ထိုင်းနိုင်ငံတောင်ပိုင်းတွင် ရေကြီးမှုများကြောင့် လူထောင်ပေါင်းများစွာ ရေဘေးသင့်ခဲ့ရ

1062

Pika (NP News) - ဒီဇင်ဘာ ၂၆
ထိုင်းနိုင်ငံတောင်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုများနှင့်အတူ ရေကြီးမှုများကြောင့် ကားလမ်းများနှင့် ရထားလမ်းများ ရေနစ်မြုပ်ခဲ့ပြီး လူထောင်ပေါင်းများစွာ ရေဘေးသင့်ခဲ့ကြောင်း သိရသည်။
အဆိုပါရေကြီးမှုများကြောင့် စာသင်ကျောင်းများကိုလည်း ပိတ်ခဲ့ရသလို အချို့ဒေသခံများသည် ၎င်းတို့၏ နေအိမ် အတွင်းတွင် ပိတ်မိနေခဲ့ကြောင်းလည်း သိရသည်။ မလေးရှားနိုင်ငံနယ်စပ်အနီးတွင်ရှိသော ထိုင်းနိုင်ငံတောင်ပိုင်းရှိ နရာသီဝပ်ပြည်နယ်သည် ရေဘေးဒဏ်အခံရဆုံး ဒေသတစ်ခုဖြစ်ခဲ့ပြီး အချို့ခရိုင်များသည် ရက်အတော်ကြာ ရေနစ်မြုပ်နေခဲ့ကြောင်း Thai PBS သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။
ရေကြီးမှုများဖြစ်ပွားပြီးနောက် လူအများအပြားသည် အကူအညီများကို တောင်းခံခဲ့ကြပြီး လူအချို့မှာ ရေနစ်မြုပ် နေသော အိမ်ခေါင်မိုးများပေါ်တွင် ထိုင်နေခဲ့ရကြောင်း Thai PBS က ဖော်ပြထားသည်။
နရာသီဝပ်ပြည်နယ် နှင့် အိမ်နီးချင်းယာလာပြည်နယ်တို့တွင် စာသင်ကျောင်းပေါင်း အနည်းဆုံးတစ်ဒါဇင်ခန့်ကို ပိတ်ထားခဲ့ရကြောင်း သိရသည်။ အဆိုပါဒေသများရှိ နေအိမ်များ နှင့် ဈေးဆိုင်များ ရေနစ်မြုပ်နေသည့် ဓါတ်ပုံများ ကိုလည်း ဆိုရှယ်မီဒီယာပေါ်တွင် တွေ့ခဲ့ရသည်။ မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ပြီးခဲ့သည့် ဒီဇင်ဘာလ (၂၂)ရက်မှ စတင်ပြီး ထိုင်းပင်လယ်ကွေ့ နှင့် Andaman ပင်လယ်တို့တွင် သင်္ဘောအနည်းဆုံး(၇)စီးခန့် နစ်မြုပ်ခဲ့ ကြောင်း သိရသည်။
ထို့အပြင် ရေကြီးမှုများနှင့်အတူ ရထားများသည် မလေးရှားနိုင်ငံနယ်စပ်နှင့် ကီလိုမီတာ(၁ဝဝ)အကွာတွင်ရှိသော ယာလာပြည်နယ်တွင် ရပ်တန့်သွားခဲ့ကြောင်း ထိုင်းနိုင်ငံပိုင်မီးရထားကုမ္ပဏီက ပြောကြားခဲ့သည်။ ရေကြီးမှုများ ပိုမိုဆိုးရွားလာပါက နရာသီဝပ် နှင့် ယာလာပြည်နယ်တို့ရှိ ဒေသခံများကို ဘေးလွတ်ကင်းရာသို့ ရွှေ့ပြောင်းကြရန် အာဏာပိုင်များက တိုက်တွန်းထားကြောင်းလည်း သိရသည်။

Zawgyi Version;
ထိုင္းႏိုင္ငံေတာင္ပိုင္းတြင္ ေရႀကီးမႈမ်ားေၾကာင့္ လူေထာင္ေပါင္းမ်ားစြာ ေရေဘးသင့္ခဲ့ရ
Pika (NP News) - ဒီဇင္ဘာ ၂၆
ထိုင္းႏိုင္ငံေတာင္ပိုင္းတြင္ မိုးသည္းထန္စြာ႐ြာသြန္းမႈမ်ားႏွင့္အတူ ေရႀကီးမႈမ်ားေၾကာင့္ ကားလမ္းမ်ားႏွင့္ ရထားလမ္းမ်ား ေရနစ္ျမဳပ္ခဲ့ၿပီး လူေထာင္ေပါင္းမ်ားစြာ ေရေဘးသင့္ခဲ့ေၾကာင္း သိရသည္။
အဆိုပါေရႀကီးမႈမ်ားေၾကာင့္ စာသင္ေက်ာင္းမ်ားကိုလည္း ပိတ္ခဲ့ရသလို အခ်ိဳ႕ေဒသခံမ်ားသည္ ၎တို႔၏ ေနအိမ္ အတြင္းတြင္ ပိတ္မိေနခဲ့ေၾကာင္းလည္း သိရသည္။ မေလးရွားႏိုင္ငံနယ္စပ္အနီးတြင္ရွိေသာ ထိုင္းႏိုင္ငံေတာင္ပိုင္းရွိ နရာသီဝပ္ျပည္နယ္သည္ ေရေဘးဒဏ္အခံရဆုံး ေဒသတစ္ခုျဖစ္ခဲ့ၿပီး အခ်ိဳ႕ခ႐ိုင္မ်ားသည္ ရက္အေတာ္ၾကာ ေရနစ္ျမဳပ္ေနခဲ့ေၾကာင္း Thai PBS သတင္းစာ၏ ေဖာ္ျပခ်က္အရ သိရသည္။
ေရႀကီးမႈမ်ားျဖစ္ပြားၿပီးေနာက္ လူအမ်ားအျပားသည္ အကူအညီမ်ားကို ေတာင္းခံခဲ့ၾကၿပီး လူအခ်ိဳ႕မွာ ေရနစ္ျမဳပ္ ေနေသာ အိမ္ေခါင္မိုးမ်ားေပၚတြင္ ထိုင္ေနခဲ့ရေၾကာင္း Thai PBS က ေဖာ္ျပထားသည္။
နရာသီဝပ္ျပည္နယ္ ႏွင့္ အိမ္နီးခ်င္းယာလာျပည္နယ္တို႔တြင္ စာသင္ေက်ာင္းေပါင္း အနည္းဆုံးတစ္ဒါဇင္ခန႔္ကို ပိတ္ထားခဲ့ရေၾကာင္း သိရသည္။ အဆိုပါေဒသမ်ားရွိ ေနအိမ္မ်ား ႏွင့္ ေဈးဆိုင္မ်ား ေရနစ္ျမဳပ္ေနသည့္ ဓါတ္ပုံမ်ား ကိုလည္း ဆိုရွယ္မီဒီယာေပၚတြင္ ေတြ႕ခဲ့ရသည္။ မိုးသည္းထန္စြာ႐ြာသြန္းမႈမ်ားေၾကာင့္ ၿပီးခဲ့သည့္ ဒီဇင္ဘာလ (၂၂)ရက္မွ စတင္ၿပီး ထိုင္းပင္လယ္ေကြ႕ ႏွင့္ Andaman ပင္လယ္တို႔တြင္ သေဘၤာအနည္းဆုံး(၇)စီးခန႔္ နစ္ျမဳပ္ခဲ့ ေၾကာင္း သိရသည္။
ထို႔အျပင္ ေရႀကီးမႈမ်ားႏွင့္အတူ ရထားမ်ားသည္ မေလးရွားႏိုင္ငံနယ္စပ္ႏွင့္ ကီလိုမီတာ(၁ဝဝ)အကြာတြင္ရွိေသာ ယာလာျပည္နယ္တြင္ ရပ္တန႔္သြားခဲ့ေၾကာင္း ထိုင္းႏိုင္ငံပိုင္မီးရထားကုမၸဏီက ေျပာၾကားခဲ့သည္။ ေရႀကီးမႈမ်ား ပိုမိုဆိုး႐ြားလာပါက နရာသီဝပ္ ႏွင့္ ယာလာျပည္နယ္တို႔ရွိ ေဒသခံမ်ားကို ေဘးလြတ္ကင္းရာသို႔ ေ႐ႊ႕ေျပာင္းၾကရန္ အာဏာပိုင္မ်ားက တိုက္တြန္းထားေၾကာင္းလည္း သိရသည္။