ပထုန်ဌာနီခရိုင်ရှိ ကြက်ဝိုင်း၌ မြန်မာနိုင်ငံသားချင်း ဓားဖြင့်ထိုးပြီးသတ်ဖြတ်ခဲ့သူကို အခင်းဖြစ်ပြီး (၅)ရက်အကြာတွင်ဖမ်းမိခဲ့

3867
ကျော်(NP News) - ဒီဇင်ဘာ ၃၀
ထိုင်းနိုင်ငံ၊ ပထုန်ဌာနီခရိုင်၊ လတ်လွန်ကျောမြို့၊ နားမိုင်းရပ်ရှိ ကြက်ဝိုင်းတစ်ခုတွင် မြန်မာနိုင်ငံသားချင်း ဓားဖြင့်ထိုးပြီးသတ်ဖြတ်ခဲ့သူကို အခင်းဖြစ်ပြီး(၅)ရက်အကြာ၌ ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအရေးကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။

ဖြစ်စဥ်သည် ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၅ ရက်၊ ညပိုင်းက ပထုန်ဌာနီခရိုင်၊ လတ်လွန်ကျောမြို့နယ်၊ နားမိုင်းရပ်ရှိ ကြက်ဝိုင်းတစ်ခုတွင် အသက်(၂၀)နှစ်အရွယ်ခန့် နှင့်အသက်(၃၀)နှစ်အရွယ်ခန့်ရှိ မြန်မာနိုင်ငံသားနှစ်ဦး အရက်အတူသောက်ရာမှ စကားများရန်ဖြစ်ခဲ့ကြကြောင်း သိရသည်။
"ကျွန်တော်တို့သိရသလောက်ဆိုရင် ကြက်ဝိုင်းမှာပစ္စည်းပျောက်တာတွေခဏခဏဖြစ်နေတဲ့အတွက် သူတို့နှစ်ယောက်ကို ညစောင့်အိပ်ဖို့ခေါ်ထားတာလို့သိရတယ်။ အရက်မူးနေကြတော့ စကားများရာကနေ မထိန်းနိုင်ဘဲဓားထိုးမှုဖြစ်သွားတာပါ"ဟု ထိုင်းနိုင်ငံရောက်မြန်မာနိုင် ငံသားများအရေးကူညီဆောင်ရွက်ပေးနေသူ ကိုကျော်ကျော်က NP News ကိုပြောသည်။
ထိုသို့ စကားများရန်ဖြစ်ရာမှ ပြစ်မှုကျူးလွန်သူ အသက် (၃၀)နှစ်အရွယ်ခန့်ရှိ အမျိုးသားက အသက်(၂၀) နှစ်အရွယ်ခန့်ရှိ အမျိုးသားအား ဓားဖြင့်ထိုးခဲ့ရာ ဦးခေါင်း ၌ထိုးသွင်းဒဏ်ရာရရှိ၍ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
"ဓားထိုးခံရပြီးသေသွားတဲ့ကောင်လေးက အလုပ်ဝင်တာမကြာသေးဘူးတဲ့။ ဓားနဲ့ထိုးတဲ့ကောင်လေးကတော့ အခင်းဖြစ်နေရာကနေ ထွက်ပြေးသွားတာကြောင့် ရဲစခန်းက အမှုဖွင့်ပြီး သူ့ကိုဖမ်းမိဖို့အတွက် စုံစမ်းစစ်ဆေးတာတွေလုပ်ခဲ့တယ်။ ဖမ်းဆီးရမိပြီဖြစ်တဲ့အတွက် သူ့အပြစ်နဲ့သူခံရမယ့် ပြစ်ဒဏ်ကိုခံယူရမှာပါ။သေဆုံးသွားတဲ့ကောင်လေးနဲ့ပတ်သက်တဲ့လုပ်ဆောင်ပေးရမယ့်ဟာတွေကို ကျွန်တော်တို့က တတ်နိုင်သ လောက်ဝိုင်းကူပေးသွားပါ့မယ်"ဟု ကိုကျော်ကျော်က NP News ကိုပြောသည်။
ပြစ်မှုကျူးလွန်ခဲ့သည့် အသက်(၃၀)နှစ်အရွယ်ခန့်ရှိ မြန်မာနိုင်ငံသားအား အခင်းဖြစ်ပြီး (၅)ရက်အကြာ (ဒီဇင်ဘာလ ၂၉ ရက်)တွင် ချခြင်ဆောင်ခရိုင်၊ ဖနွန်စမ်ခမ်မြို့နယ်၊ ဗန်းဆောင်းရပ်ရှိ နေအိမ်တစ်လုံးရှေ့၌ ဖမ်း ဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဖမ်းဆီးရမိသူအား အမှုဖွင့်လှစ်ထားသည့် လတ်လွန်ကျော်ရဲစခန်းသို့ပို့ဆောင်ကာ သက်ဆိုင်ရာဥပဒေအရအရေးယူနိုင်ရေးအတွက် ရဲတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

zawgyi version
ပထုန္ဌာနီခ႐ိုင္ရွိ ၾကက္ဝိုင္း၌ ျမန္မာႏိုင္ငံသားခ်င္း ဓားျဖင့္ထိုးၿပီးသတ္ျဖတ္ခဲ့သူကို အခင္းျဖစ္ၿပီး (၅)ရက္အၾကာတြင္ဖမ္းမိခဲ့
ေက်ာ္(NP News) - ဒီဇင္ဘာ ၃၀
ထိုင္းႏိုင္ငံ၊ ပထုန္ဌာနီခ႐ိုင္၊ လတ္လြန္ေက်ာၿမိဳ႕၊ နားမိုင္းရပ္ရွိ ၾကက္ဝိုင္းတစ္ခုတြင္ ျမန္မာႏိုင္ငံသားခ်င္း ဓားျဖင့္ထိုးၿပီးသတ္ျဖတ္ခဲ့သူကို အခင္းျဖစ္ၿပီး(၅)ရက္အၾကာ၌ ဖမ္းဆီးရမိခဲ့ေၾကာင္း ထိုင္းႏိုင္ငံေရာက္ျမန္မာႏိုင္ငံသားမ်ားအေရးကူညီေဆာင္႐ြက္ေပးေနသူမ်ားထံမွ သိရသည္။
ျဖစ္စဥ္သည္ ၿပီးခဲ့သည့္ ဒီဇင္ဘာလ ၂၅ ရက္၊ ညပိုင္းက ပထုန္ဌာနီခ႐ိုင္၊ လတ္လြန္ေက်ာၿမိဳ႕နယ္၊ နားမိုင္းရပ္ရွိ ၾကက္ဝိုင္းတစ္ခုတြင္ အသက္(၂၀)ႏွစ္အ႐ြယ္ခန္႔ ႏွင့္အသက္(၃၀)ႏွစ္အ႐ြယ္ခန္႔ရွိ ျမန္မာႏိုင္ငံသားႏွစ္ဦး အရက္အတူေသာက္ရာမွ စကားမ်ားရန္ျဖစ္ခဲ့ၾကေၾကာင္း သိရသည္။
"ကြၽန္ေတာ္တို႔သိရသေလာက္ဆိုရင္ ၾကက္ဝိုင္းမွာပစၥည္းေပ်ာက္တာေတြခဏခဏျဖစ္ေနတဲ့အတြက္ သူတို႔ႏွစ္ေယာက္ကို ညေစာင့္အိပ္ဖို႔ေခၚထားတာလို႔သိရတယ္။ အရက္မူးေနၾကေတာ့ စကားမ်ားရာကေန မထိန္းႏိုင္ဘဲဓားထိုးမႈျဖစ္သြားတာပါ"ဟု ထိုင္းႏိုင္ငံေရာက္ျမန္မာႏိုင္ ငံသားမ်ားအေရးကူညီေဆာင္႐ြက္ေပးေနသူ ကိုေက်ာ္ေက်ာ္က NP News ကိုေျပာသည္။
ထိုသို႔ စကားမ်ားရန္ျဖစ္ရာမွ ျပစ္မႈက်ဴးလြန္သူ အသက္ (၃၀)ႏွစ္အ႐ြယ္ခန္႔ရွိ အမ်ိဳးသားက အသက္(၂၀) ႏွစ္အ႐ြယ္ခန္႔ရွိ အမ်ိဳးသားအား ဓားျဖင့္ထိုးခဲ့ရာ ဦးေခါင္း ၌ထိုးသြင္းဒဏ္ရာရရွိ၍ အခင္းျဖစ္ေနရာတြင္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
"ဓားထိုးခံရၿပီးေသသြားတဲ့ေကာင္ေလးက အလုပ္ဝင္တာမၾကာေသးဘူးတဲ့။ ဓားနဲ႔ထိုးတဲ့ေကာင္ေလးကေတာ့ အခင္းျဖစ္ေနရာကေန ထြက္ေျပးသြားတာေၾကာင့္ ရဲစခန္းက အမႈဖြင့္ၿပီး သူ႔ကိုဖမ္းမိဖို႔အတြက္ စုံစမ္းစစ္ေဆးတာေတြလုပ္ခဲ့တယ္။ ဖမ္းဆီးရမိၿပီျဖစ္တဲ့အတြက္ သူ႔အျပစ္နဲ႔သူခံရမယ့္ ျပစ္ဒဏ္ကိုခံယူရမွာပါ။ေသဆုံးသြားတဲ့ေကာင္ေလးနဲ႔ပတ္သက္တဲ့လုပ္ေဆာင္ေပးရမယ့္ဟာေတြကို ကြၽန္ေတာ္တို႔က တတ္ႏိုင္သ ေလာက္ဝိုင္းကူေပးသြားပါ့မယ္"ဟု ကိုေက်ာ္ေက်ာ္က NP News ကိုေျပာသည္။
ျပစ္မႈက်ဴးလြန္ခဲ့သည့္ အသက္(၃၀)ႏွစ္အ႐ြယ္ခန္႔ရွိ ျမန္မာႏိုင္ငံသားအား အခင္းျဖစ္ၿပီး (၅)ရက္အၾကာ (ဒီဇင္ဘာလ ၂၉ ရက္)တြင္ ခ်ျခင္ေဆာင္ခ႐ိုင္၊ ဖႏြန္စမ္ခမ္ၿမိဳ႕နယ္၊ ဗန္းေဆာင္းရပ္ရွိ ေနအိမ္တစ္လုံးေရွ႕၌ ဖမ္း ဆီးရမိခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ဖမ္းဆီးရမိသူအား အမႈဖြင့္လွစ္ထားသည့္ လတ္လြန္ေက်ာ္ရဲစခန္းသို႔ပို႔ေဆာင္ကာ သက္ဆိုင္ရာဥပေဒအရအေရးယူႏိုင္ေရးအတြက္ ရဲတပ္ဖြဲ႕ဝင္မ်ားက ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။