စင်ကာပူနိုင်ငံ၊ ချန်ဂီလေဆိပ် T2 မှာ အနည်းဆုံး အခန်းပေါင်း ၂၂ဝ ရှိတဲ့ ဟိုတယ်အသစ် တည်ဆောက်မည်

 1360

ရောင်နီ (NP News) - ဒီဇင်ဘာ ၂၁

စင်ကာပူနိုင်ငံဟာ နိုင်ငံခြားသားခရီးသွားဧည့်သည်တွေ ဝင်ရောက်မှုတိုးမြှင့်ဖို့ ရည်ရွယ်ပြီး ချန်ဂီလေဆိပ် Terminal 2 မှာ အနည်းဆုံး အခန်းပေါင်း ၂၂ဝ ပါရှိတဲ့ ဟိုတယ်အသစ်ကို ၂ဝ၂၇ ခုနှစ်မှာ အပြီးတည်ဆောက်သွား မယ်လို့ သိရပါတယ်။

၎င်းဟာ လေဆိပ်မှာရှိတဲ့ တတိယမြောက် ဟိုတယ်ဖြစ်လာမှာဖြစ်ပြီး အသစ်ပြန်ဖွင့်တဲ့ T2 ရဲ့ တောင်ဘက်စွန်း Landside မှာ တည်ဆောက်မှာဖြစ်ပါတယ်။ လက်ရှိ အဆိုပါနေရာအနီးမှာ Landside ဟိုတယ်တွေဖြစ်တဲ့ ၂ဝ၁၉ ခုနှစ်က ဖွင့်လှစ်ခဲ့တဲ့ အခန်းပေါင်း ၁၃ဝ ရှိ Yotelair Singapore Changi Airport Hotel ၊ ၂ဝဝ၈ ခုနှစ်က ဖွင့်လှစ်ခဲ့ တဲ့ အခန်းပေါင်း ၅၆၃ ခုရှိ Crowne Plaza Changi Airport Hotel တို့ တည်ရှိပါတယ်။

ဒါ့အပြင်စီးပွားရေးအရ အရေးပါတဲ့ ခရီးသည်တွေကို ဝန်ဆောင်မှုပေးနေတဲ့ Air side ဟိုတယ်တွေအဖြစ် T1၊ T2၊ T3 နဲ့ JetQuay terminal ဆိုတဲ့ ဟိုတယ်လေးခုလည်း တည်ရှိပါသေးတယ်။ လေဆိပ်အော်ပရေတာ Changi Airport Group (CAG) ဟာ T2 မှာ ဟိုတယ်အသစ်ကို အကောင်အထည်ဖော်ဖို့ သြဂုတ်လက တင်ဒါခေါ်ယူခဲ့ပြီး ၂ဝ၂၄ ခုနှစ် ဧပြီလမှာ စာချုပ်ချုပ်ဆိုဖို့ စီစဉ်ထားပါတယ်။

တင်ဒါစာရွက်စာတမ်းတွေအရ CAG က အသစ်ဆောက်လုပ်မယ့် ဟိုတယ်ဟာ နိုင်ငံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်စေဖို့နဲ့ နိုင်ငံခြားသားခရီးသွားဝင်ရောက်မှု သန်း ၅ဝ ခန့် ထပ်တိုးဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။ အဆိုပါဟိုတယ်ကို ကြယ်သုံးပွင့်မှ လေးပွင့်အဆင့်ရှိ ဟိုတယ်စံချိန်စံညွှန်းတွေအတိုင်း ထားရှိမှာဖြစ်ပြီး ချန်ဂီလေဆိပ်ရဲ့ကမ္ဘာ့အဆင့်မီပုံရိပ်ကို ပံ့ပိုးပေးနိုင်မယ်လို့ ယုံကြည်ထားပါတယ်။

Zawgyi Version;
စင္ကာပူႏိုင္ငံ၊ ခ်န္ဂီေလဆိပ္ T2 မွာ အနည္းဆုံး အခန္းေပါင္း ၂၂ဝ ရွိတဲ့ ဟိုတယ္အသစ္ တည္ေဆာက္မည္
ေရာင္နီ (NP News) - ဒီဇင္ဘာ ၂၁

စင္ကာပူႏိုင္ငံဟာ ႏိုင္ငံျခားသားခရီးသြားဧည့္သည္ေတြ ဝင္ေရာက္မႈတိုးျမႇင့္ဖို႔ ရည္႐ြယ္ၿပီး ခ်န္ဂီေလဆိပ္ Terminal 2 မွာ အနည္းဆုံး အခန္းေပါင္း ၂၂ဝ ပါရွိတဲ့ ဟိုတယ္အသစ္ကို ၂ဝ၂၇ ခုႏွစ္မွာ အၿပီးတည္ေဆာက္သြား မယ္လို႔ သိရပါတယ္။

၎ဟာ ေလဆိပ္မွာရွိတဲ့ တတိယေျမာက္ ဟိုတယ္ျဖစ္လာမွာျဖစ္ၿပီး အသစ္ျပန္ဖြင့္တဲ့ T2 ရဲ႕ ေတာင္ဘက္စြန္း Landside မွာ တည္ေဆာက္မွာျဖစ္ပါတယ္။ လက္ရွိ အဆိုပါေနရာအနီးမွာ Landside ဟိုတယ္ေတြျဖစ္တဲ့ ၂ဝ၁၉ ခုႏွစ္က ဖြင့္လွစ္ခဲ့တဲ့ အခန္းေပါင္း ၁၃ဝ ရွိ Yotelair Singapore Changi Airport Hotel ၊ ၂ဝဝ၈ ခုႏွစ္က ဖြင့္လွစ္ခဲ့ တဲ့ အခန္းေပါင္း ၅၆၃ ခုရွိ Crowne Plaza Changi Airport Hotel တို႔ တည္ရွိပါတယ္။

ဒါ့အျပင္စီးပြားေရးအရ အေရးပါတဲ့ ခရီးသည္ေတြကို ဝန္ေဆာင္မႈေပးေနတဲ့ Air side ဟိုတယ္ေတြအျဖစ္ T1၊ T2၊ T3 နဲ႔ JetQuay terminal ဆိုတဲ့ ဟိုတယ္ေလးခုလည္း တည္ရွိပါေသးတယ္။ ေလဆိပ္ေအာ္ပေရတာ Changi Airport Group (CAG) ဟာ T2 မွာ ဟိုတယ္အသစ္ကို အေကာင္အထည္ေဖာ္ဖို႔ ၾသဂုတ္လက တင္ဒါေခၚယူခဲ့ၿပီး ၂ဝ၂၄ ခုႏွစ္ ဧၿပီလမွာ စာခ်ဳပ္ခ်ဳပ္ဆိုဖို႔ စီစဥ္ထားပါတယ္။

တင္ဒါစာ႐ြက္စာတမ္းေတြအရ CAG က အသစ္ေဆာက္လုပ္မယ့္ ဟိုတယ္ဟာ ႏိုင္ငံ ခရီးသြားလုပ္ငန္း ဖြံ႕ၿဖိဳး တိုးတက္ေစဖို႔နဲ႔ ႏိုင္ငံျခားသားခရီးသြားဝင္ေရာက္မႈ သန္း ၅ဝ ခန္႔ ထပ္တိုးဖို႔ ရည္႐ြယ္တယ္လို႔ သိရပါတယ္။ အေသးစိတ္အခ်က္အလက္ေတြကိုေတာ့ မသိရေသးပါဘူး။ အဆိုပါဟိုတယ္ကို ၾကယ္သုံးပြင့္မွ ေလးပြင့္အဆင့္ရွိ ဟိုတယ္စံခ်ိန္စံၫႊန္းေတြအတိုင္း ထားရွိမွာျဖစ္ၿပီး ခ်န္ဂီေလဆိပ္ရဲ႕ကမာၻ႔အဆင့္မီပုံရိပ္ကို ပံ့ပိုးေပးႏိုင္မယ္လို႔ ယုံၾကည္ထားပါတယ္။

Related news

© 2021. All rights reserved.