အလှဘုရင်မဟောင်း ဟောင်ကောင်မင်းသမီးဘွန်နီလဲ့ ကိုယ့်ကိုယ်ကို သတ်သေခဲ့

 3541

ရောင်နီ (NP News) - ဒီဇင်ဘာ ၂၈

ဟောင်ကောင်မင်းသမီး၊ အလှဘုရင်မဟောင်း ဘွန်နီလဲ့တက်ခ်ရင် (၄၆ နှစ်) ဟာ ဒီဇင်ဘာ ၂၆ ရက်က ကွယ်လွန်ခဲ့ကြောင်း သိရပါတယ်။

သူမဟာ North Point ရှိ Park Belvedere နေအိမ်မှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး၊ ကိုယ့်ကိုယ်ကိုယ် မီးသွေးမီးနဲ့ရှို့ပြီး သတ်သေတယ်လို့ ယူဆရပါတယ်။ သူမသတိလစ်မေ့မြောနေတာကို သားဖြစ်သူက တွေ့ရှိခဲ့ပြီး ဒီဇင်ဘာ ၂၆ ရက်(အင်္ဂါနေ့) မွန်းလွဲ ၁ နာရီ ၁၂ မိနစ်မှာ ရဲကို တိုင်ကြားခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် သူမကို Ruttonjee ဆေးရုံ ပို့ဆောင်ခဲ့ပြီး မကြာမီ သူမ သေဆုံးကြောင်း အတည်ပြုခဲ့ပါတယ်။

သူမရဲ့နေအိမ်မှာ သတ်သေမှုစာရွက်စာတမ်းမတွေ့ရှိတာကြောင့် သေဆုံးရတဲ့အကြောင်းရင်းကို အတည်မပြုနိုင်သေးဘဲ အလောင်းကို ခွဲစိတ်စစ်ဆေးဖို့ ဆောင်ရွက်နေပါတယ်။ သူမဟာ ဒီဇင်ဘာ ၂၅ ရက်က သူမရဲ့သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့တွေ့ဆုံခဲ့သေးတာကို သူမရဲ့ Instagram ပိုစ့်တွေအရ တွေ့ရပါတယ်။

သူမဟာ Young And Dangerous 3 ဇာတ်ကားမှာ လုကြိုက်များခဲ့သလို ၁၉၉၅ ခုနှစ် ATV Miss Asia Pageant ရဲ့ ဒုတိယဆုရှင်လည်းဖြစ်ပါတယ်။

Zawgyi Version;
အလွဘုရင္မေဟာင္း ေဟာင္ေကာင္မင္းသမီးဘြန္နီလဲ့ ကိုယ့္ကိုယ္ကို သတ္ေသခဲ့
ေရာင္နီ (NP News) - ဒီဇင္ဘာ ၂၈

ေဟာင္ေကာင္မင္းသမီး၊ အလွဘုရင္မေဟာင္း ဘြန္နီလဲ့တက္ခ္ရင္ (၄၆ ႏွစ္) ဟာ ဒီဇင္ဘာ ၂၆ ရက္က ကြယ္လြန္ခဲ့ေၾကာင္း သိရပါတယ္။

သူမဟာ North Point ရွိ Park Belvedere ေနအိမ္မွာ ကြယ္လြန္ခဲ့တာျဖစ္ၿပီး၊ ကိုယ့္ကိုယ္ကိုယ္ မီးေသြးမီးနဲ႔ရႈိ႕ၿပီး သတ္ေသတယ္လို႔ ယူဆရပါတယ္။ သူမသတိလစ္ေမ့ေျမာေနတာကို သားျဖစ္သူက ေတြ႕ရွိခဲ့ၿပီး ဒီဇင္ဘာ ၂၆ ရက္(အဂၤါေန႔) မြန္းလြဲ ၁ နာရီ ၁၂ မိနစ္မွာ ရဲကို တိုင္ၾကားခဲ့တာျဖစ္ပါတယ္။ အဲဒီေနာက္ သူမကို Ruttonjee ေဆး႐ုံ ပို႔ေဆာင္ခဲ့ၿပီး မၾကာမီ သူမ ေသဆုံးေၾကာင္း အတည္ျပဳခဲ့ပါတယ္။

သူမရဲ႕ေနအိမ္မွာ သတ္ေသမႈစာ႐ြက္စာတမ္းမေတြ႕ရွိတာေၾကာင့္ ေသဆုံးရတဲ့အေၾကာင္းရင္းကို အတည္မျပဳႏိုင္ေသးဘဲ အေလာင္းကို ခြဲစိတ္စစ္ေဆးဖို႔ ေဆာင္႐ြက္ေနပါတယ္။ သူမဟာ ဒီဇင္ဘာ ၂၅ ရက္က သူမရဲ႕သူငယ္ခ်င္းေတြ၊ မိသားစုေတြနဲ႔ေတြ႕ဆုံခဲ့ေသးတာကို သူမရဲ႕ Instagram ပိုစ့္ေတြအရ ေတြ႕ရပါတယ္။

သူမဟာ Young And Dangerous 3 ဇာတ္ကားမွာ လုႀကိဳက္မ်ားခဲ့သလို ၁၉၉၅ ခုႏွစ္ ATV Miss Asia Pageant ရဲ႕ ဒုတိယဆုရွင္လည္းျဖစ္ပါတယ္။

Related news

© 2021. All rights reserved.