ဂျပန်ကိတ်မုန့်ဆိုင်တစ်ဆိုင် စျေးဝယ်သူတွေအပေါ် လူသိထင်ရှားသတင်းစာရှင်းလင်းပွဲလုပ်ကာ တောင်းပန်ခဲ့ရ

 3185

ရောင်နီ (NP News) - ဒီဇင်ဘာ ၂၉

ဂျပန်ကိတ်မုန့်ဆိုင် Takashimaya ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၅ ရက်၊ ခရစ်စမတ်နေ့က စတော်ဘယ်ရီ ကိတ်မုန့်မှာယူခဲ့တဲ့ဝယ်ယူသူတွေကို အိမ်ရှေ့အရောက်ကိတ်မုန့်တွေ ပို့ပေးခဲ့ပေမယ့် ကြေမွပုံပျက်ပြီး ရောက်လာ တာကြောင့် ဝယ်ယူသူတွေရဲ့အပြစ်တင်ဝေဖန်မှုတွေ ခံစားခဲ့ရပါတယ်။

အဆိုပါဖြစ်ရပ်မှာ ကိတ်မုန့်ဝယ်ယူသူအချို့က ၎င်းတို့ရဲ့ပုံပျက်နေတဲ့ ခရစ္စမတ်ကိတ်မုန့်ပုံတွေကို လူမှုကွန်ရက်မှာ တင်ခဲ့ပြီးနောက်မှာ Takashimaya ဟာ ရက်အတန်ကြာ ဝေဖန်မှုတွေ ခံစားခဲ့ရတာဖြစ်ပါတယ်။

လှပတဲ့ စတော်ဘယ်ရီသီးကိတ်မုန့်တွေဖြစ်တာကြောင့် ဝယ်ယူသူတွေကလည်း မျှော်လင့်ချက်ကြီးကြီးနဲ့ မှာယူခဲ့ တာဖြစ်ပါတယ်။ ဒါပေမယ့် ကိတ်မုန့်တွေဟာ မျှော်လင့်ထားတာနဲ့ တခြားစီဖြစ်ပြီး ပုံပျက်ပြီးမှ ရောက်လာတာ ကြောင့် ဒေါသထွက်ခဲ့ကြပါတယ်။

ကိတ်ဆိုင်ကလည်း အဲဒီနေ့က အေးခဲထားတဲ့ ကိတ်မုန့်ပေါင်း ၃ဝဝဝ နီးပါး ရောင်းချခဲ့ရပေမယ့် အဲဒီထဲက ၈ဝဝ ကျော်ဟာ အင်္ဂါနေ့ (ဒီဇင်ဘာ ၂၆ ရက်) မှာ ပျက်ဆီးပြီး ဝယ်သူတွေ လက်ထဲရောက်ထဲ့တယ်ဆိုတာ အတည်ပြု သိရှိခဲ့ရပါတယ်။ ဒီအတွက် Takashimaya က "ကျွန်ုပ်တို့ရဲ့ဖောက်တွေ မျှော်လင့်တကြီးမှာထားတဲ့ ကိတ်မုန့်တွေ ပုံပျက်သွားတဲ့အတွက် အလေးအနက်တောင်းပန်လိုပါတယ်" လို့ ကိတ်ဆိုင်ရဲ့အကြီးအကဲ ကာဇူဟီဆာယိုကိုရာမာ က နိုင်ငံလုံးဆိုင်ရာ ရုပ်မြင်သံကြား သတင်းစာရှင်းလင်းပွဲလုပ်ကာ ပြောကြားခဲ့ပါတယ်။

ပျက်စီးခဲ့တဲ့ ကိတ်မုန့်တွေအတွက် လျော်ကြေးပေး၊ မပေးကိုတော့ မသိရသေးပါဘူး။

Zawgyi Version;
ဂ်ပန္ကိတ္မုန႔္ဆိုင္တစ္ဆိုင္ ေစ်းဝယ္သူေတြအေပၚ လူသိထင္ရွားသတင္းစာရွင္းလင္းပြဲလုပ္ကာ ေတာင္းပန္ခဲ့ရ
ေရာင္နီ (NP News) - ဒီဇင္ဘာ ၂၉

ဂ်ပန္ကိတ္မုန္႔ဆိုင္ Takashimaya ဟာ ၿပီးခဲ့တဲ့ ဒီဇင္ဘာလ ၂၅ ရက္၊ ခရစ္စမတ္ေန႔က စေတာ္ဘယ္ရီ ကိတ္မုန္႔မွာယူခဲ့တဲ့ဝယ္ယူသူေတြကို အိမ္ေရွ႕အေရာက္ကိတ္မုန္႔ေတြ ပို႔ေပးခဲ့ေပမယ့္ ေၾကမြပုံပ်က္ၿပီး ေရာက္လာ တာေၾကာင့္ ဝယ္ယူသူေတြရဲ႕အျပစ္တင္ေဝဖန္မႈေတြ ခံစားခဲ့ရပါတယ္။

အဆိုပါျဖစ္ရပ္မွာ ကိတ္မုန္႔ဝယ္ယူသူအခ်ိဳ႕က ၎တို႔ရဲ႕ပုံပ်က္ေနတဲ့ ခရစၥမတ္ကိတ္မုန႔္ပုံေတြကို လူမႈကြန္ရက္မွာ တင္ခဲ့ၿပီးေနာက္မွာ Takashimaya ဟာ ရက္အတန္ၾကာ ေဝဖန္မႈေတြ ခံစားခဲ့ရတာျဖစ္ပါတယ္။

လွပတဲ့ စေတာ္ဘယ္ရီသီးကိတ္မုန႔္ေတြျဖစ္တာေၾကာင့္ ဝယ္ယူသူေတြကလည္း ေမွ်ာ္လင့္ခ်က္ႀကီးႀကီးနဲ႔ မွာယူခဲ့ တာျဖစ္ပါတယ္။ ဒါေပမယ့္ ကိတ္မုန္႔ေတြဟာ ေမွ်ာ္လင့္ထားတာနဲ႔ တျခားစီျဖစ္ၿပီး ပုံပ်က္ၿပီးမွ ေရာက္လာတာ ေၾကာင့္ ေဒါသထြက္ခဲ့ၾကပါတယ္။

ကိတ္ဆိုင္ကလည္း အဲဒီေန႔က ေအးခဲထားတဲ့ ကိတ္မုန႔္ေပါင္း ၃ဝဝဝ နီးပါး ေရာင္းခ်ခဲ့ရေပမယ့္ အဲဒီထဲက ၈ဝဝ ေက်ာ္ဟာ အဂၤါေန႔ (ဒီဇင္ဘာ ၂၆ ရက္) မွာ ပ်က္ဆီးၿပီး ဝယ္သူေတြ လက္ထဲေရာက္ထဲ့တယ္ဆိုတာ အတည္ျပဳ သိရွိခဲ့ရပါတယ္။ ဒီအတြက္ Takashimaya က "ကြၽႏ္ုပ္တို႔ရဲ႕ေဖာက္ေတြ ေမွ်ာ္လင့္တႀကီးမွာထားတဲ့ ကိတ္မုန္႔ေတြ ပုံပ်က္သြားတဲ့အတြက္ အေလးအနက္ေတာင္းပန္လိုပါတယ္" လို႔ ကိတ္ဆိုင္ရဲ႕အႀကီးအကဲ ကာဇူဟီဆာယိုကိုရာမာ က ႏိုင္ငံလုံးဆိုင္ရာ ႐ုပ္ျမင္သံၾကား သတင္းစာရွင္းလင္းပြဲလုပ္ကာ ေျပာၾကားခဲ့ပါတယ္။

ပ်က္စီးခဲ့တဲ့ ကိတ္မုန္႔ေတြအတြက္ ေလ်ာ္ေၾကးေပး၊ မေပးကိုေတာ့ မသိရေသးပါဘူး။

Related news

© 2021. All rights reserved.