မြန်မာနိုင်ငံရှိ အထည်ချုပ်စက်ရုံများအနေဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် လုပ်ငန်းတိုးချဲ့နိုင်ရေးထက် ရပ်တည်ရှင်သန်ရေးကို ပို၍အာရုံ စိုက်နေရဟု ကမ္ဘာ့ဘဏ်ဆို

730
ယွန်း (NP News) - ဒီဇင်ဘာ ၁၄
မြန်မာနိုင်ငံရှိ အထည်ချုပ်စက်ရုံများအနေဖြင့် ရင်းနှီးမြှုပ်နှံမှု နှင့် လုပ်ငန်းတိုးချဲ့နိုင်ရေးထက် ရပ်တည်ရှင်သန်ရေးကို ပို၍ အာရုံစိုက်နေရကြောင်း ပြီးခဲ့သည့်ရက်ပိုင်းတွင် ထုတ်ပြန်သည့် ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာအရ သိရသည်။

စီးပွားရေးလုပ်ငန်းညွှန်းကိန်းများသည် ၂၀၂၃ ခုနှစ်၊ နှစ်လယ်မှစ ၍ ဆိုးရွာလာခဲ့ရာ ပြီးခဲ့သည့် စက်တင်ဘာလတွင် ၎င်းတို့လုပ်နိုင်စွမ်း၏ (၅၆) ရာခိုင်နှုန်းလည်ပတ်နိုင်ခဲ့သော စီးပွားရေးလုပ်ငန်းများသည် မတ်လမှစ၍ (၁၆)ရာခိုင်နှုန်းခန့်ကျဆင်းခဲ့ကြောင်း ကမ္ဘာ့ဘဏ်က ဆိုထားသည်။
စီးပွားရေးလုပ်ဆောင်ချက်များ ကျဆင်းလာမှုကြောင့် မြန်မာ နိုင် ငံ၏ အထည်ချုပ်စက်ရုံများသည် ရင်းနှီးမြှုပ်နှံမှု နှင့် တိုးချဲ့နိုင်ရေးအတွက် မဟုတ်ဘဲ ရပ်တည်ရှင်သန်းရေးကိုသာပို၍ အာရုံ စိုက်နေရကြောင်း ကမ္ဘာ့ဘဏ်၏ အစီအစဥ် ဦးဆောင်သူနှင့် အကြီးတန်းစီးပွားရေးပညာရှင်က ဆိုထားသည်။
“စီးပွားရေးလုပ်ဆောင်နိုင်တဲ့အခင်းအကျင်း ကျဆင်းလာမှုနဲ့အတူ အနာဂတ်အတွက် မရေရာမှုတွေပိုများလာတာကြောင့် မြန်မာနိုင်ငံရဲ့ အထည်ချုပ်စက်ရုံများဟာ ရင်းနှီးမြှုပ်နှံမှုနဲ့ တိုးချဲ့နိုင်ရေးအတွက် မဟုတ်ဘဲရပ်တည်ရှင်သန်ရေးကိုသာ ပိုပြီးအာရုံစိုက်နေကြရပါတယ်။ မကြာသေးခင်ကဖြစ်ပေါ်တိုးတက် ပြောင်းလဲလာမှုတွေကြောင့် အထည်ချုပ်လုပ်ငန်းများသာမက မြန်မာနိုင်ငံရဲ့စီးပွားရေးတစ်ခုလုံးရဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု အလားအလာအပေါ်အများကြီး အဟန့်အတားဖြစ်စေနိုင်ပါတယ်”ဟု ကမ္ဘာ့ဘဏ်၏ အစီအစဥ်ဦးဆောင်သူ နှင့် အကြီးတန်းစီးပွားရေးပညာရှင် ကင်မ်အယ်လန်အဒ်ဝပ်က ပြောကြားထား သည်။
ထို့ပြင် ပဋိပက္ခများ နှင့် မြင့်မားသောကုန်စည်သယ်ယူပို့ဆောင်စရိတ်များ၊ ကုန်သွယ်မှု နှင့် နိုင်ငံခြားငွေလဲလှယ်ရေးဆိုင်ရာ စည်းမျဥ်များ၊ လျှပ်စစ်ဓါတ်အားပြတ်တောက်မှုများသည် စီးပွား ရေးလုပ်ငန်းကုန်ကျစရိတ်များအပေါ် ထပ်မံဖိစီးနေခြင်းကြောင့် နိုင်ငံတကာဈေးကွက် ယှဥ်ပြိုင်နိုင်စွမ်းကို လျော့နည်းစေကြောင်း သိရသည်။
လျှပ်စစ်မီးရရှိရေးသည် လုပ်ငန်းလည်ပတ်မှုအတွက် အကြီးမားဆုံးစိန်ခေါ်မှုဖြစ်ကြောင်း အထည်ချုပ်လုပ်ငန်းများ၏ (၆၈) ရာခိုင်နှုန်းက ကမ္ဘာ့ဘဏ်၏အစီရင်ခံစာတွင် ဖြေဆိုထားပြီး (၂၀၂၂) ခုနှစ်အတွင်း အထည်ချုပ်လုပ်ငန်းများ၏ စုစုပေါင်းလျှပ်စစ်သုံးစွဲမှု (၆၂)ရာခိုင်နှုန်းသည် ကိုယ်ပိုင်မီးစက်များအသုံးပြုနေရကြောင်း သိရသည်။
အထည်ချုပ်လုပ်ငန်းများ၏ စုစုပေါင်း ထုတ်လုပ်မှုသည် အသေးစားနှင့် အလတ်စားစက်ရုံများ လုပ်ငန်းကျဆင်းလာမှုကြောင့် ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဥ်လျှင် ၂၀၂၂ ခုနှစ်တွင် (၇ ဒသမ ၆) ရာ ခိုင်နှုန်းကျဆင်းခဲ့ကြောင်း ကမ္ဘာ့ဘဏ်ကဆိုထားသည်။
မြန်မာနိုင်ငံအနေဖြင့် ပဋိပက္ခဖြစ်ပွားမှုများ ဆက်လက်မြင့်မားခြင်းမရှိတော့သည့်တိုင် လာမည့် ၂ဝ၂၄ ခုနှစ်အတွင်း စီးပွားရေးတိုးတက်မှုနှုန်းနှေးကွေးနေဦးမည့်အပြင် ၂ဝ၂၅ ခုနှစ်တွင် စိုက် ပျိုးရေး၊ ကုန်ထုတ်လုပ်ရေးနှင့် ကုန်သွယ်မှုကဏ္ဍ အပါအဝင် ကုန်ထုတ်ကဏ္ဍများ နှေးကွေးကြန့်ကြာနိုင်ကြောင်းလည်း ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။

zawgyi version
ျမန္မာႏိုင္ငံရွိ အထည္ခ်ဳပ္စက္႐ုံမ်ားအေနျဖင့္ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ လုပ္ငန္းတိုးခ်ဲ႕ႏိုင္ေရးထက္ ရပ္တည္ရွင္သန္ေရးကို ပို၍အာ႐ုံ စိုက္ေနရဟု ကမာၻ႔ဘဏ္ဆို
ယြန္း (NP News) - ဒီဇင္ဘာ ၁၄
ျမန္မာႏိုင္ငံရွိ အထည္ခ်ဳပ္စက္႐ုံမ်ားအေနျဖင့္ ရင္းႏွီးျမႇဳပ္ႏွံမႈ ႏွင့္ လုပ္ငန္းတိုးခ်ဲ႕ႏိုင္ေရးထက္ ရပ္တည္ရွင္သန္ေရးကို ပို၍ အာ႐ုံစိုက္ေနရေၾကာင္း ၿပီးခဲ့သည့္ရက္ပိုင္းတြင္ ထုတ္ျပန္သည့္ ကမာၻ႔ဘဏ္၏ အစီရင္ခံစာအရ သိရသည္။
စီးပြားေရးလုပ္ငန္းၫႊန္းကိန္းမ်ားသည္ ၂၀၂၃ ခုႏွစ္၊ ႏွစ္လယ္မွစ ၍ ဆိုး႐ြာလာခဲ့ရာ ၿပီးခဲ့သည့္ စက္တင္ဘာလတြင္ ၎တို႔လုပ္ႏိုင္စြမ္း၏ (၅၆) ရာခိုင္ႏႈန္းလည္ပတ္ႏိုင္ခဲ့ေသာ စီးပြားေရးလုပ္ငန္းမ်ားသည္ မတ္လမွစ၍ (၁၆)ရာခိုင္ႏႈန္းခန႔္က်ဆင္းခဲ့ေၾကာင္း ကမာၻ႔ဘဏ္က ဆိုထားသည္။
စီးပြားေရးလုပ္ေဆာင္ခ်က္မ်ား က်ဆင္းလာမႈေၾကာင့္ ျမန္မာ ႏိုင္ ငံ၏ အထည္ခ်ဳပ္စက္႐ုံမ်ားသည္ ရင္းႏွီးျမႇဳပ္ႏွံမႈ ႏွင့္ တိုးခ်ဲ႕ႏိုင္ေရးအတြက္ မဟုတ္ဘဲ ရပ္တည္ရွင္သန္းေရးကိုသာပို၍ အာ႐ုံ စိုက္ေနရေၾကာင္း ကမာၻ႔ဘဏ္၏ အစီအစဥ္ ဦးေဆာင္သူႏွင့္ အႀကီးတန္းစီးပြားေရးပညာရွင္က ဆိုထားသည္။
“စီးပြားေရးလုပ္ေဆာင္ႏိုင္တဲ့အခင္းအက်င္း က်ဆင္းလာမႈနဲ႔အတူ အနာဂတ္အတြက္ မေရရာမႈေတြပိုမ်ားလာတာေၾကာင့္ ျမန္မာႏိုင္ငံရဲ႕ အထည္ခ်ဳပ္စက္႐ုံမ်ားဟာ ရင္းႏွီးျမႇဳပ္ႏွံမႈနဲ႔ တိုးခ်ဲ႕ႏိုင္ေရးအတြက္ မဟုတ္ဘဲရပ္တည္ရွင္သန္ေရးကိုသာ ပိုၿပီးအာ႐ုံစိုက္ေနၾကရပါတယ္။ မၾကာေသးခင္ကျဖစ္ေပၚတိုးတက္ ေျပာင္းလဲလာမႈေတြေၾကာင့္ အထည္ခ်ဳပ္လုပ္ငန္းမ်ားသာမက ျမန္မာႏိုင္ငံရဲ႕စီးပြားေရးတစ္ခုလုံးရဲ႕ ေရရွည္ဖြံ႕ၿဖိဳးတိုးတက္မႈ အလားအလာအေပၚအမ်ားႀကီး အဟန႔္အတားျဖစ္ေစႏိုင္ပါတယ္”ဟု ကမာၻ႔ဘဏ္၏ အစီအစဥ္ဦးေဆာင္သူ ႏွင့္ အႀကီးတန္းစီးပြားေရးပညာရွင္ ကင္မ္အယ္လန္အဒ္ဝပ္က ေျပာၾကားထား သည္။
ထို႔ျပင္ ပဋိပကၡမ်ား ႏွင့္ ျမင့္မားေသာကုန္စည္သယ္ယူပို႔ေဆာင္စရိတ္မ်ား၊ ကုန္သြယ္မႈ ႏွင့္ ႏိုင္ငံျခားေငြလဲလွယ္ေရးဆိုင္ရာ စည္းမ်ဥ္မ်ား၊ လွ်ပ္စစ္ဓါတ္အားျပတ္ေတာက္မႈမ်ားသည္ စီးပြား ေရးလုပ္ငန္းကုန္က်စရိတ္မ်ားအေပၚ ထပ္မံဖိစီးေနျခင္းေၾကာင့္ ႏိုင္ငံတကာေဈးကြက္ ယွဥ္ၿပိဳင္ႏိုင္စြမ္းကို ေလ်ာ့နည္းေစေၾကာင္း သိရသည္။
လွ်ပ္စစ္မီးရရွိေရးသည္ လုပ္ငန္းလည္ပတ္မႈအတြက္ အႀကီးမားဆုံးစိန္ေခၚမႈျဖစ္ေၾကာင္း အထည္ခ်ဳပ္လုပ္ငန္းမ်ား၏ (၆၈) ရာခိုင္ႏႈန္းက ကမာၻ႔ဘဏ္၏အစီရင္ခံစာတြင္ ေျဖဆိုထားၿပီး (၂၀၂၂) ခုႏွစ္အတြင္း အထည္ခ်ဳပ္လုပ္ငန္းမ်ား၏ စုစုေပါင္းလွ်ပ္စစ္သုံးစြဲမႈ (၆၂)ရာခိုင္ႏႈန္းသည္ ကိုယ္ပိုင္မီးစက္မ်ားအသုံးျပဳေနရေၾကာင္း သိရသည္။
အထည္ခ်ဳပ္လုပ္ငန္းမ်ား၏ စုစုေပါင္း ထုတ္လုပ္မႈသည္ အေသးစားႏွင့္ အလတ္စားစက္႐ုံမ်ား လုပ္ငန္းက်ဆင္းလာမႈေၾကာင့္ ၂၀၁၉ ခုႏွစ္ႏွင့္ ႏႈိင္းယွဥ္လွ်င္ ၂၀၂၂ ခုႏွစ္တြင္ (၇ ဒသမ ၆) ရာ ခိုင္ႏႈန္းက်ဆင္းခဲ့ေၾကာင္း ကမာၻ႔ဘဏ္ကဆိုထားသည္။
ျမန္မာႏိုင္ငံအေနျဖင့္ ပဋိပကၡျဖစ္ပြားမႈမ်ား ဆက္လက္ျမင့္မားျခင္းမရွိေတာ့သည့္တိုင္ လာမည့္ ၂ဝ၂၄ ခုႏွစ္အတြင္း စီးပြားေရးတိုးတက္မႈႏႈန္းေႏွးေကြးေနဦးမည့္အျပင္ ၂ဝ၂၅ ခုႏွစ္တြင္ စိုက္ ပ်ိဳးေရး၊ ကုန္ထုတ္လုပ္ေရးႏွင့္ ကုန္သြယ္မႈက႑ အပါအဝင္ ကုန္ထုတ္က႑မ်ား ေႏွးေကြးၾကန႔္ၾကာႏိုင္ေၾကာင္းလည္း ကမာၻ႔ဘဏ္က ခန႔္မွန္းထားသည္။