ကျိုက်မရောမြို့နှင့်အနီးဝန်းကျင်၌ စစ်ဘေးရှောင်ဦးရေ ၃၀၀၀၀ ကျော်ရောက်ရှိ ခိုလှုံနေပြီး အကူအညီများလိုအပ်လျက်ရှိ

790
ကျော် (NP News) - ဒီဇင်ဘာ ၁၃
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ KNLA ၊ PDF ပူးပေါင်းအဖွဲ့မှ တပ်မတော်စခန်းများ၊ ရဲတပ်ဖွဲ့စခန်းများနှင့်ကျေးရွာများအတွင်းသို့ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်မှစတင်ကာ လက် နက်ကြီး၊ သေနတ်များဖြင့်ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်လျက်ရှိသည်။

ပစ်ခတ်တိုက်ခိုက်ခံရမှုအများဆုံးဖြစ်ပေါ်လျက်ရှိသည့် ဒေသများ သည် ကျိုက်မရောမြို့နယ်အတွင်းရှိ ချောင်းနှစ်ခွကျေးရွာ နှင့် စပယ်ဂူကျေးရွာတို့ဖြစ်ပြီး ယင်းကျေးရွာများနှင့်အနီးကျေးရွာများ ၌ နေထိုင်သူများသည် ကျိုက်မရောမြို့နှင့်အနီးဝန်းကျင်သို့ စစ်ဘေးရှောင်များအဖြစ် ရောက်ရှိခိုလှုံလျက်ရှိကြောင်း စစ်ဘေးရှောင်များအား ကူညီပေးနေသူများထံမှ သိရသည်။
"လက်ရှိ ကျိုက်မရောဘက်ကိုရောက်လာတဲ့ စစ်ဘေးရှောင်အ ရေအတွက်က ကျိုက်မရောမြို့နယ်ထဲက ရွာပေါင်း ၂၀ ကျော်လောက်က လူဦးရေ ၃၀၀၀၀ ကျော်လောက်ရှိတယ်။ သက်ကြီးရွယ်အိုတွေ အမျိုးသမီးတွေနဲ့ကလေးတွေအများဆုံးပါတယ်။ အမျိုးသားတွေက ရွာတွေမှာအိမ်စောင့်အနေနဲ့အခြေအနေစောင့်ကြည့်နေကြတယ်လို့ စစ်ဘေးရှောင်တွေပြောပြချက်တွေအရသိရတယ်"ဟု စစ်ဘေးရှောင်များအားကူညီပေးနေသူတစ်ဦးကပြောသည်။
လက်ရှိအချိန်၌ စစ်ဘေးရှောင်ဦးရေ ၃၀၀၀၀ ကျော်ခန့်အား ကျိုက်မရောမြို့ရှိ စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်း ၈ ခု၊ ကျိုက်မရောမြို့အနီးဝန်းကျင်နှင့်ကမာဝက်မြို့ရှိ ဘုန်းတော်ကြီးကျောင်းအချို့တွင် ကူညီစောင့်ရှောက်ပေးထားရကြောင်း သိရသည်။
ကျိုက်မရောမြို့နှင့်အနီးဝန်းကျင်တွင်ရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် မယ်ကရို၊ ကော့ဒွန်း၊ ကော့ပနော့၊ ဝယ်ငဲ့၊ ချောင်းနှစ်ခွ၊ တောင်ကလေး၊ မယ်တရို၊ လှာကဇိုင်း၊ ကြံတော၊ ထရံ၊ ပေသီကုန်း၊ မီးသွေးကုန်းကျေးရွာတို့အပါအဝင် ကျေးရွာပေါင်း ၂၀ ကျော်မှဒေသခံများဖြစ်ကြောင်း သိရသည်။
စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်းများ၌ ရောက်ရှိနေသူများသည် သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများ နှင့် ကလေးငယ်များဖြစ်ပြီး ကျန်းမာရေးမကောင်းသူများပါဝင်ကာ ဆေးဝါးကုသမှုခံယူရန်လိုအပ်၍ ဆေးဝါးအကူအညီများလည်းလိုအပ်လျက်ရှိကြောင်း သိရသည်။
"စစ်ဘေးရှောင်တွေအတွက် အခြေခံစားသောက်ကုန်တွေလည်းလိုတယ်။ နောက်ပြီး ရာသီဥတုအေးလာတာရယ်။ ကျန်းမာရေးမကောင်းတဲ့လူတွေရယ်ရှိတာကြောင့် ဆေးဝါးအကူအညီတွေကအရေးပေါ်လိုအပ်နေပါတယ်။ အနွေးထည်၊ စောင်နဲ့ခြင်ထောင်၊ခေါင်းအုံးတွေလည်းလိုတယ်"ဟု စစ်ဘေးရှောင်များအားကူညီပေးနေသူတစ်ဦးက ပြောသည်။
အဆိုပါ တိုက်ပွဲဖြစ်ပွားနေမှုကြောင့် စတင်ဖြစ်ပွားသည့်အချိန်မှစ၍ ယနေ့အချိန်အထိ ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံ (၇)ဦးခန့်သေဆုံးခဲ့ကာ (၁၅)ဦးခန့် ထိခိုက်ဒဏ်ရာရရှိထားသဖြင့် ဆေးဝါးကုသမှုခံယူရလျက်ရှိကြောင်း စစ်ဘေးရှောင်များအားကူညီပေးနေသူများထံမှ သိရသည်။
ထို့ပြင် ကျေးရွာများအတွင်းသို့ လက်နက်ကြီးကျည်များကျရောက်ပေါက်ကွဲခဲ့သဖြင့် ဘုန်းတော်ကြီးကျောင်းအချို့၊ နေအိမ်အချို့နှင့် စာသင်ကျောင်းအချို့သည်လည်း မီးလောင်ခြင်း၊လက်နက်ကြီးထိမှန်မှုတို့ကြောင့် ပျက်စီးမှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

zawgyi version
က်ိဳက္မေရာၿမိဳ႕ႏွင့္အနီးဝန္းက်င္၌ စစ္ေဘးေရွာင္ဦးေရ ၃၀၀၀၀ ေက်ာ္ေရာက္ရွိ ခိုလႈံေနၿပီး အကူအညီမ်ားလိုအပ္လ်က္ရွိ
ေက်ာ္ (NP News) - ဒီဇင္ဘာ ၁၃
မြန္ျပည္နယ္၊ က်ိဳက္မေရာၿမိဳ႕နယ္၌ KNLA ၊ PDF ပူးေပါင္းအဖြဲ႕မွ တပ္မေတာ္စခန္းမ်ား၊ ရဲတပ္ဖြဲ႕စခန္းမ်ားႏွင့္ေက်း႐ြာမ်ားအတြင္းသို႔ ၿပီးခဲ့သည့္ ႏိုဝင္ဘာလ ၁၀ ရက္မွစတင္ကာ လက္ နက္ႀကီး၊ ေသနတ္မ်ားျဖင့္ပစ္ခတ္တိုက္ခိုက္မႈမ်ားျပဳလုပ္လ်က္ရွိသည္။
ပစ္ခတ္တိုက္ခိုက္ခံရမႈအမ်ားဆုံးျဖစ္ေပၚလ်က္ရွိသည့္ ေဒသမ်ား သည္ က်ိဳက္မေရာၿမိဳ႕နယ္အတြင္းရွိ ေခ်ာင္းႏွစ္ခြေက်း႐ြာ ႏွင့္ စပယ္ဂူေက်း႐ြာတို႔ျဖစ္ၿပီး ယင္းေက်း႐ြာမ်ားႏွင့္အနီးေက်း႐ြာမ်ား ၌ ေနထိုင္သူမ်ားသည္ က်ိဳက္မေရာၿမိဳ႕ႏွင့္အနီးဝန္းက်င္သို႔ စစ္ေဘးေရွာင္မ်ားအျဖစ္ ေရာက္ရွိခိုလႈံလ်က္ရွိေၾကာင္း စစ္ေဘးေရွာင္မ်ားအား ကူညီေပးေနသူမ်ားထံမွ သိရသည္။
"လက္ရွိ က်ိဳက္မေရာဘက္ကိုေရာက္လာတဲ့ စစ္ေဘးေရွာင္အ ေရအတြက္က က်ိဳက္မေရာၿမိဳ႕နယ္ထဲက ႐ြာေပါင္း ၂၀ ေက်ာ္ေလာက္က လူဦးေရ ၃၀၀၀၀ ေက်ာ္ေလာက္ရွိတယ္။ သက္ႀကီး႐ြယ္အိုေတြ အမ်ိဳးသမီးေတြနဲ႔ကေလးေတြအမ်ားဆုံးပါတယ္။ အမ်ိဳးသားေတြက ႐ြာေတြမွာအိမ္ေစာင့္အေနနဲ႔အေျခအေနေစာင့္ၾကည့္ေနၾကတယ္လို႔ စစ္ေဘးေရွာင္ေတြေျပာျပခ်က္ေတြအရသိရတယ္"ဟု စစ္ေဘးေရွာင္မ်ားအားကူညီေပးေနသူတစ္ဦးကေျပာသည္။
လက္ရွိအခ်ိန္၌ စစ္ေဘးေရွာင္ဦးေရ ၃၀၀၀၀ ေက်ာ္ခန္႔အား က်ိဳက္မေရာၿမိဳ႕ရွိ စစ္ေဘးေရွာင္ကယ္ဆယ္ေရးစခန္း ၈ ခု၊ က်ိဳက္မေရာၿမိဳ႕အနီးဝန္းက်င္ႏွင့္ကမာဝက္ၿမိဳ႕ရွိ ဘုန္းေတာ္ႀကီးေက်ာင္းအခ်ိဳ႕တြင္ ကူညီေစာင့္ေရွာက္ေပးထားရေၾကာင္း သိရသည္။
က်ိဳက္မေရာၿမိဳ႕ႏွင့္အနီးဝန္းက်င္တြင္ေရာက္ရွိေနသည့္ စစ္ေဘးေရွာင္မ်ားသည္ မယ္က႐ို၊ ေကာ့ဒြန္း၊ ေကာ့ပေနာ့၊ ဝယ္ငဲ့၊ ေခ်ာင္းႏွစ္ခြ၊ ေတာင္ကေလး၊ မယ္တ႐ို၊ လွာကဇိုင္း၊ ႀကံေတာ၊ ထရံ၊ ေပသီကုန္း၊ မီးေသြးကုန္းေက်း႐ြာတို႔အပါအဝင္ ေက်း႐ြာေပါင္း ၂၀ ေက်ာ္မွေဒသခံမ်ားျဖစ္ေၾကာင္း သိရသည္။
စစ္ေဘးေရွာင္ကယ္ဆယ္ေရးစခန္းမ်ား၌ ေရာက္ရွိေနသူမ်ားသည္ သက္ႀကီး႐ြယ္အိုမ်ား၊ အမ်ိဳးသမီးမ်ား ႏွင့္ ကေလးငယ္မ်ားျဖစ္ၿပီး က်န္းမာေရးမေကာင္းသူမ်ားပါဝင္ကာ ေဆးဝါးကုသမႈခံယူရန္လိုအပ္၍ ေဆးဝါးအကူအညီမ်ားလည္းလိုအပ္လ်က္ရွိေၾကာင္း သိရသည္။
"စစ္ေဘးေရွာင္ေတြအတြက္ အေျခခံစားေသာက္ကုန္ေတြလည္းလိုတယ္။ ေနာက္ၿပီး ရာသီဥတုေအးလာတာရယ္။ က်န္းမာေရးမေကာင္းတဲ့လူေတြရယ္ရွိတာေၾကာင့္ ေဆးဝါးအကူအညီေတြကအေရးေပၚလိုအပ္ေနပါတယ္။ အေႏြးထည္၊ ေစာင္နဲ႔ျခင္ေထာင္၊ေခါင္းအုံးေတြလည္းလိုတယ္"ဟု စစ္ေဘးေရွာင္မ်ားအားကူညီေပးေနသူတစ္ဦးက ေျပာသည္။
အဆိုပါ တိုက္ပြဲျဖစ္ပြားေနမႈေၾကာင့္ စတင္ျဖစ္ပြားသည့္အခ်ိန္မွစ၍ ယေန႔အခ်ိန္အထိ က်ိဳက္မေရာၿမိဳ႕နယ္အတြင္းရွိ ေက်း႐ြာမ်ားမွ ေဒသခံ (၇)ဦးခန္႔ေသဆုံးခဲ့ကာ (၁၅)ဦးခန္႔ ထိခိုက္ဒဏ္ရာရရွိထားသျဖင့္ ေဆးဝါးကုသမႈခံယူရလ်က္ရွိေၾကာင္း စစ္ေဘးေရွာင္မ်ားအားကူညီေပးေနသူမ်ားထံမွ သိရသည္။
ထို႔ျပင္ ေက်း႐ြာမ်ားအတြင္းသို႔ လက္နက္ႀကီးက်ည္မ်ားက်ေရာက္ေပါက္ကြဲခဲ့သျဖင့္ ဘုန္းေတာ္ႀကီးေက်ာင္းအခ်ိဳ႕၊ ေနအိမ္အခ်ိဳ႕ႏွင့္ စာသင္ေက်ာင္းအခ်ိဳ႕သည္လည္း မီးေလာင္ျခင္း၊လက္နက္ႀကီးထိမွန္မႈတို႔ေၾကာင့္ ပ်က္စီးမႈမ်ားျဖစ္ေပၚလ်က္ရွိေၾကာင္း သိရသည္။