ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ကိုင်ချင်သည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအား ထိုင်းနိုင်ငံရှိ ကုမ္ပဏီမှ လာရောက်ဖိတ်ခေါ်

5056

ယွန်း (NP News) - ဒီဇင်ဘာ ၁၇
ထိုင်းနိုင်ငံတွင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ကိုင်ချင်သည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအား ထိုင်းနိုင်ငံရှိ ကုမ္ပဏီမှ ဖိတ်ခေါ်မှုများ လာရောက်ပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားကို ဒီဇင်ဘာ ၁၆ ရက်က ရန်ကုန်မြို့ရှိ Pan Pacific Hotel တွင် ကျင်းပခဲ့သည်။
မြန်မာနိုင်ငံရှိ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေသည့် စီးပွားရေးလုပ်ငန်းရှင်များအား ၎င်းတို့၏ စီးပွားရေး လုပ်ငန်းအခွင့်အလမ်းအသစ်များ ပိုမိုတိုးပွားလာစေရန် ရည်ရွယ်၍ အဆိုပါအခမ်းအနားကို ကျင်းပခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
“မြန်မာနိုင်ငံကို ရွေးရတာကတော့ မြန်မာနိုင်ငံမှာ ကျွန်တော်တို့ကိုလုပ်ငန်းအပ်တဲ့ လုပ်ငန်းရှင်တွေအများကြီးရှိ တယ်။ သူတို့ကို ကြီးပွားတိုးတက်စေချင်တယ် သူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေ ပိုမိုခိုင်မာလာစေချင်တယ်။ သူတို့ရဲ့ brand တွေ ပိုမိုခိုင်မာလာပြီးတော့ ပြည်ပနဲ့ယှဥ်ပြိုင်နိုင်အောင်ဖြစ်စေချင်တဲ့ရည်ရွယ်ချက်ရှိလို့ပါ” ဟု Thai Beauty Group Co.,Ltd CEO Mr. Apiwat Pongpattanannkul က ပြောသည်။
လက်ရှိတွင် ထိုင်းနိုင်ငံ၌ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ကိုင်လိုသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင် အများအပြား ရှိနေပြီး လုပ်ငန်းအပ်နှံ လျှက်ရှိသည့်် လုပ်ငန်းရှင်များရှိနေကြောင်း သိရသည်။
ကိုယ်ပိုင်အမှတ်တံဆိပ်ဖြင့် ကုန်ပစ္စည်းများထုတ်လုပ်ချင်သူများအနေဖြင့် ရင်းနှီးမြှုပ်နှံမှုကို ငွေကျပ်သိန်း (၃ဝဝ) ဖြင့် စတင်ဆောင်ရွက်နိုင်ပြီး ထိုင်းနိုင်ငံရှိ စက်ရုံများနှင့်ချိတ်ဆက်ကာ KDA မှ ဆောင်ရွက်ပေးနေကြောင်း သိရသည်။
ထို့ပြင် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထိုင်းနိုင်ငံတွင် စားသောက်ဆိုင် အပါအဝင် ကုန်တိုက်များ ဖွင့်လှစ်လိုပါက ထိုင်းကုမ္ပဏီရှိ ရန်လိုအပ်ကြောင်း သိရသည်။
“မြန်မာတွေအနေနဲ့ ထိုင်းမှာ စားသောက်ဆိုင်တွေ၊ ကုန်တိုက်တွေဖွင့်မယ်၊ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ထိုင်းကုမ္ပဏီရှိမှ ရမှာ။ ထိုင်းကုမ္ပဏီမရှိရင် ဖွင့်လို့မရဘူး။ ထိုင်းနိုင်ငံသားမှာ ရှယ်ယာ(၅၁)ရာခိုင်နှုန်း၊ မြန်မာအဖွဲ့ကျတော့ (၄၉ )ရာခိုင်နှုန်းရှိရင် ကုမ္ပဏီဖွင့်လို့ရတယ်။ အဲဒီတော့မှ ရင်းနှီးမြှုပ်နှံမှုလုပ်လို့မှာ။ ကိုယ့်ဆီမှာ အိမ်တွေ၊ ကွန်ဒိုတွေ ရှိပေမယ့် office ဖွင့်လို့မရဘူး။ ကိုယ်တိုင်လုပ်ရင် အချိန်တော်တော်ပေးရတယ်။ ဒါကြောင့် ထိုင်းမှာရှိတဲ့ ကုမ္ပဏီ တွေကို လုပ်ခိုင်းလို့ရတယ်။ KDA တင်မဟုတ်ဘူး ထိုင်းမှာရှိတဲ့အခြားကုမ္ပဏီတွေကိုလည်း လုပ်ခိုင်းလို့ရတယ်” ဟု KDA Deputy Managing Director Ms. Siri Felix က ပြောသည်။
ထို့ပြင် မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင်များမှ အလှကုန်ပစ္စည်းများ အပြင် ဖြည့်စွက်အစားအစာများနှင့် အခြားကုန်ပစ္စည်းများကို ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံနိုင်ရေးအတွက် KDA THAI-MYANMAR CONSULTING CO.,LTD က ဆောင်ရွက်ပေးနေကြောင်း သိရသည်။

Zawgyi Version;
ကိုယ္ပိုင္စီးပြားေရးလုပ္ငန္းလုပ္ကိုင္ခ်င္သည့္ ျမန္မာစီးပြားေရးလုပ္ငန္းရွင္မ်ားအား ထိုင္းႏိုင္ငံရွိ ကုမၸဏီမွ လာေရာက္ဖိတ္ေခၚ
ယြန္း (NP News) - ဒီဇင္ဘာ ၁၇
ထိုင္းႏိုင္ငံတြင္ ကိုယ္ပိုင္စီးပြားေရးလုပ္ငန္းလုပ္ကိုင္ခ်င္သည့္ ျမန္မာစီးပြားေရးလုပ္ငန္းရွင္မ်ားအား ထိုင္းႏိုင္ငံရွိ ကုမၸဏီမွ ဖိတ္ေခၚမႈမ်ား လာေရာက္ျပဳလုပ္ခဲ့သည္။
အဆိုပါ အခမ္းအနားကို ဒီဇင္ဘာ ၁၆ ရက္က ရန္ကုန္ၿမိဳ႕ရွိ Pan Pacific Hotel တြင္ က်င္းပခဲ့သည္။
ျမန္မာႏိုင္ငံရွိ ကိုယ္ပိုင္စီးပြားေရးလုပ္ငန္းလုပ္ကိုင္ေနသည့္ စီးပြားေရးလုပ္ငန္းရွင္မ်ားအား ၎တို႔၏ စီးပြားေရး လုပ္ငန္းအခြင့္အလမ္းအသစ္မ်ား ပိုမိုတိုးပြားလာေစရန္ ရည္႐ြယ္၍ အဆိုပါအခမ္းအနားကို က်င္းပခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။
“ျမန္မာႏိုင္ငံကို ေ႐ြးရတာကေတာ့ ျမန္မာႏိုင္ငံမွာ ကြၽန္ေတာ္တို႔ကိုလုပ္ငန္းအပ္တဲ့ လုပ္ငန္းရွင္ေတြအမ်ားႀကီးရွိ တယ္။ သူတို႔ကို ႀကီးပြားတိုးတက္ေစခ်င္တယ္ သူတို႔ရဲ႕စီးပြားေရးလုပ္ငန္းေတြ ပိုမိုခိုင္မာလာေစခ်င္တယ္။ သူတို႔ရဲ႕ brand ေတြ ပိုမိုခိုင္မာလာၿပီးေတာ့ ျပည္ပနဲ႔ယွဥ္ၿပိဳင္ႏိုင္ေအာင္ျဖစ္ေစခ်င္တဲ့ရည္႐ြယ္ခ်က္ရွိလို႔ပါ” ဟု Thai Beauty Group Co.,Ltd CEO Mr. Apiwat Pongpattanannkul က ေျပာသည္။
လက္ရွိတြင္ ထိုင္းႏိုင္ငံ၌ ကိုယ္ပိုင္စီးပြားေရးလုပ္ငန္းလုပ္ကိုင္လိုသည့္ ျမန္မာစီးပြားေရးလုပ္ငန္းရွင္ အမ်ားအျပား ရွိေနၿပီး လုပ္ငန္းအပ္ႏွံ လွ်က္ရွိသည့္္ လုပ္ငန္းရွင္မ်ားရွိေနေၾကာင္း သိရသည္။
ကိုယ္ပိုင္အမွတ္တံဆိပ္ျဖင့္ ကုန္ပစၥည္းမ်ားထုတ္လုပ္ခ်င္သူမ်ားအေနျဖင့္ ရင္းႏွီးျမႇဳပ္ႏွံမႈကို ေငြက်ပ္သိန္း (၃ဝဝ) ျဖင့္ စတင္ေဆာင္႐ြက္ႏိုင္ၿပီး ထိုင္းႏိုင္ငံရွိ စက္႐ုံမ်ားႏွင့္ခ်ိတ္ဆက္ကာ KDA မွ ေဆာင္႐ြက္ေပးေနေၾကာင္း သိရသည္။
ထို႔ျပင္ ျမန္မာစီးပြားေရးလုပ္ငန္းရွင္မ်ားအေနျဖင့္ ထိုင္းႏိုင္ငံတြင္ စားေသာက္ဆိုင္ အပါအဝင္ ကုန္တိုက္မ်ား ဖြင့္လွစ္လိုပါက ထိုင္းကုမၸဏီရွိ ရန္လိုအပ္ေၾကာင္း သိရသည္။
“ျမန္မာေတြအေနနဲ႔ ထိုင္းမွာ စားေသာက္ဆိုင္ေတြ၊ ကုန္တိုက္ေတြဖြင့္မယ္၊ ရင္းႏွီးျမႇဳပ္ႏွံမယ္ဆိုရင္ ထိုင္းကုမၸဏီရွိမွ ရမွာ။ ထိုင္းကုမၸဏီမရွိရင္ ဖြင့္လို႔မရဘူး။ ထိုင္းႏိုင္ငံသားမွာ ရွယ္ယာ(၅၁)ရာခိုင္ႏႈန္း၊ ျမန္မာအဖြဲ႕က်ေတာ့ (၄၉ )ရာခိုင္ႏႈန္းရွိရင္ ကုမၸဏီဖြင့္လို႔ရတယ္။ အဲဒီေတာ့မွ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္လို႔မွာ။ ကိုယ့္ဆီမွာ အိမ္ေတြ၊ ကြန္ဒိုေတြ ရွိေပမယ့္ office ဖြင့္လို႔မရဘူး။ ကိုယ္တိုင္လုပ္ရင္ အခ်ိန္ေတာ္ေတာ္ေပးရတယ္။ ဒါေၾကာင့္ ထိုင္းမွာရွိတဲ့ ကုမၸဏီ ေတြကို လုပ္ခိုင္းလို႔ရတယ္။ KDA တင္မဟုတ္ဘူး ထိုင္းမွာရွိတဲ့အျခားကုမၸဏီေတြကိုလည္း လုပ္ခိုင္းလို႔ရတယ္” ဟု KDA Deputy Managing Director Ms. Siri Felix က ေျပာသည္။
ထို႔ျပင္ ျမန္မာႏိုင္ငံရွိ စီးပြားေရးလုပ္ငန္းရွင္မ်ားမွ အလွကုန္ပစၥည္းမ်ား အျပင္ ျဖည့္စြက္အစားအစာမ်ားႏွင့္ အျခားကုန္ပစၥည္းမ်ားကို ထိုင္းႏိုင္ငံတြင္ ရင္းႏွီးျမႇဳပ္ႏွံႏိုင္ေရးအတြက္ KDA THAI-MYANMAR CONSULTING CO.,LTD က ေဆာင္႐ြက္ေပးေနေၾကာင္း သိရသည္။