မုံရွာမြို့တွင် ကားတစ်စီးက ဆိုင်ကယ်အားဝင်တိုက်ပြီးမောင်းနှင်ထွက်ပြေးသွားမှုကြောင့် တစ်ဦး ထိခိုက်ဒဏ်ရာရ

677
သန့်ဇင် (NP News) - ဒီဇင်ဘာ ၂၈
စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ကားတစ်စီးက ဆိုင်ကယ်အား ဝင်တိုက်ပြီး မောင်းနှင်ထွက်ပြေးသွားမှုကြောင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာ နိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့မုံရွာမြို့ထံမှ သိရသည်။
ယာဉ်တိုက်မှုသည် ယနေ့(ဒီဇင်ဘာလ ၂၈ ရက်)၊ နံနက် ၈ နာရီခွဲအချိန်ခန့်တွင် မုံရွာမြို့၊ ဗိုလ်တေဇလမ်း၊ မန်းကျည်းအုပ်ဘုန်းကြီးကျောင်းအနီး၌ ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
“ရှေ့ကမောင်းနေတဲ့ ဆိုင်ကယ်ကို ကြက်တွေတင်လာတဲ့ကားက နောက်ကဝင်ချိတ်တာပေါ့။ သိရတာတော့ အဲဒီတိုက်တဲ့ကားက မောင်းပြေးသွားတယ်”ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်းမှတာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် မုံရွာမြို့တွင်နေထိုင်သည့် ဆိုင်ကယ်ယာဉ်မောင်းဖြစ်သူ အသက်(၆၀)ဝန်းကျင်အမျိုးသားတွင် ဦးခေါင်းထိခိုက်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ကြောင်း သိရသည်။
“အတိုက်ခံရတဲ့ ဆိုင်ကယ်ကလူက စိုးရိမ်ရတဲ့အခြေအ နေပေါ့။ သတိကရတစ်ချက်မရတစ်ချက်နဲ့။ ကျန်တာတွေတော့ သက်ဆိုင်ရာက ပဲဆက်ပြီးလုပ်နေပါတယ်။ အဲဒီလမ်းပေါ်မှာက တစ်နေ့ကို (၂)ခါ(၃)ခါလောက်ကိုဖြစ်တယ်”ဟု ၎င်းကဆက်လက်ပြောသည်။
လက်ရှိတွင် ထိခိုက်ဒဏ်ရာရှိသူအမျိုးသားအား မြန်မာ နိုင်ငံလူမှုကယ်ဆယ်ရေးအသင်းမုံရွာမြို့မှ မုံရွာမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားပြီး ယာဉ်တိုက်မှုကျူးလွန်သူအား သက်ဆိုင်ရာမှ စုံစမ်းရှာဖွေလျက်ရှိကြောင်း သိရသည်။

zawgyi version
မုံ႐ြာၿမိဳ႕တြင္ ကားတစ္စီးက ဆိုင္ကယ္အားဝင္တိုက္ၿပီးေမာင္းႏွင္ထြက္ေျပးသြားမႈေၾကာင့္ တစ္ဦး ထိခိုက္ဒဏ္ရာရ
သန႔္ဇင္ (NP News) - ဒီဇင္ဘာ ၂၈
စစ္ကိုင္းတိုင္း၊ မုံ႐ြာၿမိဳ႕တြင္ ကားတစ္စီးက ဆိုင္ကယ္အား ဝင္တိုက္ၿပီး ေမာင္းႏွင္ထြက္ေျပးသြားမႈေၾကာင့္ အမ်ိဳးသားတစ္ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ျမန္မာ ႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕မုံ႐ြာၿမိဳ႕ထံမွ သိရသည္။
ယာဥ္တိုက္မႈသည္ ယေန႔(ဒီဇင္ဘာလ ၂၈ ရက္)၊ နံနက္ ၈ နာရီခြဲအခ်ိန္ခန႔္တြင္ မုံ႐ြာၿမိဳ႕၊ ဗိုလ္ေတဇလမ္း၊ မန္းက်ည္းအုပ္ဘုန္းႀကီးေက်ာင္းအနီး၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။
“ေရွ႕ကေမာင္းေနတဲ့ ဆိုင္ကယ္ကို ၾကက္ေတြတင္လာတဲ့ကားက ေနာက္ကဝင္ခ်ိတ္တာေပါ့။ သိရတာေတာ့ အဲဒီတိုက္တဲ့ကားက ေမာင္းေျပးသြားတယ္”ဟု ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအသင္းမွတာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
အဆိုပါယာဥ္တိုက္မႈေၾကာင့္ မုံ႐ြာၿမိဳ႕တြင္ေနထိုင္သည့္ ဆိုင္ကယ္ယာဥ္ေမာင္းျဖစ္သူ အသက္(၆၀)ဝန္းက်င္အမ်ိဳးသားတြင္ ဦးေခါင္းထိခိုက္ဒဏ္ရာ ျပင္းထန္စြာရရွိခဲ့ေၾကာင္း သိရသည္။
“အတိုက္ခံရတဲ့ ဆိုင္ကယ္ကလူက စိုးရိမ္ရတဲ့အေျခအ ေနေပါ့။ သတိကရတစ္ခ်က္မရတစ္ခ်က္နဲ႔။ က်န္တာေတြေတာ့ သက္ဆိုင္ရာက ပဲဆက္ၿပီးလုပ္ေနပါတယ္။ အဲဒီလမ္းေပၚမွာက တစ္ေန႔ကို (၂)ခါ(၃)ခါေလာက္ကိုျဖစ္တယ္”ဟု ၎ကဆက္လက္ေျပာသည္။
လက္ရွိတြင္ ထိခိုက္ဒဏ္ရာရွိသူအမ်ိဳးသားအား ျမန္မာ ႏိုင္ငံလူမႈကယ္ဆယ္ေရးအသင္းမုံ႐ြာၿမိဳ႕မွ မုံ႐ြာၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးထားၿပီး ယာဥ္တိုက္မႈက်ဴးလြန္သူအား သက္ဆိုင္ရာမွ စုံစမ္းရွာေဖြလ်က္ရွိေၾကာင္း သိရသည္။