မ်ား စိတ္အေႏွာင့္အယွက္မျဖစ္ေစရန္ ကြန္ကရစ္လမ္းေပၚသို႔တက္ေရာက္၍ ေစ်းေရာင္းခ်ျခင္း၊ ေညႇာ္နံ႔ထြက္ေသာ အစားအ ေသာက္မ်ား၊ အရက္၊ ဘီယာေရာင္းခ်ျခင္းမ်ားမျပဳလုပ္ရန္ ေတာင္တက္လမ္းအားဦးေဆာင္ျပဳလုပ္ခဲ့သည့္ သာသနာ့ႏြယ္ေဖာင္ေဒးရွင္းမွ ေမတၱာရပ္ခံတားျမစ္ထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.