မတ္တရာမြို့နယ်၌ အမျိုးသားတစ်ဦးကို PDF အဖွဲ့က ခေါင်းဖြတ်သတ်ဖြတ်ခဲ့ဟု ရဲတပ်ဖွဲ့ဆို

 1900

NP News - ဒီဇင်ဘာ ၂၀

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၌ အမျိုးသားတစ်ဦးကို PDF အဖွဲ့က ခေါင်းဖြတ်သတ်ဖြတ်ခဲ့ကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သော (ဒီဇင်ဘာလ ၁၈ ရက်)၊ ည ၆ နာရီခွဲအချိန်တွင် မတ္တရာမြို့နယ်၊ ဈေးဟောင်းကျေးရွာတွင် အထက် ပါကဲ့သို့ သတ်ဖြတ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါကျေးရွာတွင်နေထိုင်သည့် ဦးအောင်ငွေ(၆၂)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အဖွဲ့ဝင်(၆)ဦးက ဆိုင်ကယ်(၃)စီးဖြင့် ရောက်ရှိလာကာ ဓားများဖြင့် ဝိုင်းဝန်းထိုးခုတ်သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။

ထို့သို့ ဓားဖြင့် ထိုးခုတ်သတ်ဖြတ်ခံရမှုကြောင့် ဦးအောင်ငွေတွင် ဦးခေါင်းပြတ်သည့်ဒဏ်ရာရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြော သည်။

ထိုကြောင့် သေဆုံးသူအမျိုးသားအား မတ္တရာမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီထိရောက်စွာအရေးယူနိုင်ရေးလုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

zawgyi version
မတၱရာၿမိဳ႕နယ္၌ အမ်ိဳးသားတစ္ဦးကို PDF အဖြဲ႕က ေခါင္းျဖတ္သတ္ျဖတ္ခဲ့ဟုရဲတပ္ဖြဲ႕ဆို

NP News - ဒီဇင္ဘာ ၂၀

မႏၲေလးတိုင္း၊ မတၱရာၿမိဳ႕နယ္၌ အမ်ိဳးသားတစ္ဦးကို PDF အဖြဲ႕က ေခါင္းျဖတ္သတ္ျဖတ္ခဲ့ေၾကာင္း ျမန္မာ ႏိုင္ငံရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။

ၿပီးခဲ့ေသာ (ဒီဇင္ဘာလ ၁၈ ရက္)၊ ည ၆ နာရီခြဲအခ်ိန္တြင္ မတၱရာၿမိဳ႕နယ္၊ ေဈးေဟာင္းေက်း႐ြာတြင္ အထက္ ပါကဲ့သို႔ သတ္ျဖတ္သြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါေက်း႐ြာတြင္ေနထိုင္သည့္ ဦးေအာင္ေငြ(၆၂)ႏွစ္သည္ ၎၏ေနအိမ္၌ ရွိေနစဥ္ PDF အဖြဲ႕ဝင္(၆)ဦးက ဆိုင္ကယ္(၃)စီးျဖင့္ ေရာက္ရွိလာကာ ဓားမ်ားျဖင့္ ဝိုင္းဝန္းထိုးခုတ္သတ္ျဖတ္သြားခဲ့ေၾကာင္း သိရသည္။

ထို႔သို႔ ဓားျဖင့္ ထိုးခုတ္သတ္ျဖတ္ခံရမႈေၾကာင့္ ဦးေအာင္ေငြတြင္ ဦးေခါင္းျပတ္သည့္ဒဏ္ရာရရွိကာ အခင္းျဖစ္ပြားရာေနရာ၌ ေသဆုံးသြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ကေျပာ သည္။

ထိုေၾကာင့္ ေသဆုံးသူအမ်ိဳးသားအား မတၱရာၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ၿပီး ျပစ္မႈက်ဴးလြန္သူမ်ားအား ေဖာ္ထုတ္ဖမ္းဆီး၍ ဥပေဒႏွင့္အညီထိေရာက္စြာအေရးယူႏိုင္ေရးလုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက စုံစမ္းစစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.