ထိုင်းနိုင်ငံရှိ ခရိုင်(၈)ခုတွင် မြန်မာနိုင်ငံသားများအတွက် CI ထုတ်ပေးရေးစခန်းများ နှင့် Mobile Unit များကို လာမည့်နှစ်မှစတင်၍ ဖွင့်လှစ်ပေးမည်

 698

ကျော် (NP News) - ဒီဇင်ဘာ ၂၁

ထိုင်းနိုင်ငံရှိ ခရိုင်(၈)ခုတွင် မြန်မာနိုင်ငံသားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်(CI) ထုတ်ပေးရေးစခန်းများ နှင့် Mobile Unit များကို လာမည့်နှစ် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်မှစတင်၍ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနထံ မှ သိရသည်။

အလုပ်သမားဝန်ကြီးဌာနမှ ထိုင်းနိုင်ငံတွင်ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ ဥပဒေနှင့်အညီ Work Permit နှင့် ဗီဇာရရှိရေး၊ တရားဝင်အလုပ်သမားများ၏ အခွင့်အရေးများရရှိခံစားနိုင်ရေး၊ မြန်မာနိုင်ငံသို့ပြန်ရန်မလိုဘဲ ထိုင်းနိုင်ငံအတွင်း၌ အထောက်အထားရရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိသည်။

ထို့ကြောင့် မြန်မာနိုင်ငံသားများ ကုန်ကျစရိတ်နှင့်အချိန် ကုန်သက်သာစေရန် CI စာအုပ်ထုတ်ပေးခြင်းလုပ်ငန်း စဉ်အားဆောင်ရွက်ပေးရန် ပြည်ထဲရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနနှင့်အလုပ်သမားဝန်ကြီးဌာနမှ ဝန်ထမ်း ၄၀ ဦး နှင့် စီမံ ကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ ဝန်ထမ်း ၁၃ ဦးတို့အား ထိုင်းနိုင်ငံသို့စေ လွှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

CI ထုတ်ပေးရေးစခန်းများအား စမုစခွန်ခရိုင်၊ စမုပရာကန်ခရိုင်၊ ဆူရတ်ဌာနီခရိုင်၊ ချွန်ဘူရီခရိုင်၊ ပထုန်ဌာနီခရိုင်တို့တွင် ဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး Mobile Unit များအား ဆုန်ခလာခရိုင်၊ ချင်းမိုင်ခရိုင် နှင့် နခွန်စဝမ်ခရိုင်တို့၌ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Mobile Team များဖွင့်လှစ်ခြင်းဖြင့် အလုပ်သမားများ လုပ်ငန်းခွင်မပျက် အထောက်အထားလျှောက်ထားနိုင်မည်ဖြစ်ပြီး အလုပ်ရှင်အနေဖြင့် လုပ်ငန်းခွင်ကိုအရှိန် အဟုန်မပြတ် ဆက်လက်လည်ပတ်နိုင်မည်ဖြစ်ကာ ပွဲစားများ၏အမြတ်ထုတ်မှုများကိုလည်း ကာကွယ်ပြီးဖြစ်၍ Mobile Team များကို အရေအတွက်များများဖွင့်လှစ်သွားမည်ဟု အလုပ်သမားဝန်ကြီးဦးမြင့်နောင်ကပြောကြားထားသည်။

"ကျွန်တော်တို့သိရသလောက်ဆိုရင် အခုလက်ရှိဖွင့်ဖို့လုပ်နေတဲ့ CI စခန်းတွေကို ထပ်တိုးပြီးဖွင့်ပေးသွားမယ်ကြားတယ်။ လတ်တလောကတော့ မြန်မာနိုင်ငံသားတွေနေတာအများဆုံးဖြစ်တဲ့ ခရိုင်တွေမှာစပြီးဖွင့်ဖို့လုပ်တာပေါ့။ CI ကိုဒီမှာပဲလုပ်လို့ရသွားတယ်ဆိုတာကောင်းတာပေါ့ဗျာ။ အရင်ကဆိုရင် CI လုပ်ဖို့ကို မြန်မာနိုင်ငံပြန်ရတဲ့အတွက် အလုပ်ကနေရက်ရှည်ခွင့်ယူရတယ်။ ခွင့်ယူရတဲ့အတွက် လစာရတာနည်းသွားတာပေါ့"ဟု ထိုင်းနိုင်ငံတွင် ရောက်ရှိအလုပ်လုပ်ကိုင်နေသည့် ကိုထူးကျော်က NP News ကိုပြောသည်။

CI ပြုလုပ်မည့် မြန်မာနိုင်ငံသားများသည် မိမိတို့ဖုန်းအ တွင်း၌ RMS Mobile Application ကိုထည့်သွင်းထားရမည်ဖြစ်ကာ ယင်း Application ၌ e-OWIC အချက်အ လက်များ၊ Passport (သို့မဟုတ်) CI အချက်အလက်များ၊ မိသားစုထံငွေလွှဲနိုင်ရန် ငွေလဲလှယ်နှုန်းများ၊ လုပ် ငန်းခွင်အခက်အခဲဖြစ်ပါက အကူအညီတောင်းခံခြင်းများ၊ သိသင့်သိထိုက်သည့် သတင်းအချက်အလက်များ၊ ငွေလွှဲခဲ့သည့်မှတ်တမ်းများအား ကြည့်ရှုနိုင်မည်ဖြစ် ကြောင်း သိရသည်။

ထိုင်းအလုပ်ရှင်များ၏ ထိုင်းအစိုးရထံအလုပ်သမား အမည်စာရင်းတင်သွင်းထားမှုအရ ယခုနှစ် ဇူလိုင်လ ၅ ရက်အထိ ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား (၉)သိန်းခန့်ရှိနေကြောင်း အလုပ်သမားဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

zawgyi version
ထိုင္းႏိုင္ငံရွိ ခ႐ိုင္(၈)ခုတြင္ ျမန္မာႏိုင္ငံသားမ်ားအတြက္ CI ထုတ္ေပးေရးစခန္းမ်ား ႏွင့္ Mobile Unit မ်ားကို လာမည့္ႏွစ္မွစတင္၍ ဖြင့္လွစ္ေပးမည္

ေက်ာ္ (NP News) - ဒီဇင္ဘာ ၂၁

ထိုင္းႏိုင္ငံရွိ ခ႐ိုင္(၈)ခုတြင္ ျမန္မာႏိုင္ငံသားမ်ားအတြက္ မည္သူမည္ဝါျဖစ္ေၾကာင္း သက္ေသခံလက္မွတ္(CI) ထုတ္ေပးေရးစခန္းမ်ား ႏွင့္ Mobile Unit မ်ားကို လာမည့္ႏွစ္ ၂၀၂၄ ခုႏွစ္၊ ဇန္နဝါရီလ ပထမပတ္မွစတင္၍ဖြင့္လွစ္သြားမည္ျဖစ္ေၾကာင္း အလုပ္သမားဝန္ႀကီးဌာနထံ မွ သိရသည္။

အလုပ္သမားဝန္ႀကီးဌာနမွ ထိုင္းႏိုင္ငံတြင္ေရာက္ရွိေနသည့္ ျမန္မာႏိုင္ငံသားမ်ား ဥပေဒႏွင့္အညီ Work Permit ႏွင့္ ဗီဇာရရွိေရး၊ တရားဝင္အလုပ္သမားမ်ား၏ အခြင့္အေရးမ်ားရရွိခံစားႏိုင္ေရး၊ ျမန္မာႏိုင္ငံသို႔ျပန္ရန္မလိုဘဲ ထိုင္းႏိုင္ငံအတြင္း၌ အေထာက္အထားရရွိေစေရးအတြက္ ႀကိဳးပမ္းေဆာင္႐ြက္ေပးလ်က္ရွိသည္။

ထို႔ေၾကာင့္ ျမန္မာႏိုင္ငံသားမ်ား ကုန္က်စရိတ္ႏွင့္အခ်ိန္ ကုန္သက္သာေစရန္ CI စာအုပ္ထုတ္ေပးျခင္းလုပ္ငန္း စဥ္အားေဆာင္႐ြက္ေပးရန္ ျပည္ထဲေရးဝန္ႀကီးဌာန၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္အားဝန္ႀကီးဌာနႏွင့္အလုပ္သမားဝန္ႀကီးဌာနမွ ဝန္ထမ္း ၄၀ ဦး ႏွင့္ စီမံ ကိန္း ႏွင့္ ဘ႑ာေရးဝန္ႀကီးဌာန၊ ျပည္တြင္းအခြန္မ်ားဦးစီးဌာနမွ ဝန္ထမ္း ၁၃ ဦးတို႔အား ထိုင္းႏိုင္ငံသို႔ေစ လႊတ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

CI ထုတ္ေပးေရးစခန္းမ်ားအား စမုစခြန္ခ႐ိုင္၊ စမုပရာကန္ခ႐ိုင္၊ ဆူရတ္ဌာနီခ႐ိုင္၊ ခြၽန္ဘူရီခ႐ိုင္၊ ပထုန္ဌာနီခ႐ိုင္တို႔တြင္ ဖြင့္လွစ္ေပးသြားမည္ျဖစ္ၿပီး Mobile Unit မ်ားအား ဆုန္ခလာခ႐ိုင္၊ ခ်င္းမိုင္ခ႐ိုင္ ႏွင့္ နခြန္စဝမ္ခ႐ိုင္တို႔၌ ဖြင့္လွစ္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

Mobile Team မ်ားဖြင့္လွစ္ျခင္းျဖင့္ အလုပ္သမားမ်ား လုပ္ငန္းခြင္မပ်က္ အေထာက္အထားေလွ်ာက္ထားႏိုင္မည္ျဖစ္ၿပီး အလုပ္ရွင္အေနျဖင့္ လုပ္ငန္းခြင္ကိုအရွိန္ အဟုန္မျပတ္ ဆက္လက္လည္ပတ္ႏိုင္မည္ျဖစ္ကာ ပြဲစားမ်ား၏အျမတ္ထုတ္မႈမ်ားကိုလည္း ကာကြယ္ၿပီးျဖစ္၍ Mobile Team မ်ားကို အေရအတြက္မ်ားမ်ားဖြင့္လွစ္သြားမည္ဟု အလုပ္သမားဝန္ႀကီးဦးျမင့္ေနာင္ကေျပာၾကားထားသည္။

"ကြၽန္ေတာ္တို႔သိရသေလာက္ဆိုရင္ အခုလက္ရွိဖြင့္ဖို႔လုပ္ေနတဲ့ CI စခန္းေတြကို ထပ္တိုးၿပီးဖြင့္ေပးသြားမယ္ၾကားတယ္။ လတ္တေလာကေတာ့ ျမန္မာႏိုင္ငံသားေတြေနတာအမ်ားဆုံးျဖစ္တဲ့ ခ႐ိုင္ေတြမွာစၿပီးဖြင့္ဖို႔လုပ္တာေပါ့။ CI ကိုဒီမွာပဲလုပ္လို႔ရသြားတယ္ဆိုတာေကာင္းတာေပါ့ဗ်ာ။ အရင္ကဆိုရင္ CI လုပ္ဖို႔ကို ျမန္မာႏိုင္ငံျပန္ရတဲ့အတြက္ အလုပ္ကေနရက္ရွည္ခြင့္ယူရတယ္။ ခြင့္ယူရတဲ့အတြက္ လစာရတာနည္းသြားတာေပါ့"ဟု ထိုင္းႏိုင္ငံတြင္ ေရာက္ရွိအလုပ္လုပ္ကိုင္ေနသည့္ ကိုထူးေက်ာ္က NP News ကိုေျပာသည္။

CI ျပဳလုပ္မည့္ ျမန္မာႏိုင္ငံသားမ်ားသည္ မိမိတို႔ဖုန္းအ တြင္း၌ RMS Mobile Application ကိုထည့္သြင္းထားရမည္ျဖစ္ကာ ယင္း Application ၌ e-OWIC အခ်က္အ လက္မ်ား၊ Passport (သို႔မဟုတ္) CI အခ်က္အလက္မ်ား၊ မိသားစုထံေငြလႊဲႏိုင္ရန္ ေငြလဲလွယ္ႏႈန္းမ်ား၊ လုပ္ ငန္းခြင္အခက္အခဲျဖစ္ပါက အကူအညီေတာင္းခံျခင္းမ်ား၊ သိသင့္သိထိုက္သည့္ သတင္းအခ်က္အလက္မ်ား၊ ေငြလႊဲခဲ့သည့္မွတ္တမ္းမ်ားအား ၾကည့္ရႈႏိုင္မည္ျဖစ္ ေၾကာင္း သိရသည္။

ထိုင္းအလုပ္ရွင္မ်ား၏ ထိုင္းအစိုးရထံအလုပ္သမား အမည္စာရင္းတင္သြင္းထားမႈအရ ယခုႏွစ္ ဇူလိုင္လ ၅ ရက္အထိ ထိုင္းႏိုင္ငံ၌ အလုပ္လုပ္ကိုင္ေနသည့္ ျမန္မာအလုပ္သမား (၉)သိန္းခန္႔ရွိေနေၾကာင္း အလုပ္သမားဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။

Related news

© 2021. All rights reserved.