ရုရှားထုတ် Su-30 SME တိုက်လေယာဉ်နှစ်စင်း တပ်တော်ဝင်၊ လက်နက်ကိုင်များ နှင့် PDF များကို ချေမှုန်းရာတွင် လေကြောင်းကို ထိရောက်စွာအသုံးချနေဟု တပ်ချုပ်ပြော

 26041

မြူနစ် (NP News) - ဒီဇင်ဘာ ၁၆

ရုရှားနိုင်ငံထုတ် Su-30 SME တိုက်လေယာဉ်နှစ်စင်း တပ်တော် ဝင်ခဲ့ပြီး လက်နက်ကိုင်သောင်းကျန်းသူများ နှင့် PDF များကို ချေမှုန်းရာတွင် လေကြောင်းစွမ်းအားကို ထိရောက်စွာအသုံးချနေကြောင်း တပ်ချုပ်က ပြောသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က ယမန်နေ့(ဒီဇင်ဘာလ ၁၅ ရက်)တွင် နေပြည်တော်လေ တပ်စခန်း၌ကျင်းပသည့် တပ်မတော်(လေ)ဖွဲ့စည်းတည်ထောင်မှု (၇၆)နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ယမန်နေ့တွင် ရုရှားနိုင်ငံထံမှ ဝယ်ယူထားသည့် စတုတ္ထမျိုးဆက်လွန် လေကြောင်းအရေးသာမှုလေယာဉ်အမျိုးအစားဖြစ်သော Su-30 SME တိုက်လေယာဉ် (၂)စင်းသည်လည်း တပ်တော်ဝင်ခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။

မြန်မာ့တပ်မတော်သည် လက်ရှိတွင် ရုရှားနိုင်ငံ နှင့် ကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ရုရှားနိုင်ငံထံမှ Su -30 အမျိုးအ စား တိုက်လေယာဉ် (၄)စင်းထက်မနည်း ဝယ်ယူထားကြောင်း သိရသည်။

၎င်းကဲ့သို့ တိုက်လေယာဉ် (၂)စင်း ဖြည့်ဆည်းပေးနိုင်သည့် အတွက် တပ်မတော်(လေ)ရှိ အရာရှိ/စစ်သည်အားလုံး၏ စိတ် ဓာတ်အင်အားကို မြှင့်တင်ပေးရာရောက်သည့်အပြင် တပ်မတော်အတွက် တိုက်ခိုက်စွမ်းအားတိုးတက်မြင့်မားရန် အထောက်အကူပြုစေမည်ဖြစ်ကြောင်း တပ်ချုပ်က ပြောသည်။

ထို့ပြင် တပ်မတော်အနေဖြင့် လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများကို တရားသော စစ်ပွဲများ ဆင်နွှဲချေမှုန်းနှိမ်နင်းရာတွင် တပ်မတော်(လေ)သည် ကြည်း၊ ရေ၊ လက်ရုံးတပ်ဖွဲ့များနှင့်ပူးပေါင်းကာ စစ်ဆင်ရေး များ၌ လေကြောင်းစွမ်းအားကို ထိထိရောက်ရောက်အသုံးချနေကြောင်း ၎င်းက ထပ်မံပြောသည်။

အလားတူ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း၌ ပြီးခဲ့သော အောက်တိုဘာလတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ နှင့် အခြားတိုင်းစစ်ဌာနချုပ်နယ်မြေများ၌ ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများတွင် လေတပ်စစ်သည်များအနေဖြင့် လေယာဉ်/ ရဟတ်ယာဉ်များကို စွမ်းအားပြည့်အသုံးပြုကာ တိုက်ခိုက်ခဲ့ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

မြန်မာနိုင်ငံအတွင်း၌ ပြီးခဲ့သော အောက်တိုဘာလ ၂၇ ရက်မှစတင်ကာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ PDF အဖွဲ့များ ပူးပေါင်းကာ တပ်မတော်လုံခြုံရေးစခန်းများကို အင်အားအလုံး အရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

အဆိုပါတိုက်ပွဲများသည် လက်ရှိအချိန်ထိ ဖြစ်ပွားနေလျက်ရှိနေပြီး ၎င်းတိုက်ပွဲများအတွင်း တပ်မတော်လုံခြုံရေးအဖွဲ့ဝင်များအနေဖြင့် စခန်းများမှ ဆုတ်ခွာပေးခဲ့ရသည့်အခြေအနေများလည်း ရှိနေသည်။

zawgyi version
႐ုရွားထုတ္ Su-30 SME တိုက္ေလယာဥ္ႏွစ္စင္း တပ္ေတာ္ဝင္၊ လက္နက္ကိုင္မ်ား ႏွင့္ PDF မ်ားကို ေခ်မႈန္းရာတြင္ ေ ေၾကာင္းကို ထိေရာက္စြာအသုံးခ်ေနဟု တပ္ခ်ဳပ္ေျပာ
ျမဴနစ္ (NP News) - ဒီဇင္ဘာ ၁၆

႐ုရွားႏိုင္ငံထုတ္ Su-30 SME တိုက္ေလယာဥ္ႏွစ္စင္း တပ္ေတာ္ ဝင္ခဲ့ၿပီး လက္နက္ကိုင္ေသာင္းက်န္းသူမ်ား ႏွင့္ PDF မ်ားကို ေခ်မႈန္းရာတြင္ ေလေၾကာင္းစြမ္းအားကို ထိေရာက္စြာအသုံးခ်ေနေၾကာင္း တပ္ခ်ဳပ္က ေျပာသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္ လႈိင္က ယမန္ေန႔(ဒီဇင္ဘာလ ၁၅ ရက္)တြင္ ေနျပည္ေတာ္ေလ တပ္စခန္း၌က်င္းပသည့္ တပ္မေတာ္(ေလ)ဖြဲ႕စည္းတည္ေထာင္မႈ (၇၆)ႏွစ္ေျမာက္ႏွစ္ပတ္လည္ေန႔အခမ္းအနားတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

ယမန္ေန႔တြင္ ႐ုရွားႏိုင္ငံထံမွ ဝယ္ယူထားသည့္ စတုတၳမ်ိဳးဆက္လြန္ ေလေၾကာင္းအေရးသာမႈေလယာဥ္အမ်ိဳးအစားျဖစ္ေသာ Su-30 SME တိုက္ေလယာဥ္ (၂)စင္းသည္လည္း တပ္ေတာ္ဝင္ခဲ့ေၾကာင္း နစကမွ သတင္းထုတ္ျပန္ထားသည္။

ျမန္မာ့တပ္မေတာ္သည္ လက္ရွိတြင္ ႐ုရွားႏိုင္ငံ ႏွင့္ က႑စုံတြင္ ပူးေပါင္းေဆာင္႐ြက္လ်က္ရွိၿပီး ႐ုရွားႏိုင္ငံထံမွ Su -30 အမ်ိဳးအ စား တိုက္ေလယာဥ္ (၄)စင္းထက္မနည္း ဝယ္ယူထားေၾကာင္း သိရသည္။

၎ကဲ့သို႔ တိုက္ေလယာဥ္ (၂)စင္း ျဖည့္ဆည္းေပးႏိုင္သည့္ အတြက္ တပ္မေတာ္(ေလ)ရွိ အရာရွိ/စစ္သည္အားလုံး၏ စိတ္ ဓာတ္အင္အားကို ျမႇင့္တင္ေပးရာေရာက္သည့္အျပင္ တပ္မေတာ္အတြက္ တိုက္ခိုက္စြမ္းအားတိုးတက္ျမင့္မားရန္ အေထာက္အကူျပဳေစမည္ျဖစ္ေၾကာင္း တပ္ခ်ဳပ္က ေျပာသည္။

ထို႔ျပင္ တပ္မေတာ္အေနျဖင့္ လက္နက္ကိုင္ေသာင္းက်န္းသူမ်ားႏွင့္ PDF အမည္ခံအၾကမ္းဖက္သမားမ်ားကို တရားေသာ စစ္ပြဲမ်ား ဆင္ႏႊဲေခ်မႈန္းႏွိမ္နင္းရာတြင္ တပ္မေတာ္(ေလ)သည္ ၾကည္း၊ ေရ၊ လက္႐ုံးတပ္ဖြဲ႕မ်ားႏွင့္ပူးေပါင္းကာ စစ္ဆင္ေရး မ်ား၌ ေလေၾကာင္းစြမ္းအားကို ထိထိေရာက္ေရာက္အသုံးခ်ေနေၾကာင္း ၎က ထပ္မံေျပာသည္။

အလားတူ အေရွ႕ေျမာက္တိုင္းစစ္ဌာနခ်ဳပ္နယ္ေျမအတြင္း၌ ၿပီးခဲ့ေသာ ေအာက္တိုဘာလတြင္ ျဖစ္ပြားခဲ့သည့္ တိုက္ပြဲမ်ား ႏွင့္ အျခားတိုင္းစစ္ဌာနခ်ဳပ္နယ္ေျမမ်ား၌ ျဖစ္ပြားလ်က္ရွိေသာ တိုက္ပြဲမ်ားတြင္ ေလတပ္စစ္သည္မ်ားအေနျဖင့္ ေလယာဥ္/ ရဟတ္ယာဥ္မ်ားကို စြမ္းအားျပည့္အသုံးျပဳကာ တိုက္ခိုက္ခဲ့ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာသည္။

ျမန္မာႏိုင္ငံအတြင္း၌ ၿပီးခဲ့ေသာ ေအာက္တိုဘာလ ၂၇ ရက္မွစတင္ကာ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ား၊ PDF အဖြဲ႕မ်ား ပူးေပါင္းကာ တပ္မေတာ္လုံၿခဳံေရးစခန္းမ်ားကို အင္အားအလုံး အရင္းျဖင့္ ဝင္ေရာက္တိုက္ခိုက္ခဲ့သည္။

အဆိုပါတိုက္ပြဲမ်ားသည္ လက္ရွိအခ်ိန္ထိ ျဖစ္ပြားေနလ်က္ရွိေနၿပီး ၎တိုက္ပြဲမ်ားအတြင္း တပ္မေတာ္လုံၿခဳံေရးအဖြဲ႕ဝင္မ်ားအေနျဖင့္ စခန္းမ်ားမွ ဆုတ္ခြာေပးခဲ့ရသည့္အေျခအေနမ်ားလည္း ရွိေနသည္။

Related news

© 2021. All rights reserved.