ထိုင်းနိုင်ငံရောက် အထောက်အထားမဲ့ မြန်မာလုပ်သား (၉)သိန်းခန့်ကို CI ထုတ်ပေးနိုင်ရေးဆောင်ရွက်မည်

 4591

မျိုးကြီး (NP News) - ဒီဇင်ဘာ ၂၉

ထိုင်းနိုင်ငံရောက် အထောက်အထားမဲ့ မြန်မာလုပ်သား (၉)သိန်းခန့်ကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနထံမှ သိရသည်။

ထိုင်းအလုပ်ရှင်များက အမည်စာရင်းတင်သွင်းထားသော အထောက်အထားမဲ့ မြန်မာအလုပ်သမား(၉)သိန်းနီးပါးခန့်ကို မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI)နှင့် ပြည်ပအလုပ်အကိုင်ဆိုင်ရာအလုပ်သမားသက် သေခံကတ် (OWIC) ထုတ်ပေးသွားမည်ဖြစ်သည်။

မြန်မာအလုပ်သမား (၉)သိန်းနီးပါးအတွက် CI နှင့် OWIC ကို မြန်မာ-ထိုင်းနှစ်နိုင်ငံညှိနှိုင်းဆွေးနွေးချက်အရ CI ထုတ်ပေးနိုင်ရေးစခန်း (၅)ခုနှင့် Mobile Unit (၃)ခုဖွင့်လှစ်ကာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရခြင်းသည် မြန်မာအလုပ်သမားများအနေဖြင့် တရားဝင်အလုပ်လုပ်ကိုင်ခွင့်ရရှိစေရန် ရည်ရွယ်ကာ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ယင်းကဲ့သို့ဆောင်ရွက်ပေးခြင်းဖြင့် အလုပ်သမားအခွင့်အရေးများလည်း အပြည့်အဝရရှိမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုသည်။

အထောက်အထားမဲ့ မြန်မာလုပ်သားများကို CI ထုတ်ပေးမည့် လုပ်ငန်းစဉ်အား လာမည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်မှစတင်ကာ စခန်း(၅)ခု နှင့် Mobile Unit (၃)ခုတို့တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ၊ ဘန် ကောက်မြို့ရှိ မြန်မာသံရုံးက ကြေညာထားသည်။

၎င်းလုပ်ငန်းစဉ်များကို ထိုင်းနိုင်ငံရှိ စမွတ်စခွန်၊ စမွတ်ပရာကန်၊ ချွန်ပူရီ၊ ပထုံဌာနီ၊ ဆူရတ်ဌာနီ စခန်း(၅)ခုနှင့် ချင်းမိုင်၊ နခွန်စဝမ်၊ ဆုန်ခလာ Mobile စခန်း (၃)ခုတို့တွင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

zawgyi version
ထိုင္းႏိုင္ငံေရာက္ အေထာက္အထားမဲ့ ျမန္မာလုပ္သား (၉)သိန္းခန႔္ကို CI ထုတ္ေပးႏိုင္ေရးေဆာင္႐ြက္မည္
မ်ိဳးႀကီး (NP News) - ဒီဇင္ဘာ ၂၉

ထိုင္းႏိုင္ငံေရာက္ အေထာက္အထားမဲ့ ျမန္မာလုပ္သား (၉)သိန္းခန႔္ကို မည္သူမည္ဝါျဖစ္ေၾကာင္းသက္ေသခံလက္မွတ္ (CI) ထုတ္ေပးႏိုင္ေရး ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း အလုပ္သမားဝန္ႀကီးဌာနထံမွ သိရသည္။

ထိုင္းအလုပ္ရွင္မ်ားက အမည္စာရင္းတင္သြင္းထားေသာ အေထာက္အထားမဲ့ ျမန္မာအလုပ္သမား(၉)သိန္းနီးပါးခန႔္ကို မည္သူမည္ဝါျဖစ္ေၾကာင္း သက္ေသခံလက္မွတ္ (CI)ႏွင့္ ျပည္ပအလုပ္အကိုင္ဆိုင္ရာအလုပ္သမားသက္ ေသခံကတ္ (OWIC) ထုတ္ေပးသြားမည္ျဖစ္သည္။

ျမန္မာအလုပ္သမား (၉)သိန္းနီးပါးအတြက္ CI ႏွင့္ OWIC ကို ျမန္မာ-ထိုင္းႏွစ္ႏိုင္ငံညႇိႏႈိင္းေဆြးေႏြးခ်က္အရ CI ထုတ္ေပးႏိုင္ေရးစခန္း (၅)ခုႏွင့္ Mobile Unit (၃)ခုဖြင့္လွစ္ကာ ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ထိုသို႔ ေဆာင္႐ြက္ေပးရျခင္းသည္ ျမန္မာအလုပ္သမားမ်ားအေနျဖင့္ တရားဝင္အလုပ္လုပ္ကိုင္ခြင့္ရရွိေစရန္ ရည္႐ြယ္ကာ ေဆာင္႐ြက္ေပးျခင္းျဖစ္ၿပီး ယင္းကဲ့သို႔ေဆာင္႐ြက္ေပးျခင္းျဖင့္ အလုပ္သမားအခြင့္အေရးမ်ားလည္း အျပည့္အဝရရွိမည္ျဖစ္ေၾကာင္း ဝန္ႀကီးဌာနက ဆိုသည္။

အေထာက္အထားမဲ့ ျမန္မာလုပ္သားမ်ားကို CI ထုတ္ေပးမည့္ လုပ္ငန္းစဥ္အား လာမည့္ ၂၀၂၄ ခုႏွစ္ ဇန္နဝါရီလ ၄ ရက္မွစတင္ကာ စခန္း(၅)ခု ႏွင့္ Mobile Unit (၃)ခုတို႔တြင္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ထိုင္းႏိုင္ငံ၊ ဘန္ ေကာက္ၿမိဳ႕ရွိ ျမန္မာသံ႐ုံးက ေၾကညာထားသည္။

၎လုပ္ငန္းစဥ္မ်ားကို ထိုင္းႏိုင္ငံရွိ စမြတ္စခြန္၊ စမြတ္ပရာကန္၊ ခြၽန္ပူရီ၊ ပထုံဌာနီ၊ ဆူရတ္ဌာနီ စခန္း(၅)ခုႏွင့္ ခ်င္းမိုင္၊ နခြန္စဝမ္၊ ဆုန္ခလာ Mobile စခန္း (၃)ခုတို႔တြင္ ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.